Garbage collection (computer science)![]() ![]() ကွန်ပျူတာသိပ္ပံ တွင် အမှိုက်သိမ်းခြင်း ( GC ) သည်အလိုအလျောက် မှတ်ဉာဏ်စီမံခန့်ခွဲမှု ပုံစံဖြစ်သည်။ အမှိုက်သိမ်းသူ သို့မဟုတ် သိမ်းဆည်းသူသည် ပရိုဂရမ် ကအသုံးမပြုတော့သော အရာဝတ္ထုများကို ဖယ်ရှားခြင်းဖြင့် မှတ်ဉာဏ်ကိုပြန်လည်ရယူရန် ကြိုးစားသည်။ အမှိုက်သိမ်းခြင်းကို အမေရိကန်ကွန်ပျူတာသိပ္ပံပညာရှင် ဂျွန်မက်ကာသီ က ၁၉၅၉ ခုနှစ်ဝန်းကျင်တွင် Lisp ပရိုဂရမ်းမင်းရှိ (ပရိုဂရမ်မာမှ တာဝန်ယူလုပ်ဆောင်ပေးရန်လိုအပ်သည့်) မှတ်ဉာဏ်စီမံခန့်ခွဲမှုစနစ်ကို လွယ်ကူစေရန်တီထွင်ခဲ့သည်။ [၂] GC စနစ်သည် မန်မိုရီမှ မည်သည့်အရာဝတ္ထုများကို ဖယ်ရှားရမည်၊ မည်သည့်အချိန်တွင်ထိုသို့လုပ်ဆောင်ရမည်ကို ပရိုဂရမ်မာများကိုယ်တိုင်စီမံနေရခြင်းမှ သက်သာစေသည်။ အမှိုက်သိမ်းဆည်းခြင်းနှင့် ဆင်တူသော နည်းစနစ်များမှ stack allocation, region inference, memory ownership, နှင့် combinations of multiple techniques တို့ဖြစ်သည်။ GC စနစ်သည် မန်မိုရီ မဟုတ်သော အခြားအရင်းအမြစ်များဖြစ်သော network sockets, database handles, user interface windows, file နှင့် device descriptor များနှင့် မသက်ဆိုင်ပါ။ ထိုကဲ့သို့သောအရင်းအမြစ်များကိုစီမံရန်အသုံးပြုသော နည်းလမ်းများ (အထူးသဖြင့် ဖျက်ဆီးသူများ)တွင်မူ မန်မိုရီကိုစီမံခန့်ခွဲသည့် စနစ်များပါဝင်ပြီး အမှိုက်သိမ်းခြင်းကို သီးခြားလုပ်ဆောင်ရန် မလိုအပ်သည့် အခြေအနေများ ရှိနိင်သည်။ အချို့သော GC စနစ်များသည် ထိုကဲ့သို့သော အရင်းအမြစ်များကို မန်မိုရီ၏အစိတ်အပိုင်းတစ်ခုနှင့် ချိတ်ဆက်ရန်ခွင့်ပြုသဖြင့် အမှိုက်သိမ်းသောအခါ ထိုအရင်းအမြစ်များကို ပြန်လည်ရယူရန်အတွက်ပါ လုပ်ဆောင်ရသည်။ နိယာမများGC စနစ်၏အခြေခံစည်းမျဉ်းများမှာ နောင်တွင်ပြန်လည်အသုံးပြုရန်မလိုအပ်သည့် ပရိုဂရမ်များမှ အရာဝတ္ထုများကို ရှာဖွေရန်နှင့် ထိုအရာဝတ္ထုများမှ အသုံးပြုထားသော အရင်းအမြစ်များကို ပြန်လည်ရယူရန်ဖြစ်သည်။ ပရိုဂရမ်းမင်းဘာသာစကား အများစုသည် GC စနစ် လိုအပ်ပြီး ထိုစနစ်တပါတည်းပါဝင်သော ပရိုဂရမ်းမင်းဘာသာစကား များကို GC စနစ်ပါဝင်သော ပရိုဂရမ်းမင်းဘာသာစကား များဟုခေါ်ဆိုသည်။ အခြားသော ပရိုဂရမ်းမင်းဘာသာစကားများမှာ ပရိုဂရမ်မာမှတာဝန်ယူလုပ်ဆောင်ပေးရသည့် GCစနစ်နှင့် ကိုက်ညီအောင် ဒီဇိုင်းဆွဲထားသည်။ သို့သော် GCစနစ်တပါတည်းပါဝင်သော အကောင်အထည်ဖော်မှုများ(implementations) လည်းရရှိနိုင်သည် (ဥပမာ၊ C နှင့် C ++ ) ။ Ada, Modula-3 နှင့် C ++ / CLI တို့ကဲ့သို့သော ဘာသာစကားများသည် မန်မိုရီတွင် ၂နေရာခွဲကာ သိမ်းဆည်းခြင်းဖြင့် တပါတည်းပါဝင်သော GCစနစ် နှင့် ပရိုဂရမ်မာမှတာဝန်ယူလုပ်ဆောင်ပေးရသည့် မန်မိုရီစီမံခန့်ခွဲမှုစနစ် ၂ မျိုးလုံးကို application တခုထဲတွင် အသုံးပြုနိုင်သည်။ D ကဲ့သို့သော ပရိုဂရမ်းမင်းဘာသာစကားများမှာမူ GCစနစ်တပါတည်းပါဝင်သော်လည်း ပရိုဂရမ်မာမှ အရာဝတ္ထုများကို တိုက်ရိုက်ဖယ်ရှားနိုင်ခြင်း၊ လုပ်ဆောင်မှု ပိုမိုမြန်ဆန်စေရန် တပါတည်းပါဝင်သော GCစနစ်အား ပိတ်ပင်ခြင်းတို့ကို လုပ်ဆောင်ခွင့်ပြုထားသည်။ အားသာချက်များGCစနစ်သည် မန်မိုရီနေရာရှင်းလင်းခြားကို ပရိုဂရမ်မာကိုယ်တိုင်စီမံနေရခြင်းမှ သက်သာစေသည်။ ရလဒ်အနေနှင့်အချို့သော bug များပါ ကင်းစင်(သို့မဟုတ်)လျော့နည်းသွားစေသည်။
အားနည်းချက်များGCစနစ်တွင် အရင်းအမြစ်များ ပိုမိုသုံးစွဲခြင်း၊ စွမ်းဆောင်ရည်အားထိခိုက်ခြင်း၊ ပရိုဂရမ်အလုပ်လုပ်ဆောင်ရာတွင် ရပ်တန့်စေခြင်း၊ ပရိုဂရမ်မာကိုယ်တိုင်လုပ်ဆောင်ရန်လိုသည့် အရင်းအမြစ်စီမံခန့်ခွဲမှုများနှင့် သဟဇာတမဖြစ်ခြင်း စသည့်အားနည်းချက်များရှိသည်။
ကိုးကား
|
Portal di Ensiklopedia Dunia