နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနအမျိုးသားစီးပွားရည်မှန်းချက်များနှင့်အညီ ပြည်ပနိုင်ငံ အဖွဲ့အစည်းများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထားရှိသည်။သမ္မတ ဦးထင်ကျော်လက်ထက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းခဲ့သည်။၂၀၁၈ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့ သမ္မတ ဦးဝင်းမြင့် လက်ထက်တွင် ဤဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနတို့ကို ခွဲထုတ်ကာ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ် ဖွဲ့စည်းခဲ့သည်။ ရည်ရွယ်ချက်များ
လုပ်ငန်းတာဝန်များနိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော မူဝါဒများနှင့် လမ်းညွှန်ချက်များနှင့်အညီ ဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သောချေးငွေ၊ အကူအညီနှင့် ပညာတော်သင် သင်တန်းများ စေလွှတ်ခြင်း အပါအဝင်၊ ကျွမ်းကျင်မှုအကူအညီများ ရရှိရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ နိုင်ငံအများနှင့် ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆက်သွယ်ရာ ဗဟိုဌာန (Focal point) အဖြစ် ဆောင်ရွက်သည်။ ဖွဲ့စည်းပုံနိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတွင် လက်ရှိ ဝန်ထမ်းအင်အား(၇၁)ယောက် ရှိပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(၂)ဦး၊ ဒုတိယ ညွှန်ကြား ရေးမှူး(၃)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၁၁)ဦး၊ ဦးစီးအရာရှိ (၂၀)ဦး နှင့် အမှုထမ်း ဝန်ထမ်း (၃၃)ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတွင် စီးပွားရေးနှင့် ကျွမ်းကျင်မှု နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲနိုင်ရေးအတွက် အောက်ဖော်ပြပါ ဌာနခွဲ(၅)ခုမှ တာဝန်ယူ ဆောင်ရွက်သည်။[၂]
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံများ၊ အဖွဲ့အစည်းများအကြား စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ယူ ဆောင်ရွက်ခြင်း၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှင့် အိုပက် ရန်ပုံငွေအဖွဲ့ ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအကြား စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များကို ညှိနှိုင်းဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား စီးပွားရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များကို ညှိနှိုင်းဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊
ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းနှင့် ချုပ်ဆိုမည့် သဘောတူစာချုပ်များအပေါ် ဥပဒေဆိုင်ရာ အကြံဉာဏ် သဘောထားများကို နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ပေးခြင်း၊
အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လွယ်ကူချောမွေ့စေရေး လုပ်ငန်းစဉ်တွင် အာဆီယံစီးပွားရေးဝန်ကြီးအတွက် ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်၊ အကိုးအကား
|
Portal di Ensiklopedia Dunia