ကမ်းနားလမ်း၊ ရန်ကုန်မြို့ကမ်းနားလမ်းသည် ရန်ကုန်မြို့လယ်ရှိ အဓိကလမ်းမတစ်ခုဖြစ်ပြီး အနောက်မှ အရှေ့သို့ ရန်ကုန်မြစ်နှင့်အပြိုင် ဖောက်လုပ်ထားသည်။ ကမ်းနားလမ်းပေါ်တွင် အရေးကြီးသော အစိုးရအဆောက်အဦများဖြစ်သည် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ရုံး၊ ဗဟိုစာတိုက်ကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဗြိတိသျှသံရုံးတို့ တည်ရှိသည်။ ထိုလမ်းပေါ်တွင် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်သော ကမ်းနားဟိုတယ်(Strand Hotel) တည်ရှိပြီး အဆိုပါဟိုတယ်ကို ၁၉၀၁ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၁] ၂၀၁၁ ခုနှစ်တွင် အေရှားဝေါကုမ္ပဏီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ကမ်းနားလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။[၂] ထိုပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် လမ်းများတို့ချဲ့ခြင်းတို့ပါဝင်ပြီး ထိုအထဲတွင် နှစ်လမ်းသွား ရထားလမ်းတစ်ခုပါဝင်ပြီး ၉ ကီလိုမီတာ (၅.၆ မိုင်) ရှည်လျားပြီး ဗိုလ်တထောင်မြို့နယ်မှ ကြည့်မြင်တိုင်မြို့နယ်သို့ ဆက်သွယ်ထားသည်။ ထိုလမ်းကို ဖောက်လုပ်ရန်အတွက် အဆောက်အဦ ၁၈၂ ခုအား ဖြိုဖျက်ရန်လိုအပ်ပြီး ထိုအထဲတွင် တိုက်ခန်းအိမ်ရာများ၊ အစိုးရအဆောက်အဦများနှင့် ကုန်လှောင်ရုံများပါဝင်သည်။[၃] ဓာတ်ပုံပြခန်း
ကိုးကား
|
Portal di Ensiklopedia Dunia