လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း![]() ![]() လျှပ်စစ်ထုတ်ဖော်ခြင်းသည် ရင်းမြစ်တစ်ခုမှလျှပ်စစ်ဓာတ်ကိုရယူသည့်အဆင့်ဖြစ်သည်။ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်မှ ထုတ်ဖော်ခြင်း၊သယ်ယူခြင်း၊ဖြန့်ဖြူးခြင်း(Generation,Transmission and Distribution) တွင် ထုတ်ဖော်ခြင်းအပိုင်းဖြစ်သည်။ ပြည်သူများထံလျှပ်စစ်ဓာတ်အားပို့ဆောင်ခြင်း၏ ပထမဆုံးအဆင့်ဖြစ်သည်။ လျှပ်စစ်ဆိုသည်မှာ သဘာဝတွင် အလိုအလျောက်တည်ရှိသော ရင်းမြစ်မဟုတ်ဘဲဖော်ထုတ်ရသည်။ ထုတ်လုပ်ခြင်းကို လျှပ်စစ်ထုတ်လုပ်ရုံများ(power plants)များတွင်ထုတ်လုပ်သည်။ ထုတ်လုပ်ရုံအမျိုးမျိုးရှိသည်။ဥပမာ~ရေအားလျှပ်စစ်၊ လေစွမ်းအင် စသည်တို့ဖြစ်သည်။ များသောအားဖြင့် လျှပ်စစ်ကို လျှပ်စစ်ထုတ်လုပ်ရုံရှိ စက်ကြီး(electromechanical generators)များကို ရေအား၊ လေအား၊ နယူးကလီယားဖြင့်အပူပေးခြင်းတို့ဖြင့် လည်ပတ်စေကာ ရရှိသည်။ သမိုင်းကြောင်းအခြေခံအချက်အလက်များကို ၁၈၂၀~၁၈၃၀ အစောပိုင်းတွင် ဗြိတိသျှပညာရှင် မိုက်ကယ်ဖာရာဒေး မှ လေ့လာတွေ့ရှိခဲ့သည်။ ၁၈၇၀တွင် ဟိုက်ဒရောလစ်တာဘိုင်များကို ဒိုင်နမိုနှင့် ချိတ်ဆက်ကာ လျှပ်စစ်ထုတ်လာသည်။ ပထမဆုံး လျှပ်စစ်ထုတ်လုပ်ရုံကို ရေအားနှင့် ကျောက်မီးသွေးအားများဖြင့် ထုတ်ခဲ့သည်။ ယနေ့အချိန်တွင် ကျောက်မီးသွေး၊ နယူးကလီးယား၊ သဘာဝဓာတ်ငွေ့၊ ဆီ၊ ရေအား၊ လေအား၊ ဒီရေအား၊ ဆိုလာစွမ်းအင်များဖြင့် ထုတ်လုပ်နေကြသည်။ လျှပ်စစ်ထုတ်လုပ်ခြင်းနည်းလမ်းများ![]() စက်ကြီးများ(Generators)လျှပ်စစ်ထုတ်လုပ်ရာ ဂျန်နရေတာများမှာ K.Eကို လျှပ်စစ်အဖြစ်ပြောင်းသည်။ ဤနည်းလမ်းမှာဖာရာဒေးနိယာမ ကို အခြေခံကာလျှပ်စစ်ထုတ်လုပ်ခြင်း၏ အများဆုံးသုံးသော နည်းဖြစ်သည်။ လျှပ်စစ်ဓာတု![]() လျှပ်စစ်ဓာတုသည် ဓာတုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို တိုက်ရိုက်ပြောင်းပေးသည်။(ဥပမာ~ဘက်ထရီ)ထိုနည်းကို မိုဘိုင်းပစ္စည်းများတွင်သုံးသည်။ ![]() လျှပ်စစ်ထုတ်လုပ်ခြင်း၏စီးပွားရေးများလျှပ်စစ်ဓာတ်ရောင်းချခြင်းသည် နေရာနှင့်အလိုက်ပြောင်းလဲနိုင်သည်။ ရေအားလျှပ်စစ်၊နယူးကလီးယား စသည့် လျှပ်စစ်ထုတ်လုပ်ရုံများကို ဒေသအလိုက်ရွေးချယ်ကြသည်။ အပူစွမ်းအင်သုံးစက်ရုံများကို စက်ရုံအလုပ်ရုံထူထပ်ရာဒေသများတွင် တွေ့နိုင်သည်။ နယူးကလီးယားစက်ရုံများမှာ လျှပ်စစ်ဝပ်ပေါင်းများစွာထုတ်နိုင်သော်လည်း ဂျပန်သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက် စိုးရိမ်စရာဖြစ်လာသည်။ ထုတ်လုပ်ရာစက်များ![]() တာဘိုင်လျှပ်စစ်ထုတ်လုပ်ရာစက်ရုံတိုင်း တာဘိုင်မှထုတ်လုပ်သည်။ ထိုတာဘိုင်ကို ရေအား၊ လေအား၊ အပူအား စသည်ဖြင့် လည်ကြသည်။ ထိုမှတစ်ဆင့် စက်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ရရှိသည်။
![]()
ဂျန်နရေတာများလျှပ်စစ်ဂျန်နရေတာများသည် တာဘိုင်လည်ပြီးနောက် လျှပ်စစ်ထွက်လာသည်။ မြန်မာပြည်နှင့်လျှပ်စစ်ဓာတ်အားမြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်သည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ လျှပ်စစ်ကို ရေအားမှ အဓိက ထုတ်လုပ်သည်။ အစောဆုံးသော ရေအားလျှပ်စစ်စက်ရုံမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးရှိ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ်(၂)ဖြစ်သည်။ လက်ရှိတွင် အကြီးဆုံးသောစက်ရုံမှာ မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့တောင်ဘက်ရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံဖြစ်သည်။ ရေအားလျှပ်စစ်နှင့်ပက်သက်၍ ပတ်ဝန်းကျင်ဆိုင်ရာ အတွက်ကန့်ကွက်မှုများဖြစ်သော မြစ်ဆုံဆည်တည်ဆောက်မှုနှင့် သံလွင်မြစ်ရှိဆည်များ တည်ဆောက်ခြင်းအတွက် ကန့်ကွက်နေမှုများလည်းရှိသည်။ ![]() ![]() ကိုးကား
|
Portal di Ensiklopedia Dunia