ဇူလိုင် ၂၀၁၈ လကြတ်ခြင်းTotal eclipse |
 |
 Chart of the eclipse; ecliptic north is up, hourly motion shown right to left |
နေ့စွဲ | ၂၇ ဇူလိုင် ၂၀၁၈ |
---|
Gamma | +0.1168 |
---|
Magnitude | 1.6087 |
---|
Saros cycle | 129 (38 of 71) |
---|
Catalog | LE2018Jul27T |
---|
ကြာမြင့်ချိန် |
---|
အပြည့် | 102 minutes, 57 seconds |
---|
တစိတ်တပိုင်း | 234 minutes, 32 seconds |
---|
Penumbral | 373 minutes, 48 seconds |
---|
Contacts (UTC) |
---|
P1 | 17:14:49 |
---|
U1 | 18:24:27 |
---|
U2 | 19:30:15 |
---|
Greatest | 20:21:44 |
---|
U3 | 21:13:12 |
---|
U4 | 22:19:00 |
---|
P4 | 23:28:39 |
---|
|
← ဇန်နဝါရီ ၂၀၁၈ ဇန်နဝါရီ ၂၀၁၉ → |
လအပြည့်ကြတ်ခြင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့မြင်ခဲ့ရသည်။ လသည် ကမ္ဘာ့အရိပ်၏ အလယ်ဗဟိုသို့ ဖြတ်သန်း၍ သွားမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်နောက်ပိုင်း ဤသည်မှာ ပထမဆုံးဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းတွင်တော့ ဒုတိယအကြိမ်မြောက် လကြတ်ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ကဖြစ်သည်။
လသည် ကမ္ဘာနှင့် အဝေဆုံးအကွာအဝေးသို့ ရောက်ရှိနေချိန်တွင် လကြတ်ခြင်းဖြစ်ပေါ်ခဲ့ရာ လသည် ပုံမှန်အရွယ်အစားထက် သေးငယ်၍နေမည်ကို တွေ့ရပြီး(ဤကဲ့သို့ လအဝေးဆုံးသို့ရောက်၍ သေးငယ်နေဟန် ဖြစ်စဉ်ကို မိုက်ခရိုမွန်း ဟုခေါ်သည်။)[၁][၂] ကမ္ဘာအား အနှေးဆုံးသောအရှိန်ဖြစ် လည့်ပတ်၍နေသည်။[၃] ဤလကြတ်ခြင်းမှာ ၂၁ ရာစုတွင် အချိန်အကြာဆုံး လအပြည့်ကြတ်ခြင်းဖြစ်သည်။[၃] ကြာမြင့်ချိန်မှာ ခန့်မှန်း ၁ နာရီ ၄၃ မိနစ်ခန့်ရှိမည်ဖြစ်သည်။[၄][၅][၆][၇] သီအိုရီစံအရ လကြတ်ခြင်းမှာ ၁ နာရီ ၄၃ မိနစ်ရှိသော်လည်း လအား ကမ္ဘာ၏အရိပ်သည် တစိတ်တပိုင်းအားဖြင့် လေးနာရီကြာမျှ ဖုံးလွှမ်းထားခဲ့သည်။[၈]
ဤလကြတ်ခြင်းသည် နှစ် ၂၅,၀၀၀ မှ တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသော ကမ္ဘာနှင့်အနီးနိုင်ဆုံးနေရာသို့ အင်္ဂါဂြိုဟ်ပူးကပ်ခြင်းဖြစ်စဉ်နှင့်လည်း ကြုံကြိုက်ခဲ့သည်။[၆]
နောက်ခံအခြေအနေ
လသည် ကမ္ဘာ၏ အရိပ်(umbra)အတွင်း ဖြတ်သန်းသွားချိန်တွင် လကြတ်ခြင်း မြင်တွေ့ရမည်ဖြစ်သည်။ လစတင်ကြတ်ချိန်တွင် ကမ္ဘာ့အရိပ်သည် လအား အနည်းငယ် မည်းမှောင်သွားစေသည်။ ကမ္ဘာ့အရိပ် လအား အလုံးစုံဖုံးလွှမ်းသွားချိန်တွင် နီညိုရင့်ရောင်သို့ ပြောင်းသွားမည်ဖြစ်သည်။( အရောင်သည် လေထုအခြေအနေပေါ်တွင် အလွန်မူတည်ပါသည်။) Rayleigh scattering နှင့် ကမ္ဘာ့လေထုသည် အရိပ်အတွင်းသို့ အလင်းပြန်ခြင်းကြောင့် လသည် နီကြင်ကြင်အရောင် ပေါ်လာခြင်းဖြစ်သည်။[၉]
အမ်ဘရာအတွင်းကျရောက်နေသော်ငြားလည်း လ၏ အလင်းရောင်သည် အပြင်သို့ ထွက်နေသည်။[၉] လ၏ တောင်ဘက်ပိုင်း၏ အရိပ်အလယ်ဗဟိုနှင့် နီးနေသောကြောင့် ပို၍မှောင်နေကာ အနီရောင်များ သန်းနေသည်။
လမှ ကမ္ဘာ့အရိပ်အတွင်းသို့ ဖြတ်သန်းသွားပုံကို အနီးစပ်ဆုံးပုံဖော်ထားသော အန်နီမေးရှင်း
မြင်တွေ့နိုင်သော ဒေသများ
Wide angle view of the total lunar eclipse and Mars in Melbourne, Australia
လကြတ်ခြင်းကို အလုံးစုံ မြင်တွေ့နိုင်သော ဒေသများမှာ အရှေ့အာဖရိက၊ တောင်အာဖရိက၊ တောင်အာရှနှင့် အလယ်အာရှ၊ လထွက်စအချိန်တွင် တောင်အမေရိက၊ အနောက်အာဖရိကနှင့် ဥရောပတို့မှ မြင်တွေ့ရမှာဖြစ်ပြီး လထွက်ပြီး သန်းခေါင်ချိန်တွင် အရှေ့အာရှနှင့် ဩစတေးလျဒေသတို့မှ မြင်တွေ့ရမည်ဖြစ်သည်။[၁၀]
 ကြီးကျယ်သော လကြတ်မှုကြီးအတွင်း လမှ ကမ္ဘာသို့ မြင်ကွင်း
|
မြေပုံ
စောင့်ကြည့်လေ့လာခြင်းများ
ကိုးကား
ပြင်ပလင့်များ