ဆရာတော် ဦးဇောတိက ဘာသာ ဗုဒ္ဓဘာသာ ဘာသာအုပ်စု ထေရဝါဒ ပညာရေး လျှပ်စစ်အင်ဂျင်နီယာဘွဲ့ (ရန်ကုန် စက်မှုတက္ကသိုလ်) ဓမ္မအမည် ဇောတိက ပုဂ္ဂိုလ်ရေးရာ မွေးဖွား (1947-08-05 ) ၅ ဩဂုတ်၊ ၁၉၄၇မော်လမြိုင် ဘာသာရေးရာ ဆရာ(များ) တောင်ပုလုဆရာတော် ၊ ထန်းတပင်တောရ ဆရာတော်
ဆရာတော်ဦးဇောတိကသည် ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်
ထင်ရှားကျော်ကြားသော စာရေးဆရာတစ်ယောက်လည်း ဖြစ်သည်။ ဆရာတော် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော
"Snow in the Summer "စာအုပ်မှာ ဘာသာစကားဆယ်မျိုးသို့ ပြန်ဆိုခဲ့ပြီး အုပ်ရေတစ်သန်းထက်မနည်း ပုံနှိပ်ခဲ့ရသည်ဟု
အင်တာနက်အာခိုက်ဖ်၏ စာကြည့်တိုက်(Internet Archive's Open Library)ကက်တလောက်တွင် ဆိုထားသည်။[ ၁]
လူဝတ်ကြောင်ဘဝ
ဆရာတော်ဦးဇောတိကကို ၁၉၄၇-ခုနှစ် ဩဂုတ်လ ၅-ရက်နေ့တွင် မော်လမြိုင်မြို့တွင်
မွေးဖွားခဲ့သည်။ သူသည် အခြေခံပညာရေးကို ရိုမန်ကက်သလစ် သာသနာပြုကျောင်းတွင်
သင်ကြားခဲ့သည်။ သူငယ်ရွယ်စဉ်ကာလတွင် မည်သည့်ဘာသာရေးကိုမှ ဘာသာဝင်အဖြစ်
ပါဝင်ပတ်သက်ခြင်းမရှိခဲ့သော်လည်း ဘာသာတရားပေါင်းစုံတို့၏ သဘောတရားတို့ကို
လေ့လာပြီး နားလည်အောင်ကြိုးစားခဲ့သည်။ အနောက်တိုင်း ဒဿနိကဗေဒနှင့်
စိတ်ပညာဘာသာရပ်များကို လေ့လာလိုက်စားခဲ့သည်။ ၁၉၇၃-ခုနှစ်တွင်
ရန်ကုန်စက်မှုတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။[ ၂]
ရဟန်းဖြစ်လာခြင်း
လူအများစုသည် သူတို့ဘဝ၏ တန်ဖိုးရှိသောအချိန်များကို
ချမ်းသာကြွယ်ဝအောင်ပြုလုပ်ခြင်း၊ လောကီစည်းစိမ်များကို ခံစားခြင်း၊
ကျော်ကြားမှု၊ ဩဇာအာဏာနှင့် ရာထူးနေရာကောင်း ရရှိရေးအတွက် အသုံးချရင်း
ကုန်ဆုံးနေကြသော်လည်း ဘဝ၏ ရလဒ်များအပေါ် ကျေနပ်နှစ်သက်မှုမရှိကြသည်ကို
သူကတွေ့ခဲ့ရသည်။ ဗုဒ္ဓနည်းကျ တရားထိုင်ခြင်းဖြင့် စိတ်တည်ငြိမ်အေးချမ်းမှုရသဖြင့် တရားထိုင်မှုအပေါ်
သူအလွန်စိတ်ဝင်စားလာခဲ့သည်။ ထိုကြောင့် အသက် ၂၆-နှစ်အရွယ်တွင် မိသားစုကို
စွန့်ခွာခဲ့ပြီး ရှင်သာမဏေ အဖြစ်ကို ခံယူခဲ့သည်။ ၁၉၇၄-ခုနှစ်တွင်
မိတ္ထိလာမြို့ တောင်ပုလုတောရ၌ တောင်ပုလုဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု၍
ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။[ ၂]
ပဋိပတ်လုပ်ငန်း
သူသည် အခြေခံပညာရေး (၈)တန်းကာလမှစ၍ ဝိပဿနာစာအုပ်များကို ဖတ်ရှုဖြစ်ကာ
တစ်နေ့ဆယ်မိနစ်ဖြစ်စေ၊ တစ်ဆယ့်ငါးမိနစ်ခန့်ဖြစ်စေ တရားထိုင်သည့် အလေ့အကျင့်ရှိခဲ့သည်။[ ၃]
သူသည် တောင်ပုလုဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် ဝိပဿနာတရားကို ၃-နှစ်တာ
