ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

Yangon City Development Committee
ရန်ကုန်မြို့တော်အစိုးရအဖွဲ့အစည်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

ရန်ကုန်မြို့တော်ခန်းမ
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်မေ ၁၄၊ ၁၉၉၀; ၃၄ နှစ် အကြာက (၁၉၉၀-၀၅-14)
ယခင်အဖွဲ့အစည်းရန်ကုန်မြို့တော် မြူနီစပါယ်ကော်မတီ
ရန်ကုန်မြို့တော် မြူနီစပါယ်ကော်ပိုရေးရှင်း
ဌာနချုပ်ရန်ကုန်မြို့တော်ခန်းမ
နှစ်စဉ်ဘက်ဂျက်ကျပ် ၁၅ ဘီလီယံ (၂၀၀၃)[]
ဝန်ကြီးများဦးဗိုလ်ဌေး []၊ ဥက္ကဋ္ဌ နှင့် မြို့တော်ဝန်
ဝက်ဘ်ဆိုက်ycdc.gov.mm

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Yangon City Development Committee၊ အတိုကောက် YCDC)သည် ရန်ကုန်မြို့၏ မြို့ပြမြူနီစပါယ် အုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သည်။ ကော်မတီရုံးနှင့် ဌာနပေါင်း ၂၀ ဖြင့်ဖွဲ့စည်းထားကာ ရန်ကုန်မြို့တော်ခန်းမတွင် ရုံးစိုက်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌသည် ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ယူသည်။

သမိုင်းကြောင်း

ရန်ကုန်မြို့သည် ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၅၂ ခု ဒီဇင်ဘာ ၂၀ ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီနယ်ဖြစ်ခဲ့သည်။ အင်္ဂလိပ်အစိုးရမှ Town Magistrate ခေါ် မြို့ဝန်တစ်ဦး ခန့်အပ်ပြီး ရန်ကုန်မြို့ပြအုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ရန်ကုန်မြို့တော်မြူနီစပါယ် အက်ဥပဒေကို ပြဋ္ဌာန်းပြီး အဖွဲ့ဝင် ၃၂ ဦးပါဝင်သည့်အဖွဲ့ဖြင့် မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

၁၉၂၂ ခုနှစ်တွင် ရန်ကုန်မြို့တော်မြူနီစပါယ် အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး ထိုအက်ဥပဒေအရ ယခင်မြူနီစပါယ်အဖွဲ့ဝင်လူကြီးများကို လူမျိုးစုအလိုက် ရွေးချယ်တင်မြှောက်ပြီး မြို့တော်စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထိုအဖွဲ့ကို မြူနီစပါယ်ကော်ပိုရေးရှင်းဟုလည်း ခေါ်ဝေါ်ခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီးနောက် ၁၉၇၂ ခုနှစ်တွင် ယခင်မြူနီစပါယ်အဖွဲ့ကို မြူနီစပါယ်ကော်မတီအဖြစ် ရန်ကုန်တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကိုယ်စားလှယ်များ၊ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

၁၉၇၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာဖြင့် ရန်ကုန်မြို့တော် မြူနီစပါယ်ကော်မတီကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ဟု အစားထိုးခေါ်ဝေါ်စေခဲ့ပြီး၊ ၁၉၇၇ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁၃၊ ပုဒ်မ ၃၉ အရ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၏ ဥက္ကဋ္ဌ (မြို့တော်ဝန်) အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၄ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် စည်ပင်သာယာရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ အခန်း ၂ ဖွဲ့စည်းခြင်း၊ ပုဒ်မ ၃ ပါ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအရ နိုင်ငံတော်ကောင်စီသည် အမိန့်ကြေညာစာအမှတ် ၃၈/၈၅ ကို ၁၉၈၅ ခုနှစ် မတ်လ ၁၂ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအမိန့်ကြေညာစာအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖြစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက သီးခြားကော်မတီအဆင့် သတ်မှတ်ပေးခဲ့သည်။ []

ဌာနများ

  • ကော်မတီရုံး
  • စီမံရေးရာဌာန
  • ဘတ်ဂျက်နှင့်ငွေစာရင်းဌာန
  • ရာပြတ်ဌာန
  • ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန
  • တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်‌ရေး ဌာန
  • မြိုပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန
  • အင်ဂျင်နီယာဌာန (အဆောက်အအုံ)
  • အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)
  • အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
  • အင်ဂျင်နီယာဌာနအ(ရေစီး ရေ လာ စီမံခန့်ခွဲမှု)
  • ယာဉ်ယန္တရား စီမံခန့်ခွဲ‌ရေး နှင့် ထိန်းသိမ်း‌ရေး ဌာန
  • ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန
  • လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန
  • မြို့ပြစီမံကိန်းဌာန
  • မြို့ပြမြေစီမံခန့်ခွဲမှုဌာန
  • ပြည်သူ့ကျန်းမာရေးဌာန
  • ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန
  • ရန်ကုန်မြို့တော်ဘဏ်လီမိတက် []
  • မြို့တော်ဂေါက်ကွင်း

ကိုးကား

  1. "Public-Private Partnership for Yangon’s Water Supply" .  4 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. တမ်းပလိတ်:Http://burmese.dvb.no/archives/454978
  3. ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 22, 2015 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 28 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2022 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya