နာဂစ်မုန်တိုင်း
နာဂစ်မုန်တိုင်း သည် မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည်။[၁] မုန်တိုင်းသည် မြန်မာနိုင်ငံကုန်းမြေသို့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်ဝင်ရောက်လာခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကီလိုမီတာ ၄၀ ခန့်အထိ ဝင်ရောက်ခဲ့ကာ ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၁၃၈,၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။[၂][၃][၄] လပွတ္တာမြို့နယ်တစ်ခုတည်းမှာပင် ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့တွင် ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။[၅] ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆၂,၉၈၈,၀၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ) ကျော် ဖြစ်ကာ မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ပျက်စီးဆုံးရှုံးမှုအများဆုံး မုန်တိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။[၆] ဖြစ်စဉ်အကျဉ်းဧပြီလ ၂၈ ရက် တွင် နာဂစ်မုန်တိုင်းသည် ကမ္ဘာ့လေထုထဲ၌ လေဖိအားကြီးရာ တစ်လျှောက်မှ ၎င်း၏ အနောက်မြောက် နှင့် အရှေ့တောင်ကြား ရှိနေစဉ်အတွင်း ငြိမ်သက်လုနီးပါး ရှိနေခဲ့သည်။ ထိုနေ့တွင် JTWC မှ လေပြင်းမုန်တိုင်း အဆင့်မှ ဆိုင်ကလုန်း အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြပြီး Saffir-Simpson hurricane scale ဆာဖာ-ဆင်မ်ဆန် ဟာရီကိန်းစကေးအရ အသေးငယ်ဆုံး ဟာရီကိန်း အဆင့်နှင့် ညီမျှသည်။ ထိုတစ်ချိန်တည်းတွင် IMD မှ နာဂစ်မုန်တိုင်းအား လေပွေလေပြင်းမုန်တိုင်း အကြီးစားတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဆိုင်ကလုန်းသည် မုန်တိုင်း၏ ပြင်းအားပိုမိုကောင်းမွန်စေရန် အထောက် အကူပေးသည့် ရေနွေးများပါဝင်သော ဗဟိုတူ မျက်စိ အသွင်အပြင်ကို ဖြစ်ပေါ်စေပြီး ၎င်းသည် မုန်တိုင်း၏ အတွင်းဘက် အဓိကကျသော မျက်စိနံရံ အပြင်ဘက်တွင် ရှိသော မျက်စိနံရံ တစ်ခုဖြစ်သည် ဧပြီ ၂၉ ရက် အစောပိုင်းတွင် JTWC မှ ၎င်းအား ၁ နာရီ လျှင် ၁၆၀ ကီလိုမီတာ (၁ နာရီ လျှင် မိုင် ၁၀၀) လေတိုက် ခတ်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ပြီး တစ်ချိန်တည်းတွင် IMD မှလည်း အလွန်ပြင်းအားကြီးမည့် လေပွေမုန်တိုင်း ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။
နာဂစ်မုန်တိုင်းဝင်ရောက်လာပုံ![]() မေလ ၁ရက် တွင် အရှေ့ဘက် တည့်တည့်သို့ ဆက်လက်ရွေ့လျားပြီးနောက်ပိုင်း လေဖိအားနည်းရပ်ဝန်း အမြင့်ပိုင်းသို့ နီးကပ်လာသည် နှင့်အမျှ မုန်တိုင်းရွေ့လျားမှု တိုးလာပြီး နာဂစ်မုန်တိုင်းသည် လျင်မြန်စွာ ပြင်းအားကြီးလာခဲ့သည်။ အချင်း ၁၉ မီတာ (၁၂ မိုင်) ရှိသော မျက်စိနံရံမှာ ထင်ရှားမြင်သာလာသည်နှင့်အမျှ ပိုမိုအားကြီးလာခဲ့သည်။ မေလ ၂ ရက် အစောပိုင်းတွင် JWTC မှ မြန်မာနိုင်ငံကမ်းရိုးတန်းသို့ နီးကပ်လာသည်နှင့်အမျှ အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၁၅ ကီလိုမီတာ ( တစ်နာရီလျှင် ၁၃၅ မိုင်) နှုန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းကာ အဆင့် ၄ မုန်တိုင်းအတွင်း သတ်မှတ်ခဲ့ သည်။ ထိုတစ်ချိန်တည်းတွင် IMD မှလည်း အမြင့်ဆုံးလေတိုက်ခတ်မှုနှုန်း တစ်နာရီလျှင် ၁၆၅ ကီလိုမီတာ (တစ်နာရီ လျှင် ၁၀၅ မိုင်) နှုန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ မေလ ၂ ရက် ကမ္ဘာစံတော်ချိန် ၁၂ နာရီ ခန့်တွင် မြန်မာနိုင်ငံ ဧရာဝတီတိုင်း ကုန်းတွင်းပိုင်း သို့ ပြင်းအားအမြင့်ဆုံးနှင့် ဝင်ရောက်ခဲ့သည်။ အန်ဒမန် ပင်လယ် အနီးတစ်ဝိုက် မြန်မာနိုင်ငံ အရှေ့ပိုင်းသို့ နီးကပ်လာသည်နှင့် အမျှ တစ်ဖြည်းဖြည်းပြင်းအား လျော့နည်းလာခဲ့သည်။ အနောက်မြောက်ပိုင်း လေဖိအား နည်းရပ်ဝန်း လတ္တီကျူ အလယ်အလတ် ခန့်သို့ ရောက်ရှိလာသည်နှင့်အမျှ လေတိုက်ခတ်နှုန်း တစ်နာရီလျှင် ၁၃၀ ကီလိုမီတာ (တစ်နာ ရီလျှင် မိုင် ၈၀) နှုန်းဖြင့် ရန်ကုန်မြို့ မြောက်ပိုင်းကို ကျော်လွန်ကာ အရှေ့မြောက်ဘက်သို့ လမ်းကြောင်းပြောင်း သွားခဲ့သည်။ မေလ ၃ ရက် အစောပိုင်းတွင် IMD မှ မုန်တိုင်းအပေါ် နောက်ဆုံး ထင်မြင်ချက် ထုတ်ပေးခဲ့သည်။ မြန်မာ- ထိုင်း နယ်စပ် အနီး အရှေ့မြောက်ဘက်သို့ လမ်းကြောင်းပြောင်းသွားပြီးနောက် လျင်မြန်စွာ အားပျော့သွားခဲ့သည်။ အသေးစား အပူပိုင်း ဒေသ မုန်တိုင်းအဆင့်သို့ အားလျော့သွားပြီးနောက် JTWC မှ နာဂစ်မုန်တိုင်းအပေါ် နောက်ဆုံး အကြံပေး ထင်မြင်ချက် ထုတ်လုပ်ခဲ့သည်။ မုန်တိုင်းကြောင့်ပျက်စီးခဲ့ရသောအခြေအနေများ![]() ![]() ရန်ကုန်မြို့တော်မှ သံတမန်တစ်ဦးက အဖြစ်အပျက်ကို ရိုက်တာ သတင်းဋ္ဌာနသို့ ပြန်ပြောပြပါသည်။ မုန်တိုင်းသင့်ဒေသ တစ်ဝိုက်မှာ `စစ်မြေပြင်´ကဲ့သို့ ဖြစ်နေကြောင်းဖော်ပြထားခဲ့သည်။ မိလ္လာပိုက်လိုင်းများ ပေါက်ထွက်မှုကြောင့် မြေပြင်တစ်ခု လုံးတွင် အညစ်အကြေးမစင်များဖြင့် ပြည့်လျှံနေပြီး စပါးပင်များအား ပျက်စီးစေခဲ့သည်။ ကုလသမဂ္ဂ အရာရှိ တစ်ဦးက လည်း အဖြစ်အပျက်ဖြစ်ပွားနေသည့် အခြေအနေတွင် အနေအထား နှင့်ပတ်သက်ပြီး ထင်မြင်ချက်ပေးခဲ့သည်။ " တကယ့် အခြေအနေဆိုးတစ်ရပ်ပါပဲ။ အိမ်တွေအားလုံးနီးပါးလည်း ဖျက်ဆီးခံလိုက်ရတယ်။ လူတွေလည်း တကယ့်ကို ထိတ် လန့်စရာ အခြေအနေကို ရောက်နေပြီဗျာ" ဟု ပြောကြားခဲ့သည်။ အခြား ကုသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးကလည်း " ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ဒေသဟာ လေ၊ မိုး သာမကပဲ နှင့် မုန်တိုင်းလုံးကြီး ဝင်ရောက်မှုကြောင့် တော်တော် ဒဏ်ခံလိုက်ရသည် " ဟု ပြောဆိုခဲ့သည်။ ယူကေ သတင်းစာ တစ်စောင်ဖြစ်သော ဒေးလီး တယ်လီဂရပ်(ဖ်) မှ လည်း ဤ ဘေးဒဏ် ဆိုးကြောင့် မြန်မာနိုင်ငံ၏ အစားအစာ ဈေးနှုန်းကို ထိခိုက်နိုင်ကြောင်း ဖော်ပြထားခဲ့သည်။ ထိုင်းနိုင်ငံ သတင်းအချက်အလက် ဋ္ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Woradet Wirawekhin (th: วรเดช วีระเวคิน) (ဝိုရာဒက် ဝေရာဝီခင်) က ၂၀၀၈ ခုနှစ် မေလ ရ ရက် တွင် ထုတ်ပြန်ကြေညာသည်မှာ ရန်ကုန်ရှိ ထိုင်း သံအမတ်ဖြစ်သူ Bansan Bunnak (th: บรรสาน บุนนาค) (ဘန်ဆန် ဘန်နတ်) တင်ပြသော အစီရင်ခံစာအရ မြို့တော် တွင် ရှိသော အခြေအနေများသည် လည်ပတ်မှုမရှိပဲ စီးပွားရေး လုပ်ငန်းအများစုနှင့် ဈေးများ မှာ ပိတ်ထားရသည် ဟူ၍ ဖြစ်သည်။ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှလည်း ဒေသခံများသည် အခြေခံ ဝမ်းရေး ဖူလုံမှုတွင် ပို၍ ဆိုးရွားသော အခြေအနေများကို တိုး၍ ရင်ဆိုင်ကြုံတွေ့နေရကြောင်း နှင့် ပြည်တွင်း အစားအစာ ဈေးနှုန်းများသည် နှစ်ဆ သို့မဟုတ် သုံးဆ အထိ တက်ခဲ့ ကြောင်းကို အစီရင်ခံသည်။ အကူအညီအထောက်အပံ့များနိုင်ငံအလိုက်ပစ္စည်းထောက်ပံ့မှုများ
အီတလီအီတလီ မှ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်း၏ လေကြောင်းလိုင်းဖြင့် ယူရို ၄၆၅,၀၀၀ (ဒေါ်လာ ၇၃၂,၂၈၂) တန်ဖိုးရှိ အရေး ပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သော တန်ချိန် ၃၀ အလေးချိန် ရှိသည့် လူနာထမ်းစင်များ၊ ဂျင်နရေတာများ နှင့် ရေသန့် စက်များ ထောက်ပံ့ခဲ့သည်။ ထိုလေယာဉ်မှာ မေလ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်းမှာ အနောက် နိုင်ငံများမှ ပထမဆုံး လေကြောင်းလိုင်း အကူအညီဖြစ်ပြီး ရှေ့ပိုင်းတွင် ထိုင်းနိုင်ငံမှသာ အကူအညီများ ပေးအပ်ခဲ့သည်။ ထို့အပြင် အီတလီ အစိုးရသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတစ်ဆင့် ယူရို ၅၀၀,၀၀၀ နှင့် ကုလသမဂ္ဂ မှတစ်ဆင့် ကယ်ဆယ် ရေး အေဂျင်စီများ အား ရန်ပုံငွေ ထောက်ပံ့ရန် ယူရို ၅၀၀,၀၀၀ ပေးအပ်ခဲ့သည်။ နောက်ထပ် ယူရို ၁၂၃,၀၀၀ ကို ကြက်ခြေနီ အသင်းမှတစ်ဆင့် ပေးအပ်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများအတွက် ထောက်ပံ့ရန် ယူရို ၃၀၀,၀၀၀ ကို လည်းပေး အပ်ခဲ့သည်။ မလေးရှားမလေးရှားနိုင်ငံ မှလည်း အမေရိကန်ဒေါ်လာ ၁ သန်း (ရင်းဂစ် ၃.၂ သန်း) ငွေကြေးထောက်ပံ့မှု ရရှိခဲ့သည့်အပြင် ရင်းဂစ် ၅၀၀,၀၀၀ ကိုလည်း လူသားချင်းစာနာထောက်ထားသည့် ကူညီထောက်ပံ့မှုအဖြစ် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သည်။ လူသား ချင်းစာနာထောက်ထားသည့် ကူညီထောက်ပံ့မှုအား ဟာကျူလီ စီ ၁၃၀ ဖြင့် ပို့ဆောင်ခဲ့ပြီး စောင် ၅,၀၀၀၊ ရွက်ဖျင်တဲ ၃၀ နှင့် ရင်းဂစ် ၁၀၀,၀၀၀ တန်ဖိုးရှိ တီရှပ်များ၊ ပါတိတ် လုံချည်များ၊ ဘီစကစ်များ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ဆေးဝါးများ ပါဝင်ခဲ့သည်။ မာစီ မလေးရှား သည် မလေးရှားနိုင်ငံရှိ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအသင်းဖြစ်ပြီး မုန်တိုင်းတိုက်ခတ် ခဲ့မှုကြောင့် အခြေအနေများကို စစ်ဆေးရန် အဖွဲ့ဝင် လေးဦး ပါဝင်သော ကယ်ဆယ်ရေး အဖွဲ့ကို မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ စေလွှတ်ခဲ့သည်။ ၎င်းတို့သည် ရှေးဦးစွာ ခိုလှုံနိုင်သော အဆောက်အအုံနှင့် သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်း ရေးနှင့် အရေးပေါ် ဆေးဝါးကုသပေးနိုင်ရေးစသည့် ကဏ္ဍများကို စတင်စစ်ဆေးခဲ့သည်။ မာစီ မလေးရှား အဖွဲ့အစည်း သည် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်ရန် ရန်ကုန်ရှိ မြန်မာနိုင်ငံ ဆေးဝါးဆိုင်ရာအဖွဲ့ အစည်းများမှဆရာဝန်ပေါင်း၁၈၀ကိုလည်း လေ့ကျင့်ပေးခဲ့သည်။ စတားမြန်မာ ကယ်ဆယ်ရေး ရန်ပုံငွေ အဖွဲ့ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ဆိုင်ကလုံး ဒုက္ခသည် များကို ကယ်ဆယ်ရန် ရင်းဂစ် ၁.၈ သန်း စုဆောင်းရရှိခဲ့ပြီး မာစီ မလေးရှား အလုပ်အမှုဆောင် ကောင်စီ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ အာမတ် ဖေဇယ် ပါဒက်(ဇ်) ထံသို့ လွှဲအပ်ခဲ့သည်။ ဒုတိယ မလေးရှားနိုင်ငံ လခြမ်းနီအသင်း (MRCS) ဘေး ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့ကိုလည်း မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် မေလ ၂၁ ရက်တွင် စေလွှတ်ခဲ့သည်။ MRCS မှ စောင် ၁,၀၀၀၊ ငါးဂါလံဆံ့ ဓာတ်ဆီပုံး ရေပုံး ၁,၀၀၀၊ ခြင်ထောင် ၁,၀၀၀၊ ဖျာ ၅၀၀၊ ရေဘူး ၇,၀၀၀ နှင့် ဆေးဘူး အိတ်ပေါင်း ၅၀၀ ပါဝင်သော ၂.၅ တန် ရှိ ကယ်ဆယ်ရေး ပစ္စည်းများကို သယ်ဆောင်လာမည်ဟု ကြေညာခဲ့သည်။ ထိုင်းနိုင်ငံထိုင်းနိုင်ငံ မှလည်း အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ၊ တန် သုံးဆယ်ရှိ ဆေးဝါးပစ္စည်းများ နှင့် ဆယ့်နှစ်တန် ရှိ အစားအသောက် ပစ္စည်းများကို ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်းမှတစ်ဆင့် ပို့ပေးခဲ့သည်။ ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Chaiya Sasomsap (ချိုင်ယာ ဆာဆွန်ဆပ်) မှလည်း ထိုင်းနိုင်ငံ အစိုးရသည် ဘတ် တစ်ကုဋေ (ဒေါ်လာ ၃၁.၃ သန်း) ကျော် တန် ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ပို့ခဲ့ပြီးကြောင်း ဖော်ပြထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ စစ်အစိုးရ၏ ခွင့်ပြုချက် အရ ဆေးဝါးအဖွဲ့ ၁၂ ဖွဲ့နှင့် ကူးစက်ရောဂါ အမြန်လျှော့ချရေးအဖွဲ့ ၂၀ ကို စေလွှတ်ခဲ့သည်။ Samak Sundaravej (ဆာမက်ခ် ဆွန်ဒါရေဗက်) က "မြန်မာနိုင်ငံကသာ ကျွန်တော်တို့ကို ကူညီခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လေတပ် က စီ-၁၃၀ လေယာဉ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပို့ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ကမူးရှူးထိုး အလျင် စလို ဆောင်ရွက်မှာ မဟုတ်ပါဘူး။ အစိုးရရဲ့ ခွင့်ပြုချက်ရရှိမှသာ လုပ်ဆောင်မှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ ၂၀၀၈ မေလ ၇ ရက် တွင် အထက်ဖော်ပြပါ အဖွဲ့များ၏ ကိုယ်ပိုင်လေယာဉ်များအား ရန်ကုန်သို့ ဆင်းသက်ခွင့်ပြုခဲ့ပြီး သောက်သုံး ရေများနှင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်လာခဲ့သည်။ ဂရိတ် ဗြိတိန်အာမခံငွေ အများဆုံး လှူဒါန်းခဲ့သည့် နိုင်ငံမှာ ယူကေ ဖြစ်ပြီး ပေါင် ၁၇ သန်း ( အမေရိကန် ဒေါ်လာ ၃၃.၅ သန်းခန့်) လှူဒါန်း ခဲ့သည်။ ယူကေ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန မှလည်း အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့စေလွှတ်ခဲ့သည်။ ထိုဋ္ဌာနမှအခြားအသင်းမှာ မြန်မာနိုင်ငံအတွင်းရောက်ရှိပြီးဖြစ်သည်။ တော်ဝင်ရေတပ် မှလည်း (အိပ်ခ်ျအမ်အက်စ် ဝက်(စ်)မင်စတာ) အား စေလွှတ်ခဲ့သည်။ ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုစနစ်အား အပြင်းအထန် ဝေဖန်နေဆဲဖြစ်ပြီး အကူအညီများပေးရန် လေကြောင်းပို့ဆောင်မှုများဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား ချိုးဖောက်ခဲ့ခြင်းမရှိပေ။ အမေရိကန်ပြည်ထောင်စုအမေရိကန်၏ ကိုယ်ပိုင်လေတပ်မှ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး အထောက်အပံ့များ ပေးအပ်ခဲ့သည်။ မေလ ၅ ရက်တွင် မြန်မာနိုင်ငံရှိ အမေရိကန် သံမှူး ရှရီဗေလာရိုဆာ က နာဂစ်မုန်တိုင်း၏ ကြမ္မာဒုက္ခဆိုးများ ကို ကြေညာခဲ့ သည်။ အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID မှ ဘေးဒုက္ခ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်မှု အသင်း (DART) ကို စေလွှတ်ခဲ့ပြီး အရေးပေါ် စားနပ်ရိက္ခာ ဖြည့်တင်းရေး၊ ရေ နှင့် သန့်ရှင်းရေး၊ အမိုးအကာ ထောက်ပံ့ရေးအတွက် ဒေါ်လာ ၂၅၁,၀၀၀ ကို UNICEF၊ WFP နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ ချက်ချင်း ထောက်ပံ့ခဲ့သည်။ မေ ၆ တွင် USAID မှ အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့မှု များအတွက် ဒေါ်လာ ၃ သန်း အား အမေရိကန် ကြက်ခြေနီ အသင်းသို့ ဒေါ်လာ ၁ သန်း၊ NGO မိတ်ဖက်များ ထံသို့ ဒေါ်လာ ၂ သန်း ခွဲဝေပေးအပ်ခဲ့သည်။ မေ ၁၂ ရက်တွင် USAID အုပ်ချုပ်ရေးတာဝန်ခံ Henrietta H. Fore (ဟန်နရီတာ အိပ်ခ်ျ ဖိုး) က အစားအသောက် ထောက်ပံ့မှု နှင့် ပြန်လည်နေရာ ချထားရေး အတွက် ဒေါ်လာ ၁၃ သန်း အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း မှ တစ်ဆင့်ပေးအပ်ပြီးကြောင်း ကြေညာခဲ့သည်။ မေလ ၁၂ ရက်မှ ၂၀ အထိ၊ USAID နှင့် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဋ္ဌာန (DOD) တို့ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်သို့ ၃၆ DOD စီ-၁၃၀ လေယာဉ်များဖြင့် ဒေါ်လာ ၁.၂ သန်း နီးပါး တန်ဖိုးရှိ အမေရိကန်ပြည်ထောင်စု ကယ်ဆယ်ရေး လူ့အသုံး အဆောင်ပစ္စည်းများ ပေးဝေခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများသည် 113,000 ထက်ပိုသော အကျိုးခံစားခွင့်ရှိသူများထံသို့ အကူအညီများ ထောက်ပံ့ပေးလိမ့်မည်။ DOD ဦးတည်ကြိုးပမ်း ဆောင်ရွက်ချက် များသည် ပြုစုစောင့်ရှောက်သောတုံ့ပြန်မှုပူးတွဲအထူးလုပ်ငန်းအဖွဲ့ ၏ လမ်းညွှန်မှု အောက်တွင် ဖြစ်ခဲ့သည်။ ၂၀၀၈၊ ဇွန်လ ၂၆ အထိ အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့သည် စုစုပေါင်း ဒေါ်လာ ၄၁,၁၆၉,၇၆၉ ရှိခဲ့ပြီး ဆက်လက်ထောက်ပံ့မှုများသည် ထိုင်းနိုင်ငံတွင် အခြေစိုက်သော USAID DART မှ ညွန်ကြားခဲ့သည်။ မေလ ၁၅ ရက်တွင်၊ ကုလသမဂ္ဂ [OCHA] သည် မြန်မာ HIC ဝက်(ဘ်)ဆိုဒ် ကို စတင်ဆောင်ရွက်ခဲ့သည် (http://myanmar.humanitarianinfo.org)။ ဝက်(ဘ်)ဆိုဒ်၏ ရည်ရွယ်ချက်သည် သတင်းအချက်အလက်များ အလဲအလှယ် လုပ်ခြင်းကို တိုးတက်ကောင်းမွန်အောင်လုပ်ရန် နှင့် ဆိုင်ကလုန်း နာဂစ် သို့ တုံ့ပြန်နေသည့် လုပ်ငန်းဆောင်ရွက်နေသော အေဂျင်စီများ အကြား ပူးတွဲဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သည့် HIC သည် ရန်ကုန်ရှိ လူသား ချင်းစာနာထောက်ထားသော မိတ်ဖက် အသင်းအဖွဲ့ နှင့် အခြား လူသားချင်းစာနာထောက်ထားသော မိတ်ဖက်များ အပြင် ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သော အဖွဲ့အစည်းများကိုလည်း အထောက်အပံ့ပေးသည်။ ၂၀၀၈၊မေလ ၈ အထိ မြန်မာပြည်သူလူထု အတွက် ဖောင်ဒေးရှင်းသည် ရန်ကုန်၌ ကွင်းဆင်းဆောင်ရွက်နေသော အသင်း အဖွဲ့တစ်ခုရှိပြီး ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ကျော်လွန်၍ တိုက်ရိုက် အကူအညီ စီစဉ်ပေးနေသည်။ ဤအဖွဲ့အစည်းသည် ဗုဒ္ဓဘာသာ စေတနာ့ဝန်ထမ်းများမှ အုပ်ချုပ်ခဲ့ပြီး မြန်မာ အစိုးရ ထံမှ အပြန်အလှန်နားလည်မှု ခွင့်ပြုချက် ကို ရရှိပြီး ဖြစ်သဖြင့် လှူဒါန်းမှုများအားလုံးသည် အထောက်ပံ့ပစ္စည်းများအဖြစ် တိုက်ရိုက် ရောက်ရှိသည်။ မြန်မာ ပြည်သူလူထု အတွက် ဖောင်ဒေးရှင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် နှင့် လခြမ်းနီ လူ့ဘောင်အဖွဲ့အစည်း တို့သည် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၈၉,၀၀၀ ကို ကတိပြုခဲ့ကြသည်။ အဖွဲ့ချုပ်သည် နောက်ထပ် CHF ၅၀ သန်း ကို မေတ္တာရပ်ခံချက် တစ်ခုအနေဖြင့် စတင်ဆောင်ရွက်ပြီးခဲ့သည်။ ကြက်ခြေနီမှ ပြောရေးဆိုခွင့်ရှိသူ Matt Cochrane (မော့(တ်) ကော့ချရင်း) က ထို ဆိုင်ကလုန်းကြောင့် သေကံမရောက် သက်မပျောက်ဘဲ ကျန်ရစ်သူများသည် အလုံးစုံလိုအပ်သည်ဟု ပြောခဲ့သည်။ သူတို့ သည် အစားအစာ ထောက်ပံ့မှုများ အပါအဝင် သူတို့ကို ခြောက်သွေ့စွာ ထိန်းသိမ်းထားရန် အရေးပေါ် နားခိုရန် အဆောက် အအုံ လိုအပ်သည်။ ရေသေရေပုပ်များသည် ငှက်ဖျားခြင် အတွက် ပြည့်စုံကောင်းမွန်သော ပေါက်ဖွား ရာဒေသ တစ်ခု ဖြစ် သောကြောင့် ပိုးသတ်ဆေးဖြင့် စီရင်ထားသော ခြင်ထောင်များ သည် လိုအပ်သည် ဟု ၎င်းမှ ပြောကြားသည်။[၄၆] ငုပ်လျှိုး နေသော သစ်ပင်ကို တိုက်မိ သောအခါ လှေဖြင့် သယ်ဆောင်နေသော ထောက်ပံ့မှုများနစ်မြုပ်ခဲ့သော ကြောင့် ကြက်ခြေ နီသည် ဆုတ်ဆိုင်းမှုများနှင့် ကြုံခဲ့ရသည်။ လှေပေါ်ရှိလူတိုင်း အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ကုန်ပစ္စည်း အများစု ပျောက်ဆုံးခဲ့ သည်။ ကြက်ခြေနီ/လခြမ်းနီ ကယ်ဆယ်ရေး လေယာဉ် ဆယ်စီးသည် ဆေးကုသမှု နှင့် နားခိုရန် အဆောက်အအုံ ပစ္စည်းများကို သယ်ဆောင်လာပြီး၊ မေလ ၁၂ တွင် ရန်ကုန်သို့ ဆင်းသက်မည်။ Trocaire (ထရိုကိန်း) သည် ၁၉၉၅ ခုနှစ် ကတည်းက မြန်မာပြည်တွင် လှုပ်ရှားခဲ့ပြီး ဆိုင်ကလုံး နာဂစ် အပြီးတွင် ပထမဆုံး သော ဆက်သွယ်ရန် အခွင့်အလမ်း ရခဲ့သည့် အိုင်ယာလန် အကူအညီ အေဂျင်စီ ဖြစ်သည်။ ကယ်ဆယ်ရေး အလုပ်သည် အဓိကအားဖြင့် ပြည်တွင်း မိတ်ဖက်များ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ Caritas (ကာရီတ(စ်)) အပြည် ပြည်ဆိုင်ရာ များမှတစ်ဆင့် ဆောင်ရွက်ခဲ့သည်။ Trocaire ထရိုကိန်း သည် များမကြာမီက တရုတ်နိုင်ငံတွင် ဖြစ်ခဲ့သော ငလျင်ကြောင့် မြန်မာပြည်တွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ မဆုံးရှုံးစေရန် အာရုံစိုက်မှု အတွက် မေတ္တာ ရပ်ခံခဲ့သည်။ ကလေးငယ်များ ကယ်ဆယ်ရေး (Save the Children) အေဂျင်စီသည် မြန်မာပြည်တွင် အလုပ်လုပ်ရန် ခွင့်ပြုခံရသည့် အေဂျင်စီအနည်းစုမှ တစ်ခုဖြစ်ပြီး ဆုံးရှုံးမှုများသည် သီးခြားဖြစ်နေသော ဧရိယာများသို့ အကူအညီ ရောက်ရှိသည့်အခါ နောက်ထပ်ရက်များ အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။ မေလ ၁၈ ရက်တွင်၊ အသက်ငါးနှစ်အောက် ကလေး သုံးသောင်းသည် အာဟာရချို့တဲ့ခြင်း နှင့် ရင်ဆိုင်နေရပြီး အကယ်၍ ၎င်းတို့ဆီသို့ အစားအစာများ မရောက်ရှိပါက တစ်လ အတွင်း အစာရေစာ ငတ်ပြတ်လိမ့်မည်ဖြစ်ကြောင်း ၎င်းမှ ယုံကြည်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နယ်စည်းမခြား ဆရာဝန်များ - MSF သည် ရန်ကုန်၌ တနင်္လာနေ့တွင် ကယ်ဆယ်ရေးနှင့် ဆေးဝါး အထောက်အပံ့ ပစ္စည်းများ တန် ၄၀ အပြည့်ပါသော လေယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ကြသည်။ အကောက်ခွန်ရုံးနှင့် စာရင်းရှင်းလင်းပြီးသော အခါ အထောက်အပံ့ပစ္စည်းများကို ပြည်တွင်း MSF ကုန်လှောင်ရုံ သို့ ပြောင်းရွေ့ခဲ့ကြသည်။ ၎င်းတို့တွင် ထိုဒေသ၌် ခန့်မှန်းခြေ အလုပ်သမား ၂၀၀ ရှိပြီး အများစုသည် ရေရှည် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ကြပြီး ထိုဒေသ အတွင်းတွင် ရှိနေပြီး ဖြစ်သည်။ ဝေါလ်ဗွီးရှင်း သည် အမေရိကန်ဒေါ်လာ ၃ သန်း နှင့် စတင် ဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ အကူအညီ ရရှိရန် ကြိုးစားရှာဖွေနေသည်။ မြေပြင်ဝန်ထမ်းများသည် အစားအစာ၊ ရေ နှင့် အခြား အစား အစာ မဟုတ်သည့် အရာများကို ဖြန့်ဖြူးရန် လုပ်နေစဉ်တွင် WV မြန်မာမန်နေဂျာများသည် အဆိုးရွားဆုံး ထိခိုက်သည့် ဧရိယာများတွင် အလုပ်လုပ်ရန် နှင့် ပြင်ပမှ အကူအညီများ လာရောက်စေရန် အစိုးရထံမှ အတည်ပြုချက်ရရန် ကြိုးပမ်းနေသည်။ Avaaz.org (အားဗဇ် အဖွဲ့အစည်း) သည် ပုဂ္ဂလိကသီးခြား အလှူပစ္စည်းများ ၂၅,၀၆၂ ကျော်မှတစ်ဆင့် မြန်မာပြည်တွင် ကယ် ဆယ်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်မှုများအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကျော် မတည်ခဲ့သည်။ သူတို့သည် ဗုဒ္ဓ ဘာသာရဟန်းများသို့ ယုံကြည်စိတ်ချရသော ဝေငှခြင်းနှင့် အကူအညီ ပေးဝေခြင်း တို့ကို စစ်အစိုးရကို ရှောင်လွဲ၍ ပြုလုပ် ခဲ့သည်။ ဤ တစ်မူထူးခြားသော ချဉ်းကပ်နည်းကို အောင်မြင်စွာ သက်သေပြခဲ့သည်။ ၂၄-၅-၂၀၀၈ အထိ၊ အမေရိကန် ဒေါ်လာ ၅၅၀,၀၀၀ သည် ဘာသာရေး၊ သာသနာ့ဝန်ဆောင် ထူထောင်ခြင်းသို့ ပေးဝေခဲ့မှုကို အတည်ပြုခဲ့ပြီး အခြား အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ သည် ခရီး လမ်းတွင် ရှိနေဆဲ ဖြစ်သည်။
ပုဂ္ဂလိက အကူအညီများသတင်းအချက်အလက်အသစ်အတွက် တူညီသောအခြေခံတစ်ခုအဖြစ်အသုံးပြုသော အချက်အလက်- သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်း သတင်းအချက်အလက်အသစ်အတွက်တူညီသောအခြေခံတစ်ခုအဖြစ် အသုံးပြုသောအချက်အလက် - မသင့်လျော်သော လေသံ များစွာသောအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံအတွင်း လုပ်ဆောင်ရန် သဘောတူခြင်းခံခဲ့ကြရပြီး (မတိုင်မီ သို့မဟုတ် ပြီးနောက်အပါအဝင်) သို့မဟုတ် တစ်နည်းအားဖြင်ကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်ချက်မှုများကို ပံ့ပိုးပေးရန် -
ဆန်သိုလှောင်ရေးနှင့် စားနပ်ရိက္ခာထိခိုက်ရေးဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါး စိုက်ပျိုးရေးအတွက် မြေဆီမြေဩဇာကောင်းမွန်သောဒေသဖြစ်သည့် အားလျော်စွာ ဗြိတိသျှအင်ပါယာ လက်ထက်ကတည်းက “ဆန်အိုးကြီး” ဟုသိခဲ့ကြသည်။ ထုတ်လုပ်မှုမှာ မြင့်မားသည်နှင့်အညီ မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံသားများအတွက် မြင့်မားသော ဆန်ပမာဏကို ထောက်ပံ့ နိုင်သည့်အပြင် (အာရှစံနှုန်းများအရ) လုံလောက်သော ပိုလျှံမှုကို ဈေးကွက်သို့ ရောင်းချနိုင်သည်။ နာဂစ် မုန်တိုင်းသည် စပါးရိတ်သိမ်းချိန်ဝန်းကျင်တွင် တိုက်ခတ်ခဲ့ခြင်းကြောင့် ဆန်ရှားပါးမှုနှင့် အစားအစာ အလွန် အမင်းပြတ်လပ်မှုတို့ ဖြစ်ပေါ်နိုင်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး မှနေ၍ နာဂစ် မုန်တိုင်းသည် တိုင်းပြည်၏ စပါးစိုက်ခင်း ၆၅ ရာခိုင်နှုန်းကို ထိခိုက်ခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ အခြေအနေ သည် “ပျက်စီးနေသည်…… အကယ်၍ မကြာသေးမီက ဖြစ်ပွားသော ဘေးအန္တရာယ်သည် ဆန်အလွန်အမင်း မလုံလောက်မှုကို ဖြစ်ပေါ်စေခဲ့ပါက” ဟု ၎င်းတို့မှ ထင်မြင်ကြသည်။ ဤအရာသည် ဖြစ်ပွားနေပြီးဖြစ်သော ဘေးဒုက္ခကပ်ကို ပို၍ဆိုးရွားစေသော်လည်း အကယ်၍ ဆောင်းဦးနှင့် နွေနှောင်း စပါး ရိတ်သိမ်းချိန်တို့တွင် အထွက်နှုန်းကောင်းပါက ၎င်းကို တစ်စိတ်တစ်ဒေသ လျှော့ချနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါး စိုက်ပျိုးရန်အတွက် အကူအညီတောင်းခံခဲ့သည်မှာ ရာသီသီးနှံများမဆုံးရှုံးမီ မြန်မာလယ်သမားများအနေဖြင့် ရက်ပေါင်း ၄၀ မှ ၅၀ အထိသာ ကြားကာလအဖြစ် အခွင့်အလမ်းရှိသည့်အတွက် ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရှိသည်ဟု ခန့်မှန်းသည်။ ဆန္ဒခံယူပွဲမြန်မာ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၊၂၀၀၈ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် အကျိုးဆက်များ ခံစားနေရစဉ်အတွင်း မြန်မာ အတိုက်အခံပါတီများနှင့် နိုင်ငံခြား တိုင်းပြည်များမှ ကန့်ကွက်မှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် ယခင်က စီစဉ်ထားခဲ့သည့်အတိုင်း (၂၀၀၈ ခုနှစ် မေလ ၁၀ ရက်) တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကို ဆက်လက်ပြုလုပ်ခဲ့သည်။ မည်သို့ ပင်ဆိုစေကာမူ မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသော အခြားနေရာများနှင့် ရန်ကုန် တွင် မဲပေးခြင်းကို ၂၀၀၈ ခုနှစ် မေလ ၂၄ ရက် သို့ ရွှေ့ဆိုင်းခဲ့သည်။ ၂၀၀၈ ခုနှစ် မေလ ၈ ရက် နေ့တွင် ဆန္ဒပြသူ ၃၀ ခန့်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာ ရှိ မြန်မာသံရုံးရှေ့တွင် စုရုံးပြီး စစ်အစိုးရ အား ဆန္ဒခံယူပွဲအတွက် မဲပေးခြင်းကို ရွှေ့ဆိုင်းပေးရန်နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို ချက်ချင်းလက်ခံရန် တောင်းဆိုခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် ဆန္ဒပြသူများမှ "ဤအချိန်သည် နိုင်ငံရေးအတွက် အချိန်မဟုတ်ပါ၊ သို့သော် လူများ ကို ကယ်ဆယ်ရန် အချိန်ဖြစ်သည်" ဟု ဖော်ပြသော ကြေညာချက်ကို ထုတ်ပြန် ဝေငှခဲ့သည်။ အမေရိကန် ပြည်ထောင်စု အစိုးရ မှလည်း ကုလသမဂ္ဂ အား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မထောက်ခံရန် တောင်းဆိုခဲ့သည်။မေလ ၁၀ ရက် နေ့ တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူ ၅၀၀ ခန့် သည် ဆန္ဒပြခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားစေခဲ့သော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားခဲ့သော်လည်း မြန်မာစစ်အစိုးရအနေဖြင့် ၎င်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အား မဲဆန္ဒပေးခြင်းကို စတင်စေခဲ့ပြီးဖြစ်လင့်ကစား ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့သည်။ မြန်မာ သတင်းအေဂျင်စီ တစ်ခုဖြစ်သော မဇ္ဈိမ မှ မြန်မာ တစ်ပြည်လုံးတွင် ၂၀၀၈ ခုနှစ် မေလ ၉ ရက် နေ့တွင် ကောက်ခံခဲ့ သော လူထုဆန္ဒ စစ်တမ်းကောက်ယူခြင်း၌ ဖော်ပြသည်မှာ၊ စစ်တမ်းကောက်ယူခဲ့သူများ၏ ၆၄ ရာခိုင်နှုန်းသည် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲထည့်ရန် ဆန္ဒရှိနေဆဲဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ရ၁ ရာခိုင်နှုန်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မှာ မည်သည့်အရာ ဖြစ်ကြောင်းကို မသိကြပဲ ၅၂ ရာခိုင်နှုန်းမှာ ၎င်းတို့ ထိုအရာကို ထောက်ခံရမည် သို့မဟုတ် ကန့်ကွက်ရ မည်ကို မဆုံးဖြတ်ရသေးပဲရှိသည်။ အကူအညီ ဝေငှရေးဝိဝါဒများဘေးအန္တရာယ် ခံရသော သူများကို ထောက်ပံ့သော နိုင်ငံခြား အကူအညီကို စစ်အစိုးရမှ ပေးသည့် ပုံစံဖြစ်အောင် ပြုပြင်မွမ်းမံပြီး နိုင်ငံတော်မှ လွှင့်ထုတ်သော ရုပ်မြင်သံကြားမှ နေ၍ ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဘေးအန္တရာယ် ကယ်ဆယ် ရေး ပစ္စည်းများကို အခမ်းအနားများဖြင့် လွှဲပြောင်းပေးနေပုံကို အဆက်မပြတ် လွှင့်ထုတ်နေသည်ဟု အေပီ သတင်းများမှ ဖော်ပြသည်။ ဘေးအန္တရာယ်ပြီးနောက် တစ်ပတ်မကအချိန်ကြာမြင့်သည်အထိ အိုးမဲ့အိမ်မဲ့၊ ထိခိုက်ဒဏ်ရာရခြင်း၊ သို့မဟုတ် ရောဂါဘယနှင့် ငတ် မွတ်မှုတို့ ခြိမ်းခြောက်ခြင်းခံရသော လူ ၁၀ ဦး လျှင် တစ်ယောက်သာ အကူအညီ အမျိုးအစား အချို့ကို လက်ခံရရှိ ခဲ့သည်။ ရက်သတ္တပတ် နှစ်ပတ် ထက်ပိုသော နောက်ပိုင်းအထိ အမှန်တကယ်လိုအပ်သော လူဦးရေ၏ ၂၅ ရာခိုင်နှုန်း ထံသို့သာ ကယ်ဆယ်ရေး အကူအညီများ ရောက်ရှိခဲ့သည်။ ဆိုင်ကလုန်း မုန်တိုင်းပြီးနောက် ကိုးရက်အကြာအထိ စစ်အစိုးရသည် အကူအညီပေးရေး လုပ်သားများကို ဗီဇာထုတ်ပေးရန် နှင့် မုန်တိုင်း ဒဏ်ခံရသော နေရာဒေသသို့ ဆက်သွယ် သွားရောက်ခွင့်ကို ငြင်းဆန်နေဆဲ ဖြစ်သည်။ အကူအညီ ပမာဏ အများအပြား ကို သယ်ဆောင်ရန် လေကြောင်း သို့မဟုတ် ပင်လယ်ရေကြောင်းလမ်းတစ်ခုကို ဖွင့်ပေးရန် ကုလသမဂ္ဂ သည် တောင်းဆိုခဲ့ပြီးအိပ်ခ်ျ အမ် အက်စ် ဝက်(စ်) မင်စတာ ကို ထိုနေရာဒေသသို့ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စု စစ်တပ်ပိုင် လေယာဉ်များ၊ သင်္ဘောများနှင့်အတူ စေလွှတ်ခဲ့သည်။ အကူအညီများကို တားမြစ်ပိတ်ပင်ထားမှု အပေါ်တွင် တက်ကြွစွာ လှုပ်ရှားသူများ၏ တုံ့ပြန်မှုအသင်းဝင် ၁၀,၀၀၀ ပါဝင်သော ဗမာ ( မြန်မာ) ဆိုင်ကလုန်းဘေးအန္တရာယ် ခံစားကြသူများအတွက် ကယ်ဆယ်ရေး ကြိုးပမ်းမှုများ ထောက်ပံ့ခြင်း ဟုခေါ်သည့် စာမျက်နှာသည် ၎င်း၏ အသင်းဝင်များကို အသုံးပြုပြီး မြန်မာနိုင်ငံ အတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ခြင်းနေ့ကို ၂၀၀၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်ခဲ့ သည်။ မြန်မာ့အရေးဆိုင်ရာ ကမ္ဘာအနှံ့ အရေးယူဆောင်ရွက်မှုကွန်ရက်၊ မြန်မာ ကင်(န်)ပိန်း ယူကေ၊ မြန်မာ့ ကနေဒီ ယန် မိတ်ဆွေများ၊ မြန်မာနိုင်ငံ အတွက် အမေရိကန် ပြည်ထောင်စု ကင်(န်)ပိန်း၊ ဘာမင်နီ အင်ဖို နှင့် မရေမတွက်နိုင်သော ပြည်တွင်း မိတ်ဖက်များ၏ အကူအညီဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်ခြင်းကို တောင်းဆို သည့် မြန်မာနိုင်ငံ အတွက် ကမ္ဘာလုံးဆိုင်ရာ အရေးယူခြင်းနေ့ကို ကမ္ဘာအနှံ့ရှိမြို့ကြီးများတွင် ၂၀၀၈ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် ကျင်းပခဲ့သည်။ စစ်ခေါင်းဆောင် သန်းရွှေ နှင့် စစ်အစိုးရ၏ ဆိုင်ကလုန်း နာဂစ် ဒဏ်ခံရသော သူများအား အကူအညီပေးခြင်းကို တားမြစ်ခြင်းအား ထင်ရှားသော တုံ့ပြန်မှု တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများမှ နေ၍ မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံးရိုက်ခတ်ခြင်း ခံရသည့် နေရာဒေသများသို့ အကူအညီများ ရောက်ရှိစေရန် လူသားချင်း စာနာထောက်ထားသည့် ဝင်ရောက်စွက်ဖက်မှုတစ်ရပ်ကို တောင်းဆိုခဲ့သည်။ စာရင်းနာဂစ်မုန်တိုင်းသည် ၎င်းကြောင့် သေဆုံးခဲ့ရမှုများကို မှတ်တမ်းများစွာ ပြုလုပ်ခဲ့သည့်အပြင် အခြားမှတ်တမ်းများကိုလည်း ပြုစုခဲ့သည်။ ပထမဦးဆုံးအနေဖြင့် နာဂစ်သည် ပြင်းအား အဆင့် ၄ ရှိသော မုန်တိုင်းဖြစ်ခဲ့ပြီး မြန်မာ့ သမိုင်းတွင် ထို့ပြင်းအားဖြင့် တိုက်ခတ်ခဲ့သည့် တစ်ခုတည်းသော မုန်တိုင်းဖြစ်သည်။ ဒုတိယအားဖြင့် မေလ ၂ ရက်နေ့တွင် SSHS အက်စ်အက်စ်အိခ်ျပေါ်တွင် ၎င်းသည် အဆင့် ၄ သို့ ရောက်ရှိခဲ့သောအခါ ထိုမြစ်ဝှမ်းဒေသတွင် ၃ နှစ် ဆက်တိုက် တစ်ဆက်တည်းအတွက် အဆင့် ၄ မုန်တိုင်း တစ်ကြိမ် သာ ဖြစ်ပေါ်ခဲ့ကြောင်း အမှတ်အသားပြုခဲ့သည် (2006's Mala ၂၀၀၆ ခုနှစ်တွင် မာလာ နှင့် စတင်ခြင်း)၊ ပြီးနောက် ၂၀၀၇ ခုနှစ်တွင် Sidr ဆီဒါ နှင့် Gonu ဂိုနု ဖြစ်ပြီး နာဂစ်နှင့် အဆုံးသတ်ခဲ့သည်။ ရည်ညွှန်းကိုးကား
ကိုးကား
|
Portal di Ensiklopedia Dunia