အားထုတ်ခဲ့သည်။ ထိုနောက် ထန်းတပင် တောရဆရာတော်ထံတွင် ၁၅-နှစ်ကြာ
ဝိပဿနာတရားကို ဆက်လက်အားထုတ်ခဲ့သည်။[ ၂]
နိုင်ငံခြား သာသနာပြုခရီး
ဆရာတော်သည် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ သို့
၁၉၇၇-ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင်တစ်ကြိမ် ကြွရောက်သာသနာပြုခဲ့သည်။[ ၂]
သူသည် အမေရိကန်ပြည်ထောင်စု သို့ ၁၉၈၃-၈၄တွင် ကြွရောက်ခဲ့ပြီး
၁၆-လကြာခန့် သီတင်းသုံးကာ ဆန်တာခယု(ဇ်)၊ နယူးယောက်၊ ဘော့စတွန်နှင့်
ဝါရှင်တန်တို့တွင် တရားပွဲများ ကျင်းပခဲ့သည်။[ ၂]
သူသည် စင်္ကာပူနိုင်ငံသို့လည်း ဓမ္မဒူတခရီး အကြိမ်ကြိမ် ကြွချီခဲ့သည်။[ ၂]
ရေးသားပြုစုခဲ့သည့် စာအုပ်များ
စာအုပ်အမည်
ထုတ်ဝေချိန်
ရေးသားသည့်ဘာသာ
ဘဝကိုစိတ်ကဦးဆောင်သည်
၂၀၂၃-ခု၊ ဒီဇင်ဘာလ
မြန်မာ
မြင့်မြတ်မှုပျောက်ဆုံးနေခြင်း၊ မေတ္တသုတ်တရားတော်[ ၃]
၂၀၁၂-ခု၊ စက်တင်ဘာလ
မြန်မာ
တွေးမိတိုင်းပျော်တယ်[ ၄]
၂၀၀၇-ခု၊ အောက်တိုဘာလ
မြန်မာ
A Map of the Journey[ ၅]
၂၀၀၆-ခု၊ ဇွန်လ
အင်္ဂလိပ်
လွတ်လပ်သောစိတ်[ ၆]
၂၀၀၆-ခု၊ မေလ
မြန်မာ
အသက်ရှင်နေလျက် ဘဝသေနေသူ[ ၇]
၂၀၀၃-ခု၊ အောက်တိုဘာလ
မြန်မာ
အခွင့်အရေးနှင့်တာဝန်[ ၈]
၂၀၀၂-ခု၊ ဇွန်လ
မြန်မာ
ကိုယ်နွမ်းသော်လည်းစိတ်မပန်းပါ
သူ့ကိုပြင်ချင်ရင်ကိုယ့်ကိုကိုယ်အရင်ပြင်[ ၉]
၂၀၀၂-ခု၊ ဇန်နဝါရီလ
မြန်မာ
မေတ္တာတရား၊ လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ[ ၁၀]
၂၀၀၁-ခု၊ မေလ
မြန်မာ
သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ အလုပ်တွင်မွေ့လျော်ခြင်း[ ၁၁]
၂၀၀၀-ခု၊ ဇွန်လ
မြန်မာ
အရှုပ်ထဲမှာ ရှင်းအောင်နေ[ ၁၂]
၂၀၀၀-ခု၊ မတ်လ
မြန်မာ
တစိမ့်စိမ့်တွေးမယ်[ ၁၃]
၁၉၉၉-ခု၊ ဒီဇင်ဘာလ
မြန်မာ
Snow in the Summer [ ၁၄] [ ၁]
၁၉၉၉-ခု၊ စက်တင်ဘာလ
အင်္ဂလိပ်
စိတ်နှလုံး ရွှင်လန်းစေဖို့[ ၁၅]
၁၉၉၉-ခု၊ ဧပြီလ
မြန်မာ
ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်း[ ၁၆]
၁၉၉၈-ခု၊ ဒီဇင်ဘာလ
မြန်မာ
သတိဆိုတဲ့နေအိမ်၊ အပျော်ဆုံးလူ၊ ဗုဒ္ဓရင်ခွင်မှာ[ ၁၇]
၁၉၉၈-ခု၊ ဇွန်လ
မြန်မာ
ဘဝဆိုတဲ့ကျောင်း[ ၁၈]
၁၉၉၈-ခု၊ မတ်လ
မြန်မာ
ကိုးကား
↑ ၁.၀ ၁.၁ Sayadaw U Jotika (2008-06-28)။ Snow in the Summer ။ DMG Books။ ISBN 974314174X ။
↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ Sayadaw U Jotika ။ 2020-06-28 တွင် ပြန်စစ်ပြီး။
↑ ၃.၀ ၃.၁ ဆရာတော်ဦးဇောတိက (၂၀၁၂-ခု၊ စက်တင်ဘာလ)။ မြင့်မြတ်မှုပျောက်ဆုံးနေခြင်း၊ မေတ္တသုတ်တရားတော် (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။ p. စာ ၅၄။
