ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့Myanmar Unicode and NLP Research Centre သည် NGO (non-governmental organization)ဖြစ်သလို၊ NPO (non-profit organization)ဟုခေါ်သော ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အတိုကောက် အခေါ် Myanmar NLP ဟု ဖြစ်သည်။
အဖွဲ့၏ ရည်ရွယ်ချက်NLP နယ်ပယ်ဆိုင်ရာ သဘောထား အမြင်နှင့် သတင်းအချက်အလက် အရင်းအမြစ်များ ဖလှယ်နိုင်ရန်။ NLP နယ်ပယ်၌ ကျွမ်းကျင်သူပညာရှင်များ၊ နည်းပညာများ နှင့် အသိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်။ NLP နယ်ပယ်ဆိုင်ရာ ပူးပေါင်းသုတေသနပြုမှုများ ပိုမိုတိုးမြင့်လာစေရန်။ အဖွဲ့၏ ပင်မလုပ်ငန်းစဉ်Myanmar NLP Lab ၏ အဓိက Project မှာ ကွန်ပျူတာဘာသာပြန်စနစ်(Machine Translation) ဖြစ်သည်။ ထို့အပြင် ကွန်ပျူတာဘာသာပြန်စနစ်အတွက် လိုအပ်သော Project များဖြစ်သည့် Word Segmentation၊ Annotated Parallel Corpus၊ Translation Memory နှင့် OCR တို့ကိုလည်း ပူးတွဲ လုပ်ဆောင်လျက် ရှိသည်။ နောက်ခံသမိုင်းMyanmar NLP ကို ၂၀၀၃-ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့ဝင် (၁၇)ဦးနှင့် စတင်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် Pentium IV Server တစ်လုံး၊ Pentium IV ကွန်ပျူတာ(၆)လုံးနှင့် လုပ်ငန်းစတင်ခဲ့သည်။ ၂၀၀၄-ခုနှစ်၊ ဇူလိုင်လတွင် Pentium IV Server တစ်လုံးကို ထပ်မံတပ်ဆင်ခဲ့ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရှိ Incubation Center မှာ မြန်မာ ယူနီကုဒ်စနစ်ကို စတင် အကောင်အထည် ဖော်သည်။ အချိန်ပြည့် ပရိုဂရမ်မာ (၃)ဦး၊ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ရ (၃)ဦးနှင့် မဟာဝိဇ္ဇာတန်းတက်ရောက်နေသူ (၃)ဦးတို့ဖြင့် အဆိုပါ လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြန်မာစာတတ်မြောက်သူတိုင်း ကွန်ပျူတာကို အသုံးပြုနိုင်၍ သတင်းအချက်အလက်များ ရယူအသုံးချနိုင်ရန်၊ နယ်ပယ် အသီးသီးတွင် ကွန်ပျူတာသုံးစနစ်များကို မြန်မာဘာသာဖြင့် အသုံးချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ရန် ကျန်ရှိနေသော လုပ်ငန်းများဖြစ်သည့် စာလုံးပေါင်းသတ်ပုံ စစ်ဆေးခြင်း၊ ကမ္ဘာသုံးဘာသာစကားအမျိုးမျိုးကို မြန်မာဘာသာသို့ ကွန်ပျူတာဖြင့် ဘာသာပြန်ဆိုခြင်း၊ စသည်တို့ကို လုပ်ဆောင်နိုင်သည့် အဆင့်မြင့်မြန်မာစာသုံးစနစ်ကို ပိုမို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ရုံး၏ ၁၄-၁၁-၂၀၀၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၅/၂၀၀၅ ဖြင့် အီလက်ထရောနစ် အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန၊ ဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးစီးသော ကွန်ပျူတာသုံး မြန်မာစာစံနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းပေးခဲ့သည်။[၁][လင့်ခ်သေ] ဦးဆောင်သူများမြန်မာတစ်မျိုးသားလုံးအသုံးပြုရန် စံအဖြစ်လုပ်ဆောင်ကြရသည်ဖြစ်သောကြောင့် မြန်မာယူနီကုတ်ဖြစ်မြောက်ရေးအဖွဲ့တွင် နည်းပညာအရရော၊ မြန်မာစာစနစ်ဆိုင်ရာအတွက်ပါ မြန်မာစာအဖွဲ့မှ တတ်ကျွမ်းသူ ပညာရှင်များနှင့် ဖွဲ့စည်းထားခဲ့သည်။ မြန်မာစာအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်၊ မြန်မာစာအဖွဲ့ဝင် ဦးထွန်းတင့် ၊ သမိုင်းအဖွဲ့ဝင် ဦးသော်ကောင်းတို့ ပါဝင်ကြသည်။ ကွန်ပျူတာနည်းပညာအတွက် ပညာရှင်များဖြစ်သော ဦးသိန်းထွဋ်၊ ဦးဇော်ထွဋ်၊ ဦးငွေထွန်း၊ ဦးဝေလင်းကျော် တို့က စိတ်ရောကိုယ်ပါ ယနေ့တိုင် အကူအညီပေး ဆောင်ရွက်လျက် ရှိကြသည်။ အတွင်းရေးမှူးမှာ ဒေါက်တာ ဒေါ်မြင့်မြင့်သန်း ဖြစ်သည်။ Myanmar NLP ကို အောက်ပါ ပညာရှင်များဖြင့် ဖွဲ့စည်းထားခဲ့သည်။ Supervising and Advisory Groupဦသိန်းဦး ဒေါက်တာကျော်သိန်း ဒေါက်တာ ဒေါ်မြင့်မြင့်သန်း အခြားအဖွဲ့ဝင်များဦးသော်ကောင်း ဦးထွန်းတင့် ဦးသောင်းတင် ဦးအောင်ဇော်မြင့် Zaw Htut (a) Steven Htut ငွေထွန်း ထွန်းထွန်းလွင် သန့်ဇင်ဦး ကျော်လင်း လုပ်ငန်းအစီအစဉ်(က) အခြေခံ မြန်မာစာသုံးစနစ် Basic Language Support (Enabling Kit)
(ခ) အဆင့်မြင့် မြန်မာစာသုံးစနစ် အဆင့်(၁) Advanced Support Level 1
(ဂ)အဆင့်မြင့် မြန်မာစာသုံးစနစ် အဆင့်(၂) Advanced Support Level 2
(ဃ) အဆင့်မြင့် မြန်မာစာသုံးစနစ် အဆင့်(၃) Advanced Support Level 3
အောင်မြင်စွာ ပြီးစီးခဲ့သော လုပ်ဆောင်ချက်များ
ရယူနိုင်သော ကွန်ပျူတာသုံးစနစ်များကွန်ပျူတာသုံး မြန်မာစာနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့မှ ထုတ်လုပ်ထားသော ကွန်ပျူတာသုံးစနစ်များကို အများပြည်သူ အသုံးပြုနိုင်ရန် ဖြန့်ချိထားသည်။ အဆိုပါ စနစ်များကို ဒေါင့်လုတ်ခ် 2 October 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . ရယူနိုင်သည်။ ဝက်ဘ်ဆိုဒ်Myanmar NLP Webiste 17 July 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . |
Portal di Ensiklopedia Dunia