ဝီကီပီးဒီးယား:ပုံများတင်ခြင်း
![]() ဝီကီပီးဒီးယားတွင် ပုံများတင်ခြင်းသည်-
New wizard ကို အသုံးပြုပြီး ပုံများစွာကို တပြိုက်နက် တင်လိုပါက ဤနေရာကို နှိပ်ပါ။ ကံမကောင်းလှစွာပင် မူပိုင်ခွင့် အချက်အလက်များ မတိကျခြင်း သို့မဟုတ် မသင့်လျော်ခြင်း၊ မစုံလင်ခြင်းတို့ကြောင့် ဝီကီပီးဒီးယားမှ ပုံများစွာကို တင်ပြီး နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်းတွင် ဖယ်ရှားခြင်းခံနေရသည်။ အဆိုပါ အဆင့်များကို ပြီးပြည့်စုံပါက သင်တင်လိုက်သော ပုံသည် ဝီကီပီးဒီးယား၏ ဗဟုသုတစာရင်းတွင် တစိတ်တပိုင်းအဖြစ် ပါဝင်သွားပါလိမ့်မည်။ အောက်ပါတို့သည် ပုံတင်ရာတွင် လိုအပ်ချက် အနှစ်ချုပ် ဖြစ်သည်။ ခွင့်ပြုထားသော မူပိုင်ခွင့် အခြေအနေတို့တွင် အောက်ပါတို့ ပါဝင်သည်။
အကယ်၍ သင်သည် ပုံတစ်ပုံအား "တရားမျှတစွာ အသုံးပြုခြင်း" အဖြစ် တင်ရန် ရည်ရွယ်ပါက မူပိုင်ခွင့် ဥပဒေ အခွင့်အာဏာကို ကျွမ်းကျင်မှု ရှိထားရန် လိုအပ်သည်။ ပုံ၏ အခြေအနေနှင့် ပတ်သက်၍ မေးခွန်းများရှိလာပါက ယင်းပုံအား ဝီကီပီးဒီးယားတွင် ဆက်လက်ပါရှိစေနိုင်ရန်အတွက် သင့်အနေဖြင့် အချိန်နှင့် တပြေးညီ ကာကွယ်ဖြေရှင်းနိုင်ရမည် ဖြစ်သည်။ ဝီကီပီးဒီးယားမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် မကိုက်ညီသော ပုံများသည် ဝီကီပီးဒီးယားမှ ဖယ်ရှားခြင်း ခံရမည် ဖြစ်သည်။ အချက်အလက် မပြည့်စုံသော၊ ဖိုင်အရွယ်အစား ကြီးမားလွန်းသော၊ အခြားပုဂ္ဂိုလ်များအား ထိခိုက်နစ်နာစေသော ပုံများကို ဖယ်ရှားခြင်းအတွက် စိတ်မရှိပါနှင့်။ ဝီကီပီးဒီးယားသည် ဖတ်ရှုသူများစွာကို ဝန်ဆောင်မှုပေးနေပြီး သက်ရှိပုဂ္ဂိုလ်များ၏ ပုံကဲ့သို့သော ထိခိုက်လွယ်သည်များကို ကိုင်တွယ်ရာတွင် စံနမူနာ ဖြစ်စေရန် ဖြစ်သည်။ ထို့အပြင် မူပိုင်ခွင့် အခြေအနေနှင့် ပတ်သက်၍ ကျွမ်းကျင်လိမ္မာမှုရှိခြင်းဖြင့် သက်ရှိပုဂ္ဂိုလ်တစ်ဦး၏ ပုံတစ်ပုံသည် ထိုသူနှင့် အခြားသူများအား အနှောက်အယှက်ဖြစ်စေသည်ဟု ယူဆပါက ဆင်ခြင်တုံတရားဖြင့် ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းရန် အကြံပြုပါသည်။ ပုံများ မတင်မီ ပုံအသုံးပြုခြင်း မူဝါဒကို ဖတ်ရှုနားလည်ပြီး ဖြစ်ပါစေ။ အင်တာနက်ပေါ်တွင် သင်တွေ့ရနိုင်သော ပုံအများစုသည် မူပိုင်ခွင့် ရှိထားပြီးဖြစ်ကာ ယင်းတို့ကို ဝီကီပီးဒီးယားတွင် တင်ရန်အတွက် မသင့်လျော်ပါ။ ပုံကို သင်မဖန်တီးခဲ့ပါက သို့မဟုတ် ပုံ၏ မူပိုင်ခွင့် အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိပါက ပုံကို upload တင်ခြင်း မပြုပါနှင့်။ အလားတူ ပုံပိုင်ဆိုင်သူများက ပုံကို စီးပွားရေးအရ မဟုတ်သည်များတွင်သာ အသုံးပြုရန် သဘောတူထားသည် ဖြစ်ပါက ပုံပိုင်ဆိုင်သူများထံမှ ရှင်းလင်းပြတ်သားသော ခွင့်ပြုချက် ရှိထားသည်မှလွဲ၍ ခွင့်ပြုချက် မရှိထားသော ပုံများကို မတင်ပါနှင့်။ (ဤမူဝါဒအကြောင်းကို ဖတ်ရှုပါ) ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Commons:First steps/Upload form
နှင့် ပတ်သက်သော မီဒီယာ ရှိသည်။
ပုံအသစ်တစ်ပုံတင်ရန်အတွက် အဆင့်များမူပိုင်ခွင့်အခြေအနေကို ဆုံးဖြတ်ခြင်းမြန်မာဝီကီပီးဒီးယားသို့ ပုံတင်ရန်အတွက် ယင်းပုံ၏ မူပိုင်ခွင့် အခြေအနေကို သင့်အနေဖြင့် ပထမဦးစွာ ရှာဖွေသိရှိထားရမည် ဖြစ်သည်။ မူပိုင်ခွင့်ဆိုင်ရာဥပဒေများကြောင့် ပုံ၏ မူလရင်းမြစ်နိုင်ငံရှိ ပုံ၏ မူပိုင်ခွင့် အခြေအနေကို အတည်ပြုရန် ထပ်ဆောင်းလိုအပ်ပါသည်။ (အပြည့်အစုံရှင်းလင်းချက်ကို en:Wikipedia:Non-U.S. copyrights, နှင့် မူပိုင်ခွင့် သက်တမ်းများအကြောင်းကို en:Wikipedia:Copyright situations by country နှင့် Commons:Licensing တို့တွင် တွေ့ရှိနိုင်သည်။) သင့်ကိုယ်သင် ကာကွယ်မှုအတွက် သင်နေထိုင်ရာနိုင်ငံ၏ မူပိုင်ခွင့် ဥပဒေများသည် ပုံတင်သူ (သင်)အား ပြစ်ဒဏ်ကင်းလွတ်နိုင်ရန်မည်သည့် လိုအပ်ချက်များရှိနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားထားရန် လိုအပ်ပါသည်။ နောက်အဆင့်အနေဖြင့် သင့်ပုံဖိုင်အတွက် ဆီလျော်သော ဖိုင်မူပိုင်ခွင့် စာတွဲများ သတ်မှတ်ရန် ဖြစ်သည်။ လိုင်စင်မရှိသော မူပိုင်ခွင့်ရှိ ပုံများအကယ်၍ ပုံတစ်ပုံသည် (သင်သိထားသလောက်) လိုင်စင်သတ်မှတ်ထားခြင်း မရှိသော်လည်း ထိုပုံသည် မူပိုင်ခွင့်အောက်တွင် ရှိနေဆဲ ဖြစ်သဖြင့် မူပိုင်ခွင့် ပိုင်ဆိုင်သူထံမှ ပုံအသုံးပြုခွင့် ရယူရန် လိုအပ်သည်။ ခွင့်ပြုချက် ရယူရန်အတွက် စံသတ်မှတ်ထားသော ပုံစံကို en:Wikipedia:Declaration of consent for all enquiries အတိုင်း အသုံးပြုနိုင်သည်။ ထို့အပြင် မူရင်းပုံရှိရာ ဝဘ်ဆိုဒ်စာမျက်နှာတွင် ပုံအား ဆီလျော်သော အခမဲ့လွတ်လပ်လိုင်စင် တစ်ခု (ဤကဲ့သို့သော; CC BY-SA 3.0 သည် အရိုးရှင်းဆုံးဖြစ်ကာ ဝီကီပီးဒီးယား၏ စာသားများကိုလည်း ယင်းလိုင်စင်ဖြင့်ပင် သတ်မှတ်ပြီးဖြစ်သည်) ဖြင့် ဖြန်ချိကြောင်း ဖော်ပြထားသည့် အသိပေးချက်ကို တင်ထားပေးရန် မူပိုင်ခွင့်ပိုင်ဆိုင်သူအား သင့်အနေဖြင့် တောင်းဆိုနိုင်သည်။[Note ၁] အခမဲ့ လွတ်လပ်လိုင်စင်နှင့် အများပိုင် ပုံများIf, after looking over the Wikipedia:Copyright and Image copyright tags pages, you determine that the image is public domain or other free license (e.g. Creative Commons), then you may upload it to Wikimedia Commons. This is a shared repository for images and other media files. Images uploaded to Wikimedia Commons can easily be used here on English Wikipedia as well as by other language Wikipedias and Sister projects (the [[File:]] tag will find Wikimedia Commons images as if they were stored on Wikipedia). Another advantage of Wikimedia Commons is its category system that helps to organize and make images easy to find. An important caveat to Wikimedia Commons is that they do not accept fair use images.
တရားမျှတစွာ အသုံးပြုသော ပုံအကယ်၍ သင်တင်လိုသော ပုံသည် အခမဲ့လွတ်လပ်လိုင်စင်ဖြင့် သတ်မှတ်ထားခြင်း မရှိသော်လည်း ဝီကီပီးဒီးယား၏ တရားမျှတစွာ အသုံးပြုခြင်း သတ်မှတ်ချက်များ အားလုံးနှင့် ကိုက်ညီပါက ယင်းကို တရားမျှတစွာ အသုံးပြုရခြင်း အကြောင်းရင်းကို ဖော်ပြကာ မြန်မာဝီကီပီးဒီးယားသို့ တင်နိုင်သည်။ သတိပြုရန်မှာ တရားမျှတစွာ အသုံးပြုသော ပုံများကို ဝီကီမီဒီယာ ကွန်မွန်းစ်သို့ တင်ခြင်းကို ခွင့်မပြုထားသော်လည်း မြန်မာဝီကီပီးဒီးယားသို့ တင်ခြင်းအား ခွင့်ပြုထားသည်။ ပုံတင်ခြင်း လုပ်ငန်းစဉ်အကောင့်ဝင်ထားသော အလိုအလျောက် အတည်ပြုထားသည့် အကောင့် (အနည်းဆုံး လေးရက်သက်တမ်းနှင့် တည်းဖြတ်မှု အနည်းဆုံး ဆယ်ကြိမ် ပြုလုပ်ထားသော အကောင့်များ)သာလျှင် ပုံတင်နိုင်သည်။ သင့်တွင် အကောင့်မရှိပါက၊ သို့မဟုတ် အလိုအလျောက် အတည်ပြုထားခြင်း မရှိသေးပါက ကျေးဇူးပြု၍ Wikipedia:Files for upload ကို ကြည့်ပါ။ ပင်မစာမျက်နှာ၏ ဘယ်ဖက်ရှိ ကိရိယာများအောက်တွင်ရှိသော (Special:Upload သို့ ချိတ်ဆက်ထားသော) "ဖိုင်တင်ရန်" ကိုနှိပ်၍ ပုံတစ်ပုံကို upload တင်နိုင်သည်။
မှတ်စုများ
|
Portal di Ensiklopedia Dunia