↑ ဆရာတော်ဦးဇောတိက (၂၀၀၇-ခု၊ အောက်တိုဘာလ)။ တွေးမိတိုင်းပျော်တယ် (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ Sayadaw U Jotika (2006)။ A Map of the Journey ။ Yangon.Myanmar: Waterfall Publishing House။ OCLC 608123044 ။ Transcribed by Anna Muresu & Leslie Shaw; Re-editing & Pali Rendering by Jotinanda Bhikkhu;
↑ ဆရာတော်ဦးဇောတိက (၂၀၀၆-ခု၊ မေလ)။ လွတ်လပ်သောစိတ် (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၂၀၀၃-ခု၊ အောက်တိုဘာလ)။ အသက်ရှင်နေလျက် ဘဝသေနေသူ (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၂၀၀၂-ခု၊ ဇွန်လ)။ အခွင့်အရေးနှင့်တာဝန် (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၂၀၀၂-ခု၊ ဇန်နဝါရီလ)။ ကိုယ်နွမ်းသော်လည်းစိတ်မပန်းပါ၊ သူ့ကိုပြင်ချင်ရင်ကိုယ့်ကိုကိုယ်အရင်ပြင် (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၂၀၀၁-ခု၊ မေလ)။ မေတ္တာတရား၊ လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ (ဒုတိယအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၂၀၀၀-ခု၊ ဇွန်လ)။ သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ အလုပ်တွင်မွေ့လျော်ခြင်း (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၂၀၀၀-ခု၊ မတ်လ)။ အရှုပ်ထဲမှာ ရှင်းအောင်နေ (တတိယအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ရွှေအိမ် (တိုင်းလင်းစာပေတိုက်)။
↑ ဆရာတော်ဦးဇောတိက (၁၉၉၉-ခု၊ ဒီဇင်ဘာလ)။ တစိမ့်စိမ့်တွေးမယ် (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (1999-Sep)။ Snow in the Summer (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၁၉၉၉-ခု၊ ဧပြီလ)။ စိတ်နှလုံး ရွှင်လန်းစေဖို့ (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဒေါ်ထက်ထက်ထွန်း(ရေတံခွန်စာပေ)။
↑ ဆရာတော်ဦးဇောတိက (၁၉၉၈-ခု၊ ဒီဇင်ဘာလ)။ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန် သတိဖြင့် နေထိုင်ခြင်း (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဦးမြသန်း (အသိုင်းအဝိုင်းစာပေ)။
↑ ဆရာတော်ဦးဇောတိက (၁၉၉၈-ခု၊ ဇွန်လ)။ သတိဆိုတဲ့နေအိမ်၊ အပျော်ဆုံးလူ၊ ဗုဒ္ဓရင်ခွင်မှာ (ပထမအကြိမ် ed.)။ ရန်ကုန်မြို့။: ဦးမြသန်း (အသိုင်းအဝိုင်းစာပေ)။
↑ ဆရာတော်ဦးဇောတိက (၁၉၉၈-ခု၊ မတ်လ)။ ဘဝဆိုတဲ့ကျောင်း (ဒုတိယအကြိမ် ed.)။ ရန်ကုန်မြို့။: ဦးမြသန်း (အသိုင်းအဝိုင်းစာပေ)။