ခရာကျသော မျိုးစိတ်များ![]() ![]() ခရာကျသော မျိုးစိတ်ဆိုသည်မှာ ၎င်းတို့ပေါများကြွယ်ဝစွာ တည်ရှိမှုနှင့်စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်အပေါ်သို့ အချိုးမညီမျှမှုများ သက်ရောက်စေနိုင်သော မျိုးစိတ်တစ်ခုဖြစ်ပြီး ၁၉၆၉ ခုနှစ်၌ သတ္တဗေဒပညာရှင်ဖြစ်သည့် ရောဘတ် ထရိ ပိန်း (Robert T. Paine) ဆိုသူမှ မိတ်ဆက်ခဲ့သော ဂေဟဗေဒဆိုင်ရာ အယူအဆတစ်ခုဖြစ်သည်။ ခရာကျသော မျိုးစိတ်များသည် ဂေဟစနစ် အသိုက်အဝန်းတစ်ခု၏ ဖွဲ့စည်းမှုပုံစံကို ထိန်းသိမ်းရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပြီး ဂေဟစနစ်အသိုက်အဝန်းအတွင်းရှိ အခြားသောသက်ရှိများစွာအပေါ် သက်ရောက်မှုရှိစေကာ နေထိုင်ရာရပ်ဝန်းအတွင်းရှိ အခြားသောမျိုးစိတ်အမျိုးမျိုး၏ အမျိုးအစားနှင့် အရေအတွက်ကို ဆုံးဖြတ်ရာ၌လည်း အကူအညီဖြစ်စေသည်။ ခရာကျသော မျိုးစိတ်များမရှိလျှင် ဂေဟစနစ်သည် သိသိသာသာကွဲပြားသွားလိမ့်မည် သို့မဟုတ် လုံး၀တည်ရှိနေလိမ့်မည်မဟုတ်ပေ။ ဝံပုလွေကဲ့သို့သော အချို့သော ခရာကျသော မျိုးစိတ်များမှာ ထိပ်တန်းသားရဲများလည်းဖြစ်နေလေသည်။ ဂေဟစနစ်တစ်ခုတွင် ခရာကျသော မျိုးစိတ်များ၏ အခန်းကဏ္ဍသည် မုခ်ခုံးတစ်ခုတွင်ပါရှိသော ခရာကျသော ထိပ်စီးကျောက်တုံး၏ အခန်းကဏ္ဍနှင့်ဆင်တူသည်။ ထိပ်စီးကျောက်တုံးသည် မုခ်ခုံးတစ်ခုရှိ ကျောက်တုံးများ၏ ဖိအားအနည်းဆုံးအောက်တွင်ရှိနေသော်လည်း ၎င်းမပါဝင်ပါက မုခ်ခုံးသည် ပြိုကျသွားမည်ဖြစ်သည်။ အလားတူပင် ထိုမျိုးစိတ်များသည် ဇီဝဒြပ်ထု သို့မဟုတ် ထုတ်လုပ်မှု စွမ်းအား တိုင်းတာမှုဖြင့် ဂေဟစနစ်၏ သေးငယ်သောအစိတ်အပိုင်းဖြစ်ခဲ့သော်လည်း ခရာကျသော မျိုးစိတ်များကို ဖယ်ရှားပါက ဂေဟစနစ်တစ်ခုသည် သိသိသာသာပြောင်းလဲမှုကို ကြုံတွေ့ရနိုင်သည်။ ၎င်းသည် အထင်ကရ မျိုးစိတ်များနှင့် လွှမ်းမိုးချုပ်ကိုင်သော မျိုးစိတ်များနှင့်အတူ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဇီဝဗေဒ ဘာသာရပ်တွင် ရေပန်းစားသော အယူအဆတစ်ခု ဖြစ်လာခဲ့သည်။ သမိုင်းကြောင်းခရာကျသော မျိုးစိတ်များဆိုင်ရာ အယူအဆကို သတ္တဗေဒပညာရှင် ရောဘတ် ထရိ ပိန်း (Robert T. Paine) မှ ၁၉၆၉ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။[၁][၂] ရောဘတ် ထရိ ပိန်းသည် ကြယ်ငါးများ နှင့် ဂုံးကောင်များ အပါအဝင် ဒီရေမြင့်ချိန်နှင့် ရေနိမ့်ပိုင်းမျဉ်းအကြားရှိ ဇုံမှ ရေငန်နေ ကျောရိုးမဲ့ သတ္တဝါများနှင့် ပတ်သက်သော ၎င်း၏ လေ့လာတွေ့ရှိချက်များနှင့် စမ်းသပ်မှုများကို ရှင်းပြရန် ထိုအယူအဆကို တီထွင်ခဲ့သည်။ သူသည် ကြယ်ငါးများကို ဧရိယာတစ်ခုမှ ဖယ်ရှားကြည့်၍ ဂေဟစနစ်အပေါ်သက်ရောက်မှုများကို မှတ်တမ်းတင်ခဲ့သည်။[၃] သူ၏ ၁၉၆၆ ခုနှစ်တွင် ရေးသားတင်သွင်းခဲ့သည့် စာတမ်းများဖြစ်သော Food Web Complexity နှင့် Species Diversity တွင် ရောဘတ် ထရိ ပိန်းသည် ဝါရှင်တန် ရှိ Makah ပင်လယ်အော်တွင် ထိုကဲ့သို့သောစနစ်ကို ဖော်ပြခဲ့သည်။[၄] သူ၏ ၁၉၆၉ ခုနှစ် စာတမ်းတွင် ရောဘတ် ထရိ ပိန်းသည် အဓိကဥပမာအနေဖြင့် Pisaster ochraceus ကြယ်ငါးမျိုးစိတ်များနှင့် ကုံးမျိုးစိတ်ဖြစ်သော Mytilus californianus ကို အသုံးပြုကာ ခရာကျသော မျိုးစိတ်အယူအဆကို အဆိုပြုခဲ့သည်။[၁] Ocher ကြယ်ငါးသည် ယေဘုယျဆန်သော သားရဲမုဆိုးဖြစ်ပြီး chitons၊ limpets၊ ခရုများ၊ barnacles၊ echinoids နှင့် decapod crustacea တို့ကိုပင် စားသုံးလေ့ရှိသည်။ ရောဘတ် ထရိ ပိန်းသည် ocher starfish ကို ဂေဟစနစ်မှ ဖယ်လိုက်သောအခါ ဂုံးများသည် အခြားမျိုးစိတ်များထက် လျင်မြန်စွာ ကြီးထွားလာသည်ကို တွေ့ရှိခဲ့လေသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်း အခန်းကဏ္ဍတွင် ထိုအယူအဆသည် ရေပန်းစားလာခဲ့ပြီး ခရာကျသော မျိုးစိတ် သားရဲတိရစ္ဆာန်များကို ဖယ်ရှားခြင်းကဲ့သို့သော လူသားများ၏ လုပ်ဆောင်မှုများကြောင့် ဂေဟစနစ်ကို ပျက်စီးစေသည့်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ရန် လှုံဆော်ရာ၌ အထောက်အကူဖြစ်စေခဲ့သည်။[၅][၆] အဓိပ္ပါယ်ဖွင့်ဆိုချက်ခရာကျသော မျိုးစိတ်တစ်ခုအား ရောဘတ် ထရိ ပိန်းမှ ၎င်း၏ ကြွယ်ဝမှုနှင့် ဆက်စပ်၍ ၎င်း၏ပတ်ဝန်းကျင်အပေါ် အချိုးမညီမျှစွာ သက်ရောက်မှုကြီးမားသော မျိုးစိတ်တစ်ခုအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။[၇] ၎င်းကို ၂၀၀၃ ခုနှစ်တွင် Davic ဆိုသော သိပ္ပံပညာရှင်မှ "မျိုးစိတ်ကွဲပြားမှုနှင့် ပြိုင်ဆိုင်မှု အပေါ် မှ အောက်သို့ သက်ရောက်မှုရှိသည့် ပြင်းထန်စွာ အပြန်အလှန်တုံ့ပြန်သောမျိုးစိတ်များ" အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပြီး ရှင်သန်ကျက်စားရာအုပ်စုအတွင်း ၎င်း၏ဇီဝဒြပ်ထုကြီးစိုးမှုနှင့် ဆက်စပ်မှုမှာကြီးမားလေသည်။ ![]() ဂေဟစနစ် အင်ဂျင်နီယာများခရာကျခြင်းနှင့် တွဲဖက်၍ သုံးစွဲသော ဝေါဟာရမှာ ဂေဟစနစ် အင်ဂျင်နီယာဖြစ်သည်။[၅] မြောက်အမေရိကတွင် လွင်ပြင်ခွေးများသည် ဂေဟစနစ်အင်ဂျင်နီယာများဖြစ်သည်။ လွင်ပြင်ခွေး တွင်းပေါက်များသည် တောင်ပေါ်နေ ပလိုဗာ ငှက်များနှင့် တွင်းအောင်းဇီးကွက်များအတွက် အသိုက်ပြုလုပ်ရာ နေရာများဖြစ်သည်။ လွင်ပြင်ခွေးများ၏ လိုင်ခေါင်းစနစ်များသည် စိမ့်ကျခြင်းနှင့် တိုက်စားခြင်းမှ ကာကွယ်ရန် မိုးရေကို ရေဝေရေလဲနေရာထဲသို့ ပို့ဆောင်ရာတွင်လည်း ကူညီပေးပြီး စားကျက်နေရာပြောင်းလဲမှု ရလဒ်ဖြစ်စေသည့် လေဝင်လေထွက်နှင့် ပြောင်းပြန်လှန်ခြင်းဖြင့် မြေဆီလွှာ၏ဖွဲ့စည်းမှုကို ပြောင်းလဲရာ၌လည်း အရေးပါသည်။[၈][၉] ![]() ဘီဗာရှဉ့်ဝံသည် လူသိများသော ဂေဟစနစ်အင်ဂျင်နီယာ မျိုးစိတ်ဖြစ်ပြီး ခရာကျသော မျိုးစိတ်လည်း ဖြစ်သည်။ ၎င်းသည် ၎င်း၏နယ်မြေကို စမ်းချောင်းတစ်ခုအား ရေကန် သို့မဟုတ် စိမ့်ကန်တစ်ခုအဖြစ် ပြောင်းလဲသည်။ ဘီဗာများသည် ၎င်းတို့၏ ဆည်များအတွက် အသုံးပြုရန်အတွက် ရှေးဦးစွာ သစ်ပင်အဟောင်းများကို ခုတ်လှဲခြင်းဖြင့် မြစ်ကမ်းရိုးတန်း ဒေသများ၏ အစွန်းများကို ပြောင်းလဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါသည်။ သို့ရာတွင် ငယ်ရွယ်တဲ့သစ်ပင်တွေကို နေရာယူနိုင်စေတယ်။ ဘီဗာ ဆည်များသည် ၎င်းတို့တည်ဆောက်ထားသော မြစ်ကြောင်းဧရိယာကို ပြောင်းလဲစေသည်။ မြေမျက်နှာသွင်ပြင်၊ မြေဆီလွှာနှင့် အကြောင်းရင်းများစွာပေါ် မူတည်၍ ဤရေကာတာများသည် ချောင်းများနှင့် မြစ်ကမ်းရိုးတန်းအစွန်းများကို စိုစွတ်သောမြေများ၊ မြက်ခင်းများ၊ သို့မဟုတ် မြစ်ချောင်း သစ်တောများအဖြစ်သို့ ပြောင်းလဲပေးပါသည်။ ဤရေကာတာများသည် ကုန်းနေရေနေသတ္တဝါများ၊ ဆော်လမွန်နှင့် သီချင်းငှက်များ အပါအဝင် မျိုးစိတ်ပေါင်းများစွာအတွက် အကျိုးပြုကြောင်းပြသနေလေသည်။[၁၀] ကိုးကား
|
Portal di Ensiklopedia Dunia