အွန်လိုင်းစွယ်စုံကျမ်းစွယ်စုံကျမ်းထုတ်လုပ်ရိုက်နှိပ်သည့် ကုမ္ပဏီကြီးများသည် အင်တာနက်ခေတ်တွင် အခမဲ့ဖြစ်စေ၊ အခကြေးနှင့်ဖြစ်စေ Online Encyclopedia အွန်လိုင်းစွယ်စုံကျမ်းများ ပေါ်လာသည်။ နာမည်ကျော် ဝီကီပီးဒီးယား Wikipedia ဟုခေါ်သော အင်တာနက်အခမဲ့ စွယ်စုံကျမ်းကို အင်္ဂလိပ်ဘာသာ အသုံးပြုသူ များစွာ အခမဲ့ကြည့်ရှု၊ တည်းဖြတ်နိုင်သည်။ ၂ဝ၁၃-ခု တွင် အချက်လက်ပေါင်း ၄.၂သန်းရှိသည်။ အခြားဘာသာ ဝီကီပီးဒီးယားများလည်း အချက်အလက် တစ်သန်းကျော်ရှိသည်။ ဥပမာ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ အီတလိ၊ ဂရိ..စသည့်ဘာသာရပ်များဖြစ်သည်။ ဂျပန်ဝီကီတွင် အချက်အလက် ၈သိန်း၊ ကိုးရီးယားဝီကီသည် အချက်အလက် ၆သိန်းရှိကြသည်။ ဝီကီပီဒီယာ အခမဲ့ အွန်လိုင်းစွယ်စုံကျမ်း Jul-2013 အချက်အလက်အရေအတွက်မှာ-
တရုပ်ဝီကီ အသုံးနည်းလာသည်။ အထူးသဖြင့် တရုတ်ပြည်မှ Baidu Baike (အချက်အလက် ၅.၃သန်း 2012) နှင့် Hudong (အချက်အလက် ၆.၄သန်း 2012) တို့သည် သီးသန့်ပေါ်ထွက်လာသော အခမဲ့ အွန်လိုင်းစွယ်စုံကျမ်းများ ဖြစ်သည်။ ကိုရီးယားစကားဖြင့် Encyber အခမဲ့ အွန်လိုင်းစွယ်စုံကျမ်းသည် နံပါတ်(၁)ဖြစ်နေသည်။ မြန်မာ့စွယ်စုံကျမ်း တည်းဖြတ်ပုံနှိပ်မှုမလုပ်နိုင်မီ ဝါသနာရှင်များက အွန်လိုင်းမြန်မာစွယ်စုံကျမ်း ကို ဝီကီပီးဒီးယားတွင် စတင်ခဲ့သည်။ မူလက ဇော်ဂျီဖောင့်ဖြင့် စတင်သော်လည်း နောက်ပိုင်းတွင် ဝီကီပီးဒီးယား ယူနီကုတ်ဖောင့် ၅.၂ ဖြင့် www.my.wikipedia.org တွင် အချက်အလက်ပေါင်း ၃သောင်းကျော် (2013) ထည့်သွင်းထားပြီးဖြစ်သည်။ အွန်လိုင်းမြန်မာစွယ်စုံကျမ်းကို ရေးသား၊ တည်းဖြတ်ရန် လုပ်အားပေးများလိုအပ်နေသည်။ အွန်လိုင်း မင်ဘာ ရီဂျစ်စတာလုပ်ပြီး ကူညီလုပ်အားပေးနိုင်သည်။ ဇော်ဂျီဖောင့်ဖြင့် အသားကျနေသူများအတွက် အွန်လိုင်း ဖောင့်ကွန်ဗတ်တာ ရှိသည်။ ကနောင်ဖောင့်ကွန်ဘတ်တာ ကို ဒေါင်းလုပ်ပြီး ဇော်ဂျီဖောင့်မှ ယူနီကုဒ် ၅.၂ ဖောင့်သို့ အလွယ်တကူပြောင်းယူနိုင်သည်။ ကိုးကား |
Portal di Ensiklopedia Dunia