အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် (အင်္ဂလိပ်: Secretary General of the ASEAN) သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်ဖြစ်သည်။[၁] အာဆီယံပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များအရ အထွေထွေအတွင်းရေးမှူးချုပ်ကို အာဆီယံထိပ်သီးအစည်းအဝေးကြီးက ရွေးချယ်ခန့်အပ်ရသည်။ခန့်အပ်ရာတွင် သက်တမ်းတိုးခွင့်မရှိသော (၅)နှစ်သက်တမ်းတစ်ခုအတွက် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများအတွင်းမှ နိုင်ငံအမည်အက္ခရာစဉ်အလိုက် အလှည့်ကျ ရွေးချယ်ရမည်ဖြစ်သည်။သိက္ခာသမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျား၊မ တန်းတူရှိမှုကို အခြေခံ၍ ရွေးချယ်ရမည်ဖြစ်သည်။[၂] တာဝန်နှင့် ဝတ္တရားများ
အထွေထွေအတွင်းရေးမှူးချုပ်များ
ဒုတိယအတွင်းရေးမှူးချုပ်များအထွေထွေအတွင်းရေးမှူးချုပ်ကို ကူညီရန်အတွက် ဒုတိယဝန်ကြီးအဆင့်ရှိသော ဒုတိယအတွင်းရေးမှူးချုပ် (၄)ဦးရှိသည်။ထို (၄)ဦးမှာ အတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံတည်းမဖြစ်စေရသည့်အပြင် မတူညီသည့် နိုင်ငံအသီးသီးမှ ခန့်အပ်ရမည်ဖြစ်သည်။(၄)ဦးအနက် (၂)ဦးမှာ သက်တမ်းတိုးနိုင်ခြင်းမရှိသည့် (၃)နှစ်ကို ထမ်းဆောင်နိုင်ပြီး ကျန်(၂)ဦးမှာ အရည်အချင်းပေါ်မူတည်၍ နောက်ထပ်(၃)နှစ် သက်တမ်းတိုးနိုင်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia