ကမ္ဘာ့အသည်းရောင်ရောဂါနေ့

ကမ္ဘာ့အသည်းရောင်ရောဂါနေ့မှာ ဇူလိုင် ၂၈ ရက်နေ့ဖြစ်သည်။

လူပေါင်း ၁ဝ သန်းဟာ မူးယစ်ဆေး တရားမဝင်ထိုးရာကနေ အသည်းရောင် စီပိုး ကူးစက်ခံနေကြရပြီး ၁.၂ သန်းမှာ ဘီပိုး ကူးစက်ခံထားရတယ်။

ဒီဆိုးဝါးလှတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် အသက်သေတဲ့အထိ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် သွေးကတဆင့် ကူးစက်မှု လျော့ကျစေအောင် နဲ့ ကုသစရိတ် နည်းပါအောင် လုပ်ဖို့ လိုအပ်နေတယ်။

မူးယစ်ဆေး ထိုးရာကနေ စီပိုး ကူးစက်မှုကြောင့် ကုန်ကျစရိတ်ဟာ ဒီနည်းလမ်းနဲ့ ကူးစက်တဲ့ HIV အဆပေါင်းများစွား များနေတယ်။ British journal Lancet ထုတ်ပြန်ချက်အရ ကမ္ဘာမှာ မူးယစ်ဆေးထိုးသူ ၃ ပုံ ၂ ပုံမှာ HVC စီးပိုး ကူးစက်နေကြတယ်။ သူတို့ထဲက ၈ဝ% ဟာ နာတာရှည် အသည်းရောင်တာ ဖြစ်မယ်။ ၁၁% ဟာ အသည်းခြောက်ရောဂါ ရမယ်။ နောက် အသည်း အလုပ်မလုပ်နိုင်ဘဲ အသည်းကင်ဆာပါ ဖြစ်စေနိုင်တယ်။ စီပိုး ကာကွယ်ဆေး အခုထိ မပေါ်သေးပါ။

မူးယစ်ဆေး ထိုးတဲ့သူတွေနေတဲ့ နိုင်ငံပေါင်း ၇၇ နိုင်ငံက ကိန်းဂဏန်းတွေ စုစည်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ တချို့ တိုင်းပြည်တွေမှာ ကူးစက်နှုန်း ၆ဝ ကနေ ၈ဝ% ရှိတယ်။ စပိန် ၈ဝ%၊ နော်ဝေ ၇၆%၊ ဂျာမနီ ၇၅%၊ ပြင်သစ် ၆၄%၊ အမေရိကား ၇၃%၊ တရုပ် ၆၇% နဲ့ ကနေဒါ ၆၄%။

၁၂ နိုင်ငံမှာ ဒိထက် များတယ်။ အီတလီ၊ ပေါ်တူဂယ်လ်၊ ပါကစ္စတန် တို့မှာ ၈ဝ% ကျော်တယ်။ ထိုင်း၊ မက်ဆီကို နဲ့ နယ်သာလန်မှာ ၇၉% ရှိတယ်။ ယူနိုက်တက်-ကင်းဒမ်း၊ နယူးဇီလန် နဲ့ ဩစတြေးလျတို့မှာ အနည်းဆုံး။ ဒါတောင် ၅ဝ% ကျော်လောက်တယ်။

Hepatitis B virus (HBV) က သွေးကနေရောက လိင်လမ်းကရော မအေကနေ ကလေးကိုပါ ကူးစက်တယ်။ ကမ္ဘာလုံးမှာ လူပေါင်း သန်း ၃၅ဝ မယ် ကူးစက်ခံနေကြရတယ်။ အများစုကြီးက ကလေးဘဝကတည်းက ကူစက်ခံကြရတာ ဖြစ်တယ်။ ဒါကြောင့် မွေးတဲ့ ကလေးတိုင်းကို ဘီ ကာကွယ်ဆေး တကမ္ဘာလုံးမှာ ထိုးရတယ်။

HBV ဘီပိုးဟာ ကင်ဆာဖြစ်စေတာမှာ ဆေးလိပ် (တိုဘက်ကို) ပြီးနောက် ဒုတိယလိုက်တယ်။ ဒီ ဘီပိုးကနေ Cirrhosis အသဲခြောက် ရောဂါ နဲ့ Liver cancer အသဲကင်ဆာဖြစ်စေတယ်။ WHO အဆိုအရ တနှစ်မှာ လူ ၆ သိန်းသေဆုံးနေရတယ်။

ကူးစက်နှုန်း ပြောရရင် ၂၁ နိုင်ငံမှာ ၅-၁ဝ % ရှိပြီး၊ ၁ဝ နိုင်ငံမှာ ၁ဝ% ကျော်တယ်။ အများဆုံးက ဗီယက်နမ် ၂ဝ%၊ အက်စ်တိုးနီးယား ၁၉%၊ ဆော်ဒီ-အာရေးဗီးယား ၁၈% နဲ့ တိုင်ဝမ် ၁၇% ရှိကြတယ်။[]

ကိုးကား

  1. https://doctortintswe.blogspot.com/2017/07/world-hepatitis-day.html
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya