မဟာဘာလီပူရမ်ရှိ အထိမ်းအမှတ်အဆောက်အဦး အစုအဝေး
မဟာဘာလီပူရမ်ရှိ အထိမ်းအမှတ်အဆောက်အဦး အစုအဝေး သည် အိန္ဒိယနိုင်ငံ တမီးနာဒူးပြည်နယ် မာမယ်လာပူရမ်မြို့တွင် ရှိသော အေဒီ ၇ ရာစု နှင့် ၈ ရာစုမှ ဘာသာရေး အထိမ်းအမှတ် အဆောက်အဦး အစုအဝေးဖြစ်ပြီး ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုလည်း ဖြစ်သည်။ .[၁][၂][၃] ဘင်္ဂလားပင်လယ်အော်ပေါ်ရှိ ကော်ရိုမန်ဒယ်ကမ်းရိုးတန်းပေါ်တွင် တည်ရှိပြီး ချန်နိုင်းမြို့ ၏ တောင်ဘက် ၆၀ ကီလိုမီတာ (၃၇ မိုင်) အကွာတွင် တည်ရှိသည်။[၁] ထိုဒေသတွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အဦး နှင့် တမီးလ်ဘုရားကျောင်း ၄၀၀ ခန့် ရှိပြီး[၄]ဂင်္ဂါမြစ်သို့ ဆင်းသက်ခြင်း သို့မဟုတ် အာဂျူးနား၏ အပြစ်ဝန်ခံခြင်း အမည်ရသည့် ကမ္ဘာပေါ်တွင် အကြီးမားဆုံးထဲတွင် ပါဝင်သည့် ဟင်းလင်းပြင်တွင် ထွင်းထုထားသော ကျောက်ထွင်းရုပ်တု တစ်ခု ပါဝင်သည်။[၁][၅] ထိုအစုအဝေးတွင် အထိမ်းအမှတ် အဆောက်အဦးအမျိုးအစား အမျိုးမျိုး ပါဝင်ပြီး အေဒီ ၆၃၀ မှ ၆၈၈ အတွင်း တည်ဆောက်ခဲ့သော ကျောက်တုံးတစ်တုံးထဲတွင် ထွင်းထုထားသည့် ချီတက်နေသော စစ်မြင်းရထားပုံများ ပါဝင်သည့် ရသ" ဘုရားကျောင်းများ၊ မဟာဘာရတဇာတ်တော်၊ ရှိုင်းဗစ်၊ ရှက်တီ နှင့် ဗိဿနိုးဘာသာဆိုင်ရာ စာများကို အိန္ဒိယဘာသာစကား အမျိုးမျိုးဖြင့် ရေးထိုးထားသော ဇာတ်ကြောင်းများပါဝင်သည့် မန္တပ ဝိဟာရ ခေါ် ဂူ ဘုရားကျောင်းများ အေဒီ ၆၉၅ မှ ၇၂၂ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ကျောက်တုံးကို ထွင်းထုထားသော ဘုရားကျောင်းများ နှင့် ၆ ရာစုမှ တူးဖော်ထားသော ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုများ ပါဝင်သည်။[၃][၆] ထိုဘုရားကျောင်းများကို ပါလာဗာမင်းဆက် လက်ထက်တွင် တည်ဆောက်ခဲ့သည်။ [၂][၃][၇] ကိုလိုနီခေတ်ထုတ်ဝေသော စာအုပ်စာတမ်းများတွင် ဘုရားခုနစ်ဆူဟု သိရှိကြပြီး မာမယ်လာပူရမ် ဘုရားကျောင်းများ သို့မဟုတ် မဟာဘာလီပူရမ် ဘုရားကျောင်းများ ဟု ယနေ့ခေတ် စာပေများတွင် ဖော်ပြလေ့ ရှိသည်။ ၁၉၆၀တွင် ပြန်လည်ထိန်းသိမ်းထားသော ဒေသအား အိန္ဒိယ ရှေးဟောင်းသုတေသန ကွင်းဆင်းလေ့လာရေးအဖွဲ့ မှ စီမံခန့်ခွဲသည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia