၂၀၂၀ ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှု
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ကျောက်စိမ်းမှော်၌ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ထိုမြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၇၄ ဦး သေဆုံးခဲ့ရသည်။[၁] မြေပြိုမှုဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သော ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် လူ ၁၀၀ ခန့် ပျောက်ဆုံးပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိခဲ့ရသည်။[၂][၃][၂] သေဆုံးဒဏ်ရာရခဲ့သူများသည် ကျောက်တူးဖော်သူ ကုမ္ပဏီများ၏ စက်ကြီးကားများဖြင့် စွန့်ပစ်ရာ ကျောက်များစုပုံထားသည့် ကျောက်ပုံခြေများတွင် ခနော်ခနဲ့အိမ်များဖြင့် နေထိုင်ကြသော တကိုယ်ရည် တကာရ ရေမဆေး ကျောက်ရှာဖွေကြ သူများ ဖြစ်သည်။ ဒေသစံတော်ချိန် ၆ နာရီခွဲခန့်တွင် သည်းထန်စွာ ရွာသွန်းခဲ့သော မိုးသည် ကျောက်မိုင်းများမှ စွန့်ပစ်မြေစာပုံကြီး ပြိုကြစေရန် ကူညီပေးသကဲ့သို့ဖြစ်ရာမှ ကျောက်ပုံကြီးသည် ကန်အတွင်းသို့ လျောကျပြိုဆင်းခဲ့သည်။ ထိုသို့ပြိုဆင်းခဲ့ရာမှ ရေနှင့်ရွံ့လှိုင်းတို့သည် ထိုတူဖော်သည့် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်လျက်ရှိသော အလုပ်သမားများကိုပါ မြုပ်၍ သေစေခဲ့သလိုဖြစ်သွားစေခဲ့သည်။[၃] မြန်မာနိုင်ငံတွင် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ရောင်းချရာမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရရှိခဲ့သော်ငြား ထိုလုပ်ငန်းသည် အသေအပျောက်နှင့် မတော်တဆမှုများဖြင့် ကျော်ကြားခဲ့လေရာ ယခုတချိန် ၂၀၂၀ ခုနှစ် မြေပြိုမှုဘေးသည့် အသေအပျောက်အများဆုံးသော မြေပြိုမှုဖြစ်ခဲ့လေသည်။[၄] နောက်ခံ အခြေအနေ![]() ![]() မြန်မာနိုင်ငံသည် ကျောက်စိမ်းအများအပြားတင်ပို့သော နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်စာရင်းဇယားများအရ အမေရိကန်ဒေါ်လာ ၇၉၀ သန်း ကြေးရှိသော ကုန်သွယ်မှုများပြုလုပ်နိုင်ခဲ့သော်ငြား တရားဝင်မဟုတ်သော ရောင်းချမှုများပါဆိုလျှင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀–၃၁ ဘီလီယံမျှ ရှိနိုင်သည်။ ထိုကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း၌ မိုင်းတွင်းများတွင် မကြာခဏဆိုသလို မတော်တဆမှုများ ဖြစ်ပွားခဲ့သည်။ ကမ္ဘာ၏ အကြီးမားဆုံးသော ကျောက်စိမ်းတွင်းသည်ထိုမတော်တဆမှုများဖြစ်ပွားရာ ဖားကန့်မြို့၊ ကချင်ပြည်နယ်တွင် တည်ရှိသည်။ မကြာသေးမီနှစ်များအတွင်း၌လည်း မတော်တဆမှုများကြောင့် ကျောက်တူးသမားများ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီး အန္တရာယ်ရှိသော အခြေအနေ၌ အလုပ်လုပ်နေကြသော ရေမဆေးကြောက် ရှာဖွေသူများ ပါဝင်ခဲ့သည်။ ထိုရေမဆေးကျောက်ရှာဖွေသူများသည် စက်ကြီးများမှ စွန့်ပစ်သော မြေစာပုံအခြေများတွင် နေထိုင်ကြသည်။ ထို့ပြင် ထိုသူတို့သည် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်ရှာဖွေလုပ်ကိုင်သူများ ဖြစ်ကြလေရာ မှတ်ပုံတင်ခြင်းမျာလည်းမရှိကြသဖြင့် လူပျောက်ရှာဖွေရာမှာ ခတ်ခဲခြင်းများ ကြုံတွေခဲ့ရသည်။ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များတွင် စွန့်ပစ်မြေစာများကို လူရာနှင့်ချီ၍ ရေမဆေးကျောက် ရှာဖွေခြင်းများ လုပ်ကိုင်ကြသည်။ ကုန်းစောင်းများမှသွန်ချလိုက်သော မြေစာတို့သည် ပြိုကျလွယ်သော မြေစာပုံများဖြစ်၍နေသည်။ ၂၀၁၅ ခုနှစ်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၁၇ ဦး သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် ၂၀၁၆ ခုနှစ်တွင် ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် အစိုးရအဖွဲ့သည် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး မတော်တဆမှုများ နည်းပါးအောင် ဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။ သေဆုံးမှုများ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ ညနေခင်းအရ ထိုမြေပြိုရာနေရာမှ သေဆုံးခဲ့သူ ၁၇၂ ဦးအား ရှာဖွေတွေ့ရှိခဲ့ပြီး ၅၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြင်းထန်စွာ ရွာသွန်းခဲ့သော မိုးများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးမှုများ ဖြစ်ခဲ့ရသည်။ ဓာတ်ပုံများအရ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော ခန္ဓာကိုယ်များသည် တောင်ကမူပေါ်တွင် စီတန်းနေသည်ကို တွေ့ရှိခဲ့ရသည်။ ရွံ့နွံများထဲတွင် ရုပ်အလောင်းများတွေ့ရှိမှုကြောင့် သေဆုံးမှုသည် မြင့်တက်လာနိုင်သည်ဟု ယူဆကြသည်။ ဇူလိုင်လ ၃ ရက်၊ သောကြာနေ့တွင် စက်ကြီးများဖြင့် တူးဖော်ပြီး မြေပြိုမှုဖြစ်ရာအနီးတွင် မြုပ်နှံခဲ့သည်။ မြန်မာနိုင်ငံရှိ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းသည် အသေအပျောက်နှင့် မတော်တဆမှုများဖြင့် နာမည်ကြီးခဲ့လေရာ ယခုအခါ မြေပြိုမှုသည် ယနေ့အချိန်ထိ သေဆုံးမှု အများဆုံးသော မြေပြိုမှုဖြစ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူမှုများသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်သော လုံးခင်း ဖားကန့်ရတနာမြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[၅] မြေပြိုကျမှုအတွက် လုံခြုံရေးတာဝန်ရှိသူများဖြစ်သော တပ်မတော် တပ်မှူး တစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို အရေးယူလိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။[၆] ကိုးကား
|
Portal di Ensiklopedia Dunia