မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း

အသင်းအမှတ်တံဆိပ်

မြန်မာ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း (MCIA) ကို ၁၉၉၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကွန်ပျူတာလုပ်ငန်းရှင်များ၏ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းရုံးဆောင်ရွက်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ကွန်ပျူတာလုပ်ငန်းရှင်အသင်းဝင်ပေါင်း ၂၉၁ ဦးရှိသည်။

အသင်း၏ ရည်ရွယ်ချက်

အသင်း၏ ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်း ကွန်ပျူတာလုပ်ငန်းရှင် အသင်းဝင်များကို စုစည်းနိုင်ရန်နှင့် စည်းရုံးဆောင်ရွက်ရန်၊ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးဥပဒေပါ ရည်ရွယ်ချက်များနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ နှင့် ကွန်ပျူတာလုပ်ငန်းရှင်များ၏ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း၊ ပြည်ပဆက်သွယ်ဆောင်ရွက်မှုများကို ဖွဲ့စည်းရန် တို့ ဖြစ်သည်။

အသင်း၏ လုပ်ငန်းများ

  • နိုင်ငံတကာဆက်ဆံမှု တိုးမြှင့်ရေးဆပ်ကော်မတီ
  • ပြန်ကြားရေးနှင့် သတင်းဖြန့်ချိရေးဆပ်ကော်မတီ
  • Seminar နှင့် Training ဆပ်ကော်မတီ
  • IT လုပ်ငန်းကိစ္စရပ်များဖြေရှင်းရေးဆပ်ကော်မတီ
  • ICT Award ဆိုင်ရာ ပြုလုပ်ရေး ဆပ်ကော်မတီ
  • IT နှင့် ပတ်သက်၍ ကုမ္ပဏီများအား အကူအညီပေးရေး ဆပ်ကော်မတီ
  • ဈေးနှုန်းစိစစ်ရေး ဆပ်ကော်မတီ
  • ဘဏ္ဍာရေး ဆပ်ကော်မတီ

စသည့် ကော်မတီခွဲများ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပြီး

  • အသင်းဝင်ကုမ္ပဏီများ၏ ICT နှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စရပ်များကို ကူညီပေးခြင်းနှင့် အခြားအငြင်းပွားမှုများနှင့် ပြဿနာများကို ဖြေရှင်းညှိနှိုင်းပေးခြင်း ၊ Service Center များအား MICA အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း၊ ICT ကုမ္ပဏီများက ပြည်ပမှ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လျှောက်ထားရာတွင် ဈေးနှုန်းသတ်မှတ်မှုလွယ်ကူစေရန် ဈေးနှုန်းများကို စိစစ်သတ်မှတ်ပေးခြင်းများ စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

အသင်း၏ လှုပ်ရှားမှုများ

ကိုးကား

ပြင်ပလင့်ခ်များ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya