အကြောင်းရင်းများ ၁၃ ခုကတော့


အကြောင်းရင်းများ ၁၃ ခုကတော့
အမျိုးအစား
အခြေခံထားသည်မှာJay Asher
Thirteen Reasons Why
ဖွံ့ဖြိုးသူBrian Yorkey
သရုပ်ဆောင်
နောက်ခံစကားပြော
  • Katherine Langford (အတွဲ ၁)
  • Various (အတွဲ ၂)
  • Grace Saif (အတွဲ ၃)
  • Dylan Minnette (အတွဲ ၄)
တေးရေးဆရာ(များ)Eskmo[]
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အတွဲပေါင်း
အပိုင်းပေါင်း၄၉ (အပိုင်းများ စာရင်း)
ထုတ်လုပ်မှု
အမှုဆောင် ထုတ်လုပ်သူ
ထုတ်လုပ်သူ
  • Joseph Incaprera
တည်းဖြတ်သူLeo Trombetta
ရိုက်ကူးရေးပညာရှင်Andrij Parekh[]
Camera setupSingle-camera
ပြသချိန်၄၉–၉၈ minutes
ထုတ်လုပ်သည့် ကုမ္ပဏီ
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းနက်ဖလစ်
မူလပြသမှုမတ် ၃၁၊ ၂၀၁၇ (၂၀၁၇-၀၃-၃၁) – ဇွန် ၅၊ ၂၀၂၀ (၂၀၂၀-၀၆-၀၅)

အကြောင်းရင်းများ ၁၃ ခုကတော့ (13 Reasons Why,TH1RTEEN R3ASONS WHY ) သည် စာရေးဆရာ Jay Asher ရေးသားသော ၂၀၀၇ ခုနှစ် ဝတ္ထု Thirteen Reasons Why ကို အခြေခံထားသော အမေရိကန် ဆယ်ကျော်သက် ဒရာမာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခု ဖြစ်သည်။ Brian Yorkey မှ Netflix အတွက် Selena Gomez နှင့်အတူ သူမ၏ July Moon Productions နဖူးစည်းအောက်တွင် အမှုဆောင်ထုတ်လုပ်သူအဖြစ် ဖန်တီးထုတ်လုပ်ထားပြီး ဇာတ်လမ်းတွဲတွင် Dylan Minnette နှင့် Katherine Langford တို့နှင့်အတူ သရုပ်ဆောင် အဖွဲ့တို့က ပါဝင်သရုပ်ဆောင်ထားပြီး စိတ်ကူးယဉ် Liberty High School မှ ကျောင်းသားများနှင့် ခေတ်သစ်လူငယ်များအပေါ် သက်ရောက်မှုရှိသော လူမှုရေးဆိုင်ရာ ကျယ်ပြန့်သောပြဿနာများကို ခြေရာခံထားပါသည်။

ဇာတ်လမ်းတွဲသည် ပင်မအားဖြင့် Clay Jensen (Minnette) နှင့် ကျောင်းသားချင်း အပေါင်းအသင်း ဖြစ်သော Hannah Baker (Langford) ၏ သေကြောင်းကြံစည်မှု နောက်ဆက်တွဲကို ဗဟိုပြုထားသည်။ [] သူမမသေခင်မှာ ကက်ဆက်တိပ်ခွေ တစ်ဘူးကို ချန်ထားခဲ့ကာ သူမကိုယ်သူမသတ်သေရတဲ့ အကြောင်းရင်းနဲ့ သူမသေဆုံးမှုအတွက် တာဝန်ရှိတယ်လို့ ယုံကြည်တဲ့လူတွေကို အသေးစိတ်ပြောပြခဲ့ပါသည်။

ပထမအတွဲကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နက်ဖလစ် တွင်ထုတ်လွှင့်ခဲ့သည်။ ၎င်းကို ထုတ်လွှင့်ချိန်တွင် နက်ဖလစ် တွင် ဒုတိယလူကြည့်အများဆုံး ဇာတ်လမ်းတွဲဖြစ်လာခဲ့သည်။ နက်ဖလစ် သည် ကနဦးအပိုင်း ၁၃ ပိုင်းအောင်မြင်မှု[]ကြောင့် ဒုတိယအတွဲအတွက် အကြောင်းရင်းများ ၁၃ ခုကတော့ ကို သက်တမ်းတိုးခဲ့ရာ ဒုတိယအတွဲသည် ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။ တတိယအတွဲကို ဩဂုတ် ၂၃၊ ၂၀၁၉ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ပြီး၊ ထိုလတွင်ပင် ဇာတ်လမ်းတွဲကို ၂၀၂၀ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ထုတ်လွှင့်ခဲ့သော စတုတ္ထနှင့် နောက်ဆုံးအတွဲအတွက် သက်တမ်းတိုးခဲ့သည်။ [] []

အကြောင်းရင်းများ ၁၃ ခုကတော့ သည် ရောထွေးသော သုံးသပ်ချက်များကို ရရှိခဲ့သည်။ ပထမအတွဲသည် ၎င်း၏ အာဘော်များ၊ စိတ်ခံစားမှုအလေးချိန်၊ အကြောင်းအရာကိစ္စ၊ ဇာတ်ကောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် သရုပ်ဆောင်မှု၊ အထူးသဖြင့် Minnette နှင့် Langford တို့၏ ဖျော်ဖြေမှုများကို ချီးကျူးသည့် ဝေဖန်သူများနှင့် ပရိသတ်များမှ အကောင်းဘက်သဘောဆောင်သော သုံးသပ်ချက်များကို ရရှိခဲ့သည်။ သို့သော်၊ သတ်သေမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အနိုင်ကျင့်ခံရမှုများ နှင့်အတူ အခြား အရွယ်ရောက်သူတို့၏ အကြောင်းအရာများ ကဲ့သို့သော ကိစ္စရပ်များကို ၎င်း၏ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်မှုကြောင့် စိတ်ကျန်းမာရေး ပညာရှင်များထံမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းကို တုံ့ပြန်မှုအနေဖြင့် နက်ဖလစ် သည် ၂၀၁၈ မတ်လတွင် အပိုင်းတစ်ခုစီ၏အစတွင် ကြည့်ရှုသူများကို အတွဲတစ်ခုစီ၏ အာဘော်များအကြောင်း သတိပေးသည့် သတိပေးကတ်တစ်ခုကို ထည့်သွင်းခဲ့သည်။ [] ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် နက်ဖလစ် သည် ပထမအတွဲ ဇာတ်သိမ်းပိုင်းတွင် မိမိကိုယ်ကိုသတ်သေသည့်မြင်ကွင်းကို ဖြတ်ထုတ်ခဲ့သည်။ [] နောက်ပိုင်းအတွဲသုံးတွဲသည် အပျက်သဘောဆောင်သော ဝေဖန်တုံ့ပြန်မှုများကို ရရှိခဲ့သည်။ [] [၁၀] ဒုတိယအတွဲထုတ်လွှင့်ချိန်နှင့် တိုက်ဆိုင်စွာပ်င နက်ဖလစ် သည် ပြသမှုတွင်ပါဝင်သည့်အကြောင်းအရာအချို့နှင့်ပတ်သက်၍ ကြည့်ရှုသူများကိုသတိပေးခဲ့ကာ စိတ်ဓာတ်ကျမှု၊ စိုးရိမ်ပူပန်မှုနှင့် အခြားစိတ်ကျန်းမာရေးပြဿနာများကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးအခင်းဖုန်းနံပါတ်များနှင့်အတူ ပံ့ပိုးရေးဝဘ်ဆိုက်တစ်ခုကို ထောက်ပံ့ပေးခဲ့သည်။ [၁၁] သူမ၏သရုပ်ဆောင်မှုအတွက် Langford သည် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် - ရုပ်မြင်သံကြားဇာတ်လမ်းတွဲဒရာမာ အတွက် ရွှေကမ္ဘာလုံးဆု ရွေးချယ်ခံခဲ့ရသည်။ [၁၂]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named eskmo
  2. This Art Of The Shot: "13 Reasons Why" Director of Photography Andrij Parekh (July 18, 2017)။ December 23, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 7, 2019 တွင် ပြန်စစ်ပြီး။
  3. 13 Reasons Why။ January 13, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 17, 2020 တွင် ပြန်စစ်ပြီး။
  4. Goldberg၊ Lesley (November 7, 2017)။ 17 Execs Explain Why They Keep Renewing Limited SeriesThe Hollywood Reporter။ February 1, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 1, 2020 တွင် ပြန်စစ်ပြီး။
  5. White၊ Peter (August 1, 2019)။ 13 Reasons Why: Netflix Orders Fourth & Final Season Of Controversial Drama, Sets Season 3 Premiere DateDeadline Hollywood။ August 1, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 1, 2019 တွင် ပြန်စစ်ပြီး။
  6. Petski၊ Denise (May 11, 2020)။ 13 Reasons Why: Netflix Sets Premiere Date For Fourth & Final Season, Cast Says Goodbye – WatchDeadline Hollywood။ May 11, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 11, 2020 တွင် ပြန်စစ်ပြီး။
  7. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    Libbey၊ Peter။ "Netflix Adds a Warning Video to 13 Reasons Why"၊ March 22, 2018။ Archived from the original on June 13, 2018။ 
  8. Brito၊ Christopher (July 16, 2019)။ Netflix deletes graphic suicide scene from first season of "13 Reasons Why"။ July 17, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 7, 2019 တွင် ပြန်စစ်ပြီး။
  9. 13 Reasons Why: Season 3 reviews။ July 10, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 29, 2019 တွင် ပြန်စစ်ပြီး။
  10. 13 Reasons Why: Season 4 (2020)။ June 22, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 14, 2020 တွင် ပြန်စစ်ပြီး။
  11. 13 Reasons Why: Season 2 starts mental health debate (May 18, 2018)။ March 6, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 7, 2019 တွင် ပြန်စစ်ပြီး။
  12. 2018 Golden Globe TV Nominations - DramaOctober 7, 2019 တွင် ပြန်စစ်ပြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya