အမျိုးသား ထိုင်ဝမ် တက္ကသိုလ်
အမျိုးသား ထိုင်ဝမ် တက္ကသိုလ် (國立臺灣大學) (အတိုကောက်အားဖြင့် ထိုင်တာ့) သည် ထိုင်ဝမ်ရှိ သုတေသနပြု တက္ကသိုလ်ဖြစ်ပြီး ထိုင်ပေမြို့တွင် တည်ရှိသည်။ ထိုင်ပေအပြင် ထိုင်ဝမ်၏ အခြားဒေသများတွင်လည်း တက္ကသိုလ် နယ်မြေ ၆ ခုရှိသည်။[၂] လက်ရှိတွင် တက္ကသိုလ် လက်အောက်၌ ကောလိပ် ၁၃ ခု၊ တက္ကသိုလ် မေဂျာ ၅၄ ခု၊ မဟာတန်း မေဂျာ ၉၆ ခုနှင့် သုတေသနဌာန ၄ ခုရှိသည်။[၃] ပညာရေး နယ်ပယ် ၁၀၀ ကျော်အတွက် ဘွဲ့များကို အပ်နှင်းလျက်ရှိသည်။ ထိုင်ဝမ်တက္ကသိုလ်သည် ထိုင်ဝမ်တွင် နံပါတ် ၁ အဆင့်ရှိပြီး ကမ္ဘာပေါ်တွင် နံပါတ် ၉၅ မြောက် အကောင်းဆုံး တက္ကသိုလ်ဖြစ်သည်။[၄][၅][၆] ၂၀၁၀ ခုနှစ်တွင် နံပါတ် ၉၄ နေရာသို့ တစ်ဆင့်တိုးလာသည်။[၇]. ထိုင်ဝမ်တက္ကသိုလ်ကို ၁၉၂၈ ခုနှစ်တွင် ဂျပန်ကိုလိုနီခေတ်၌ ထိုင်ဟိုကု တဲအိကိုကု ဒိုင်းဂါ့ကု (臺北帝國大學 - ထိုင်ပေ အင်ပါယာ တက္ကသိုလ်) ဆိုသည့် အမည်ဖြင့် တည်ထောင်ခဲ့သည်။ ထိုစဉ်အခါက ဂျပန်၏ သတ္တမမြောက် အင်ပါယာ တက္ကသိုလ် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးနောက် တရုတ်သမ္မတနိုင်ငံ အစိုးရမှ ဂျပန်တို့ထံမှ လက်လွှဲယူကာ ၁၉၄၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အမျိုးသား ထိုင်ဝမ် တက္ကသိုလ်အဖြစ် အမည် ပြောင်းလဲခဲ့သည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia