ကမ္ဘာ့အမွေအနှစ် ကော်မတီ![]() ကမ္ဘာ့အမွေအနှစ် ကော်မတီ (World Heritage Committee) သည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများ စာရင်းကို ရွေးချယ်သတ်မှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ ကော်မတီသည် ကမ္ဘာ့အမွေအနှစ် ညီလာခံ ပြုလုပ်ခြင်း၊ ရန်ပုံငွေသုံးစွဲမှု စီမံခန့်ခွဲခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုမှုများအရ ဘဏ္ဍာရေးအကူအညီများ ခွဲဝေသတ်မှတ်ခြင်း စသည်တို့ကို ဆောင်ရွက်သည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၁ ခုဖြင့် ဖွဲ့စည်းထားပြီး[၁] လေးနှစ်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ၏ အထွေထွေညီလာခံမှ ရွေးချယ်သည်။[၂] ကမ္ဘာ့အမွေအနှစ် ညီလာခံအရ ကော်မတီအဖွဲ့ဝင်နိုင်ငံတစ်ခု၏ သက်တမ်းမှာ ခြောက်နှစ်ဖြစ်သော်လည်း အဖွဲ့ဝင်နိုင်ငံအများစုမှာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆန္ဒအလျောက် လေးနှစ်အဖြစ် ပါဝင်ရွေးချယ်ကြသည်။[၂] ၁၅ ကြိမ်မြောက် အထွေထွေညီလာခံ (၂၀၀၅) တွင် အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ကော်မတီအဖွဲ့ဝင်သက်တမ်းကို ခြောက်နှစ်မှ လေးနှစ်သို့ လျော့ချရန် ဆုံးဖြတ်ခဲ့သည်။[၂] အစည်းအဝေးများကမ္ဘာ့အမွေအနှစ် ကော်မတီသည် တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးကာ ရှိနှင့်ပြီးသော ကမ္ဘာ့အမွေအနှစ်နေရာများ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံများမှ တင်သွင်းသော စာရင်းကို ရွေးချယ်သတ်မှတ်ခြင်းတို့ကို ပြုလုပ်သည်။[၂]
အဖွဲ့ဝင်များယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီ အဖွဲ့ဝင်နိုင်ငံများ
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia