လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ ဘာသာရပ်![]() လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသည် လျှပ်စစ်အင်ဂျင်နီယာ၏ ဘာသာရပ်ခွဲဖြစ်သည်။လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူခြင်းနှင့် အသုံးချခြင်းဆိုင်ရာဘာသာရပ်နှင့်ထိုလုပ်ငန်းများနှင့်ဆိုင်သော ပစ္စည်းများကို လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနယ်ပယ်ဟုခေါ်သည်။ သမိုင်းကြောင်း![]() ၁၇ရာစုတွင် လျှပ်စစ်စွမ်းအားမှာ သိပ္ပံပညာ၏ စိတ်ဝင်စားမှုခံရသော ဘာသာရပ်ဖြစ်လာသည်။နောက် ၂ရာစုအတွင်း လျှပ်စစ်မီးသီးတီထွင်မှု၊ volraic pile (ဘက်ထရီ) တီထွင်မှု စသည့်အရေးပါသော တီထွင်မှုများပေါ်ပေါက်လာသည်။[၁][၂] လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနှင့် ပက်သက်၍ အကြီးမားဆုံးအပြောင်းအလဲမှာ မိုက်ကယ်ဖာရာဒေး၏တွေ့ရှိမှုဖြစ်သည်။၁၈၃၁ခုနှစ်တွင် Electromagnetic induction ဟုခေါ်သော လျှပ်ထုတ်စက်(generator)၊transformer များအလုပ်လုပ်ပုံကိုရှင်းလင်းနိုင်မည့် နိယာမတစ်ခုဖြစ်သည်။[၃] ၁၈၈၁တွင် လျှပ်စစ်ပညာရှင် ၂ဦးမှ အင်္ဂလန်နိုင်ငံ၊ဂိုဒမင်းတွင် ပထမဆုံး လျှပ်စစ်ထုတ်စက်ရုံကိုတည်ဆောက်ခဲ့သည်။ ထိုစက်ရုံတွင် ရေအားဖြင့်လည်သောဘီး ၂ခုဖြင့် ပြန်လှန်လျှပ်စီး(alternating current)ကိုထုတ်လုပ်ကာ လျှပ်စစ်မီးအိမ်(arc lamp) ၇ခုနှင့် Incandescent light bulb ၃၄ခုကိုလင်းစေခဲ့သည်။[၄] သို့သော် ပြတ်တောင်းပြတ်တောင်း ဖြစ်ခဲ့သည်။ ၁၈၈၂တွင် အက်ဒီစင်နှင့် သူ၏ကုမ္ပဏီဖြစ်သော The Edison Electric Light Company ကနယူးယောက်မြို့ ၊ပုလဲလမ်းတွင် ရေနွေးငွေ့သုံး လျှပ်စစ်ထုတ်စက်ရုံဆောက်ခဲ့သည်။ ထိုစက်ရုံတွင် လျှပ်ထုတ်စက်(generators)များစွာရှိပြီး သုံးစွဲသူ ၅၉ယောက်အတွက် ပေးနိုင်ခဲ့သည်။[၅][၆] ထိုစက်ရုံက တိုက်ရိုက်လျှပ်စီးကို သုံးခဲ့သည်။ ထိုနှစ်တွင်ပင် လန်ဒန်တွင် Lucien Gaulard နှင့် John Dixon Gibbsတို့မှ လျှပ်စစ်စနစ်တွင်သုံးနိုင်မည့် transformerကိုဖော်ပြခဲ့သည်။ လျှပ်စစ်စွမ်းအား![]() လျှပ်စစ်စွမ်းအား အင်ဂျင်နီယာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူခြင်းနှင့် အသုံးချခြင်းဆိုင်ရာဘာသာရပ်နှင့်ထိုလုပ်ငန်းများနှင့်ဆိုင်သော ပစ္စည်းများပါဝင်သည်။ ထိုအထဲတွင် transformersများ၊လျှပ်ထုတ်စက်များ(generators)၊မော်တာများစသည်တို့ပါဝင်သည်။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာများသည် လျှပ်ထိပ်ခေါင်းကိုမဆက်ထားသောနေရာတွင်လည်းလုပ်ကိုင်ရသည်။ နယ်ပယ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် နေရာရွေးချယ်ခြင်း၊ပုံစံရေးဆွဲ၍တည်ဆောက်ခြင်း၊ပစ္စည်းများတပ်ဆင်ခြင်း၊စွမ်းအင်ပြောင်းလဲခြင်း(စွမ်းအင်တစ်ခုမှ လျှပ်စစ်စွမ်းအင်)တို့ပါဝင်သည်။ လျှပ်စစ်စွမ်းအားထုတ်လွှတ်ခြင်းတွင် ဗို့အားပြောင်းလဲခြင်း၊ခွဲရုံများသို့အထိုင်ချခြင်း စသည်တို့ပါဝင်သည်။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းတွင် ခွဲရုံများမှ မြို့၊ရွာများရှိ သုံးစွဲသူများ၏အိမ်သို့သွယ်တန်းခြင်းတို့ပါဝင်သည်။ လျှပ်စစ်စနစ်ကာကွယ်ရေးမှာ လျှပ်စစ်စနစ်၏ တစ်နေရာရာတွင် ယိုယွင်းမှုများကို ရှာဖွေ၊ပြင်ဆင်ခြင်းများပါသည်။ စီမံကိန်းများတွင် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာများအနေဖြင့် အခြားသောနယ်ပယ်အင်ဂျင်နီယာများ(မြို့ပြ၊စက်မှု)စသည်တို့ဖြင့်ပူးတွဲလုပ်ဆောင်ရသည်။ ကိုးကား
|
Portal di Ensiklopedia Dunia