ဝီကီပီးဒီးယား:အကောင့်တစ်ခု တောင်းဆိုရန်

ဝီကီပီဒီးယားသည် မလိုလားအပ်သော အကောင့်ဖန်တီးခြင်းများမှ ကာကွယ်ရန် CAPTCHA ဟူသည့် လုံခြုံရေးတစ်ခုကို အသုံးပြုထားသည်။ ယင်းသည် ကွန်ပျူတာ bot များအား အလိုအလျောက် အကောင့်များစွာ ဖန်တီးခြင်းမှ ကာကွယ်ထားသည်။ Screen ပေါ်တွင် ပေါ်လာသည့် စာလုံးအတိုင်း လူကိုယ်တိုင် ရိုက်ပေးရန်အတွက် လိုအပ်ချက်အဖြစ် ထည့်သွင်းထားသည်။ သို့သော် ယင်းကဲ့သို့ CAPTCHA စနစ်ဖြင့် မရင်းနှီးသူများ၊ အကောင့်တစ်ခုပြုလုပ်ရန် အခက်ကြုံနေသူများအတွက် အကောင့်တစ်ခုကို တောင်းဆိုနိုင်သည်။ တောင်းဆိုရာ၌ ဝီကီပီဒီးယား၏ အကောင့်ပြုလုပ်ခြင်း မူဝါဒများကို လိုက်နာရပေမည်။ အကောင့်သည် နာမည်တူရှိနေပြီးသားဖြစ်ပါက ခွင့်မပြုပေ၊ ယင်းအပြင် လက်ခံနိုင်ဖွယ်မရှိသော အကောင့်နာမည်များ၊ ပိတ်ပင်တားဆီးခြင်းခံရသော အကောင့်နာမည်များကိုလည်း ခွင့်ပြုမည်မဟုတ်ပေ။ ဤစာမျက်နှာသည် သင်၏ ယခင်ရှိနေပြီးသား အကောင့်နာမည်အား ဖျက်ဆီးရန်၊ ပြန်လည်ထိန်းသိမ်းရန်အလိုငှာ တောင်းဆိုရမည့်နေရာမဟုတ်သည်ကိုလည်း နားလည်ထားရပါမည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya