တိုင်းစ်
တိုင်းစ် (အင်္ဂလိပ်: The Times, /သ တိုင်းမ်ဇ်/) သည် ဗြိတိသျှနေ့စဉ်သတင်းစာဖြစ်၍ လန်ဒန်တွင် အခြေစိုက်သည်။ "The Daily Universal Register" အမည်ဖြင့် ၁၇၈၅ တွင် စတင်ခဲ့၍ ၁၇၈၈ တွင် လက်ရှိအမည်ဖြင့် ပြောင်းလဲထုတ်ဝေခဲ့သည်။ တိုင်းစ်နှင့် ညီမသတင်းစာဖြစ်သော "The Sunday Times" ကို ၁၈၂၁ တွင် တည်ထောင်ခဲ့ပြီး "တိုင်းစ်သတင်းစာများ"အုပ်စုခွဲကပိုင်ဆိုင်ပြီး ယင်းအုပ်စုသည် "နယူးစ် ယူကေ"လုပ်ငန်း၏ အခွဲဖြစ်သည်။ "နယူးစ် ယူကေ"ကို ထပ်မံ၍ "နယူးစ် ကော်ပိုရေးရှင်" (News Corp) က ပိုင်ဆိုင်လေသည်။ "တိုင်းစ်" နှင့် "ဆန်းဒေးတိုင်းစ်" တို့ကို တသီးတခြား တည်ထောင်ခဲ့ကြကာ တည်းဖြတ်သူများလည်း မတူကြပေ။ ၁၉၆၆ နောက်ပိုင်းတွင် ပိုင်ရှင်တစ်ဦးတည်းဖြစ်လာခဲ့လေသည်။[၄] "တိုင်းစ်"သတင်းစာသည် "Times" ဟူသော ဝေါဟာရကို သုံးစွဲခဲ့သည့် ပထမဆုံးသတင်းဖြစ်၍ အခြားသော ယင်းဝေါဟာရပါ သတင်းစာများ (ဥပမာ-နယူးယောက်တိုင်းစ်၊ အိန္ဒိယတိုင်းစ် ) ၏ ဦးဆောင်ရှေ့ပြေးလည်းဖြစ်၏ ။ ဤဝေါဟာရပါသော သတင်းစာများသည် တိုင်းပြည်အများ၌ ဤစကားလုံးပါသော သတင်းစာများသည် ထင်ပေါ်ကျော်ကြားကြရာ "တိုင်းစ်"သတင်းစာကို များသောအားဖြင့် "လန်ဒန်တိုင်းစ်" (The London Times or The Times of London) ဟု ရည်ညွှန်ခြင်းလည်းရှိသည်။[၅][၆][၇] ထိုသို့ရည်ညွှန်းသော်လည်း သတင်းစာမှာ တစ်နိုင်ငံလုံးကို ခြုံငုံရေးသားဖော်ပြ၍ ဖြန့်ချိကြသည်။ ရည်ညွှန်းကိုးကားမှုများခိုင်လုံသော (မှတ်တမ်းပြုနိုင်သော) သတင်းစာအဖြစ် ယူနိုက်တက်ကင်းဒမ်းတွင် ယူဆကြ၏ ။[၈] ၂၀၁၉ ဇန်နဝါရီမှစ၍ "တိုင်းစ်"ကို နေ့စဉ်စောင်ရေ လေးသိန်းကျော်ကို ထုတ်ဝေကာ[၉] ယင်းကာလတွင် ဆန်းဒေးတိုင်းစ်သည် အပတ်စဉ်စောင်ရေအား ခုနစ်သိန်းကျော်ရှိခဲ့သည်။ [၉] "တိုင်းစ်"သတင်းစာအား အမေရိက၌ ထုတ်ဝေခြင်းကို ၂၀၀၆ ဇွန် ၆ မှစတင်ခဲ့သည်။[၁၀] "တိုင်းစ်"သတင်းစာသည် စာကြည့်တိုက်များတွင် ကျယ်ပြန့်စွာ ရရှိနိုင်မှု၊ အသေးစိတ် အညွှန်းများကြောင့် ပညာရှင်၊ သုတေသနပြုလုပ်သူများက သုံးစွဲမှုများ၏ ။ ၂၀၁၀ အထိ ဒီဂျစ်တယ်အသွင်ပြောင်း သတင်းစာများစုစည်းထားမှု အပြည့်အစုံဖိုင်တစ်ခုကို ဂေးဘ်ဆန်ဂေ့ဂျ် (Gale Cengage) ပညာရေးဆိုင်ရာအဖွဲ့အစည်းထံမှ အွန်လိုင်းတွင် ရရှိနိုင်သည်။[၁၁][၁၂] တိုင်းစ်နယူးစ်ရိုမန် (Times News Roman) ဟုခေါ်သော (ယခင်ခေတ်)ခဲစာလုံး၊ ကွန်ပျူတာစာလုံးများသည် "တိုင်းစ်" သတင်းစာမှ ပေါက်ဖွားလာသော စာလုံးပုံစံဖြစ်သည်။[၁၃] ကိုးကား
|
Portal di Ensiklopedia Dunia