Ada (ကွန်ပျူတာ ဗိုင်းရပ်စ်)Ada ဗိုင်းရပ်စ် သည် ကွန်ပျူတာ ဗိုင်းရပ်စ် တစ်ခု ဖြစ်ပြီး အာဂျင်တီးနားနိုင်ငံတွင် ၁၉၉၁ ခုနှစ် အောက်တိုဘာလတွင် တွေ့ရှိခဲ့ကြသည်။ ဗိုင်းရပ်စ်၏ သွင်ပြင်လက္ခဏာများမှာ Ada ဗိုင်းရပ်စ်သည် ကွန်ပျုတာ၏ မန်မိုရီပေါ်တွင်ခိုအောင်းနိုင်ပြီး အခြားဖိုင်များကို ကူးစက်ကာ ပြန့်ပွားစေသည်။ .COM ဖိုင်များနှင့် COMMAND.COM ကို အဓိက ပစ်မှတ်ထားသည်။[၁] ကူးစက်ခံရသော ဖိုင်များသည် ၎င်းတို့ဖိုင်များ၏အစတွင် ၂၆၀၀ ဘိုက် ထပ်မံပေါင်းထည်းခြင်းခံရပြီး ထိုဖိုင်များထဲတွင်
စာသားများပါဝင်သည်။ CHKDSK ဖြင့် စစ်ဆေးရာတွင် စစ်စတန် မန်မိုရီသည် ၂၁၃၁၂ ဘိုက်မှ၂၁၂၉၆ ဘိုက်အထိသာ ကျန်ကြောင်းတွေ့ရှိရသည်။ Ada ဗိုင်းရပ်စ်ကူးစက်ခံရသော ကွန်ပျူတာများသည် ပုံမှန်မဟုတ်သော ကွန်ပျူတာမောက်နှိပ်သည့် အသံကဲ့သို့သော အသံများ ကြားရသည်။ ကွန်ပျူတာ၏ဟာ့စ်ဒစ် နေရာလွတ်များ ကျန်နေသေးသော်လည်း နေရာလွတ်မရှိကြောင်း သတိပေးနေတတ်သည်။ ဖလော်ပီဒစ်များ နှင့် အင်တာနက်မှ ဒေါင်းလုပ်ဆွဲသောဖိုင်များမှ အများဆုံးကူးစက်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia