ကစ္ဆပနဒီ
ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ သေလာဂီရိမောရပ္ပတ္တတောင်၏အရှေ့ဘက်တွင်တည်ရှိသည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာသည်။ ဒေသခံပြည်သူများက အရပ်အခေါ် ကုလားတန်မြစ် ဟုခေါ်သည်။ စာပေများတွင် ဂစ္ဆပနဒီ(ခေါ်)ကုလားတန်မြစ်ဟု တွေ့ရသည်။ ယခင်က ဒေသခံပြည်သူများသည်လမ်းပန်းဆက်သွယ်ရေးအဖြစ် ကုလားတန်မြစ်ကို ရေလမ်းခရီးအဖြစ် အားပြုကြရသည်။ ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်သည်။ ထူးခြားထင်ရှားသည့်အချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်သည်။[၁] ![]() နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ကစ္ဆပနဒီတံတားကြီးကို တည်ဆောက်ခဲ့သည်။ ရန်ကုန်- စစ်တွေ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကုန်စည်ကူးသန်းမူအတွက် အလွန်အရေးပါသော တံတားဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia