HTTP cookie![]() HTTP ကွတ်ကီး (ဝဘ် ကွတ်ကီး၊ အင်တာနက် ကွတ်ကီး၊ ဘရောက်ဆာ ကွတ်ကီး (သို့) ရိုးရှင်းစွာဖြင့် ကွတ်ကီး ဟုလည်းခေါ်သည်) သည် ဝဘ် အသုံးပြုစဉ် အသုံးပြုသူ၏ ဝဘ်ဘရောက်ဆာတွင် သိမ်းဆည်းထားသည်များ နှင့် ဝဘ်ဆိုက်မှ ပို့လိုက်သည့် သေးငယ်သည့် အချက်အလက်အပိုင်းအစတစ်ခု ဖြစ်သည်။ ဝဘ်ဆိုက်များတွင် စိတ်ချယုံကြည်ရသည့် ယန္တရားတစ်ခု ဖြစ်စေရန် ကွတ်ကီးကို အသုံးပြုကြသည်။ ကွတ်ကီးသည် ဝဘ်ဆိုက်များကို အချက်အလက်များ၊ ဈေးဝယ်ကဒ်များ၊ အသုံးပြုသူ၏ လုပ်ဆောင်ချက်များ၊ ယခင်က ကြည့်ရှုဖူးသည့် စာမျက်နှာများစာမျက်နှာများ စသည်တို့ကို မှတ်သားထားသည်။ ထို့ပြင် အသုံးပြုသူ၏ ယခင်ကထည့်သွင်းခဲ့သည့် အမည်၊ လိပ်စာ၊ စကားဝှက်၊ အကြွေးဝယ်ကဒ်နံပါတ် စသည့်အချက်အလက်များကို လိုချင်သလို မှတ်သားထားနိုင်သည်။ အခြား ကွတ်ကီးအမျိုးအစားတို့သည် ခေတ်သစ် ဝဘ်နည်းပညာတွင် အရေးပါသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်သည်။ စစ်မှန်မှု သက်သေခံ ကွတ်ကီးများ (Authentication Cookies) သည် ဝဘ်ဆာဗာများမှ အသုံးအများဆုံး ကွတ်ကီးများဖြစ်သည်။ ၎င်းတို့ကို အသုံးပြုသူ၏ လော့အင်ဝင်ရောက်နေခြင်း ရှိမရှိကို သိရှိနိုင်ရန် အသုံးပြုသည်။ ထိုကဲ့သို့သောနည်းလမ်းကို အသုံးပြုခြင်းမရှိပါက ဝဘ်ဆိုက်သည် အသုံးဝင်သည့်အချက်အလက်များ၊ အသုံးပြုသူ၏ လော့အင်ဝင်ရောက်ခြင်း ရှိ/မရှိကို သိနိုင်လိမ့်မည်မဟုတ်ပေ။ ထိုစစ်မှန်မှု သက်သေခံ ကွတ်ကီးများ၏ လုံခြုံမှုသည် ဝဘ်ဆိုက်နှင့် အသုံးပြုသူ၏ ဝဘ်ဘရောက်တို့၏ လုံခြုံရေးပေါ်တွင် မှီခိုသည်။ လုံခြုံရေးအားနည်းချက်များရှိပါက ဟက်ကာများသည် ကွတ်ကီးများကို အသုံးပြုပြီး အသုံးပြုသူ၏ အချက်အလက်များကို ရယူနိုင်ပေသည်။[၁] နောက်ယောင်ခံ ကွက်ကီး(Tracking Cookie) နှင့် Third party cookie တို့သည် အမျိုးမျိုးသော ကြည့်ရှုမှု ရာဇဝင်ကို သိရှိနိုင်သည့် အသုံးများသော နည်းလမ်းများဖြစ်သည်။[၂] ဂူဂယ်၏ သုညစီမံကိန်း(Project Zero) လေ့လာရှာဖွေသူဖြစ်သည့် ဂျန်းဟွန်းက ကွတ်ကီးများသည် ကြားခံများဖြစ်သည့် ဝိုင်ဖိုင်ထောက်ပံ့သူများက ဖတ်ရှုနိုင်ကြောင်း၊ ထို့ကြောင့် သူသည် ယင်းကဲ့သို့ အခြေအနေအချိန်အခါမျိုးတွင် ဘရောက်ဆာများကို Incognito mode ဖြင့် အသုံးပြုရန် အကြံပြုထားသည်။ သမိုင်းကြောင်းဗျုပ္ပတ်ကွတ်ကီး (Cookie) ဆိုသည့် စကားလုံးကို ဝဘ်ဘရောက်ဆာ ပရိဂရမ်မာတစ်ဦးဖြစ်သည့် လု မွန်တူလီ (ou Montulli) က တီထွင်၍ ခေါ်ဝေါ်ခဲ့သည်။ ထိုစကားလုံးသည် ‘Magic Cookie’ ဆိုသော ဝေါဟာရမှ ဆင်းသက်လာ၏။ Magic Cookie ဆိုသည်မှာ ဒေတာ အစီအစဉ်တစ်ခုဖြစ်ပြီး Unix ပရိဂရမ်မာများ အသုံးပြုကြသည်။
ကိုးကား
|
Portal di Ensiklopedia Dunia