ကမ္ဘာ့အမွေအနှစ်နေရာ![]() ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ (UNESCO World Heritage Site) ဆိုသည်မှာ နေရာတစ်ခု (သစ်တော၊ တောင်၊ ကန်၊ ကျွန်း၊ ကန္တာရ၊ အထိမ်းအမှတ်နေရာ၊ အဆောက်အအုံ၊ စုပေါင်းထားသည့်နေရာ သို့မဟုတ် မြို့ စသည်) ဖြစ်ပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ အထူးယဉ်ကျေးမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထင်ရှားအရေးပါမှုအရ (ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်း ကို ကြည့်ရန်) စာရင်းသွင်းသတ်မှတ်ထားသည့် နေရာဖြစ်သည်။[၁] ထိုစာရင်းကို အထွေထွေညီလာခံမှ ရွေးချယ်သည့် ယူနက်စကို အဖွဲ့ဝင် ၂၁ ခုဖြင့်ဖွဲ့စည်းထားသော ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ် အစီအစဉ် မှ ထိန်းသိမ်းထားသည်။[၂] လူသားများ၏ ယေဘုယျအမွေအနှစ်အတွက် အရေးပါအရာရောက်သည့် ယဉ်ကျေးမှုအရ သို့မဟုတ် သဘာဝအရ ထင်ရှားပေါ်လွင်သည့် နေရာဒေသများကို အမည်စာရင်းပြုစုခြင်း နှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမွေအနှစ် အစီအစဉ်မှ ဆောင်ရွက်သည်။ သတ်မှတ်ထားသည့် အခြေအနေများအရ စာရင်းဝင်နေရာဒေသများအတွက် ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေမှ ရန်ပုံငွေရရှိသည်။ အစီအစဉ်ကို ၁၉၇၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ယူနက်စကို အထွေထွေတွေ့ဆုံဆွေးနွေးပွဲမှ ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ ညီလာခံဖြင့် စတင်ခဲ့သည်။[၃] ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ၁၀၇၃ နေရာကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ၁၆၇ နိုင်ငံရှိ ယဉ်ကျေးမှုဆိုင်ရာ ၈၃၂ နေရာ၊ သဘာဝနေရာ ၂၀၆ ခုနှင့် အရောအနှောနေရာ ၃၅ ခု ပါဝင်သည်။[၄][၅] နိုင်ငံအလိုက် နေရာများအရ အီတလီနိုင်ငံသည် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၅၃ ဖြင့် ထိပ်ဆုံးတွင်ရှိကာ၊ ယင်းနောက်တွင် တရုတ်နိုင်ငံ (၅၂)၊ စပိန်နိုင်ငံ (၄၆)၊ ပြင်သစ်နိုင်ငံ (၄၃)၊ ဂျာမနီနိုင်ငံ (၄၂)၊ အိန္ဒိယနိုင်ငံ (၃၆)၊ မက္ကဆီကိုနိုင်ငံ (၃၄) နှင့် ယူနိုက်တက်ကင်းဒမ်းနှင့် ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေများမှ (၃၁)ခု အသီးသီးဖြစ်သည်။ ရွေးချယ်မှု စံညွှန်း၂၀၀၄ ခုနှစ်အထိ ယဉ်ကျေးမှုအမွေအနှစ်များအတွက် စံညွှန်း ခြောက်ခုနှင့် သဘာဝအမွေအနှစ်များအတွက် စံညွှန်း လေးခု ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ယင်းတို့ကို ပြင်ဆင်ပြောင်းလဲခဲ့ကာ လက်ရှိတွင် တပေါင်းတည်း စံနှုန်း ဆယ်ခုအဖြစ် သတ်မှတ်ထားသည်။ အဆိုပြုသော နေရာများသည် "ကမ္ဘာ့တန်ဖိုးထားချက်များ" (outstanding universal value) ဖြစ်ရမည်ဖြစ်ပြီး စံညွှန်း ဆယ်ခုအနက် တစ်ခုနှင့် ကိုက်ညီရမည် ဖြစ်သည်။[၆] ယင်းစံညွှန်းများကို စတင်ဖန်တီးစဉ်မှစ၍ ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယဉ်ကျေးမှု စံညွှန်း![]()
သဘာဝ စံညွှန်း![]() ![]()
အချက်အလက်များနိုင်ငံပေါင်း ၁၆၇ ခုတွင် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၁၀၇၃ နေရာကို သတ်မှတ်ထားပြီးဖြစ်ကာ ယင်းတို့တွင် ယဉ်ကျေးမှုဆိုင်ရာ ၈၃၂ နေရာ၊ သဘာဝနေရာ ၂၀၆ ခုနှင့် အရောအနှောနေရာ ၃၅ ခု ပါဝင်သည်။ ကမ္ဘာ့အမွေအနှစ်ကော်မတီသည် ကမ္ဘာအား အာဖရိက၊ အာရပ်ပြည်ထောင်စုများ၊ အာရှနှင့် ပစိဖတ်၊ ဥရောပနှင့် မြောက်အမေရိက၊ နှင့် လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသအဖြစ် ပထဝီဝင်ဇုန်ကြီး ငါးဇုန် ခွဲခြားထားသည်။ ရုရှားနှင့် ကော့ကေးဆပ်ဒေသတို့ကို ဥရောပအဖြစ် သတ်မှတ်ထားပြီး၊ မက္ကဆီကိုနှင့် ကာရစ်ဘီယံတို့သည် မြောက်အမေရိကတွင် တည်ရှိသော်လည်း လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသတွင်း ထည့်သွင်းထားသည်။ အောက်ပါဇယားသည် ယင်းဇုန်များနှင့် တည်ရှိသော နေရာဒေသများ စာရင်း ဖြစ်သည်။[၈][၉]
*မွန်ဂိုလီးယားနှင့် ရုရှားရှိ ယူဗွီစ်နော့ ချိုင့်ကြီး မှာ ဥရောပ၊ အာရှနှင့် ပစိဖိတ်ဒေသအတွင်းတွင် တည်ရှိသည်။ ယင်းကို အာရှ-ပစိဖိတ်ဇုန် အတွင်းတွင် ထည့်သွင်းထားသည်။ * နေရာများအချို့မှာ တစ်နိုင်ငံထဲတွင်မက ရှိနေခြင်းကြောင့် နေရာဒေသအရနှင့် နိုင်ငံအလိုက်စာရင်းများထဲတွင် ထပ်ခါပါဝင်လျက်ရှိသည်။ နိုင်ငံအလိုက် စာရင်းဇယားများအတွက် နိုင်ငံအလိုက် ကမ္ဘာ့အမွေအနှစ်နေရာများ ဇယားကို ကြည့်ပါ။ ပိုင်နက်အလိုက် ခွဲခြားထားမှုများမှတ်ချက်။ ။ အောက်ပါစာရင်းများမှာ ကမ္ဘာ့အမွေအနှစ်နေရာ ဆယ်ခုနှင့်အထက်ရှိသည့် နိုင်ငံများဖြစ်ပြီး ၂၀၁၇ ဇူလိုင်လအထိ စာရင်းဖြစ်သည်။
![]() အခြားကြည့်ရန်ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia