AIDS II (ကွန်ပျူတာ ဗိုင်းရပ်စ်)AIDS II ဗိုင်းရပ်စ်ကို ၁၉၉၁ ခုနှစ် ဧပြီလတွင် တွေ့ရှိခဲ့ကြပြီး ၎င်းဗိုင်းရပ်စ်သည် .COM ဖိုင်များကို ဦးတည်တိုက်ခိုက်သည်။ ထိုဗိုင်းရပ်စ်သည် မူလ.EXE ဖိုင်များကို မကူးစက်စေဘဲ ဗိုင်းရပ်စ် အမည်တူ .COM ဖိုင် နှင့် .EXE ဖိုင်များကို ဖြစ်ပေါ်စေသည်။ ကူးစက်ခံ .COM ဖိုင်များသည် ဗိုင်းရပ်စ်၏ အချက်အလက်များ ထည့်သွင်းခံရခြင်း အပါအဝင် နေ့ရက်အချိန်များပါ ပြောင်းလဲခံရပြီး ၈၀၆၄ ဘိုက် ရောက်သည်အထိ ကြီးမားလာစေသည်။ ကူးစက်ခံရသော .COM ဖိုင်သည်
❤Aids Virus II❤
စာသားကို မက်ဆေ့ အနေဖြင့်ဖော်ပြ ပြီးနောက် ကူးစက်ခံရသော .EXE ဖိုင်သည်
စာသားကိုဖော်ပြသည်။ မူလ .exe ဖိုင်များသည် ကူးစက်ခံရခြင်းမရှိသောကြောင့် CRC ပရိုဂရမ်ဖြင့် စစ်ဆေးမှုသည် ဗိုင်းရပ်စ်ကို မတွေ့ရှိနိုင်ပေ။ အမည်တူ .COM ဖိုင် နှင့် .EXE ဖိုင်များကို ရှာဖွေခြင်းနှင့် ၈၀၆၄ ဘိုက် ရှိသော .COM ဗိုင်းရပ်စ်ဖိုင်ကို ရှာဖွေဖျက်ထုတ်ကုစားနိုင်သည်။ အခြားကြည့်ရန် |
Portal di Ensiklopedia Dunia