ကယ်ယိုလာဒို အမျိုးသားဥယျာဉ်

ကယ်ယိုလာဒို အမျိုးသားဥယျာဉ်
ကယ်ယိုလာဒို ဂါနာ အမျိုးသားဥယျာဉ်၊ ဘာရတ်ပူ၊ ရာဂျက်စသန်၊ အိန္ဒိယ
တည်နေရာဘာရတ်ပူ၊ ရာဂျက်စသန်၊ အိန္ဒိယ
အနီးဆုံး မြို့ဘာရတ်ပူ၊ ရာဂျက်စသန်
ဧရိယာ၂,၈၇၃ ဟက်တာ (၇,၁၀၀ ဧက; ၁၁.၁ စတုရန်းမိုင်; ၂၈.၇ စတုရန်း ကီလိုမီတာ)
ဖွဲ့စည်း၁၀ မတ် ၁၉၈၂ (၁၉၈၂-၀၃-၁၀)
လည်ပတ်သူများ100,000 (2008 ခုနှစ်အတွင်း)
အုပ်ချုပ်ရေးRajasthan Tourism Development Corporation
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တရားဝင်အမည်Keoladeo National Park
ရွေးချယ်သည့် စံနှုန်းသဘာဝ: (x)
ရည်ညွှန်း340
ရွေးချယ်ခြင်း1 October 1981
ရည်ညွှန်းနံပါတ်230[]

ကယ်ယိုလာဒို အမျိုးသားဥယျာဉ် သို့မဟုတ် ကယ်ယိုလာဒို ဂါနာ အမျိုးသားဥယျာဉ် အား ယခင်က ဘာရတ်ပူ ကျေးငှက်ထိန်းသိမ်းရေးနယ်မြေ ဟု ခေါ်ဆိုခဲ့ကြပြီး အိန္ဒိယနိုင်ငံ ရာဂျက်စသန်ပြည်နယ် ဘာရတ်ပူမြို့တွင် တည်ရှိကာ ကျေးငှက်ထိန်းသိမ်းရေးနယ်မြေ တစ်ခု ဖြစ်ပြီး ကျေးငှက်ထောင်ပေါင်းများစွာ နေထိုင်ကျက်စားရာ နေရာဖြစ်ကာ အထူးသဖြင့် ဆောင်းရာသီတွင် ဖြစ်သည်။ ထိုဥယျာဉ်အတွင်း နေထိုင်သော ငှက်မျိုးစိတ်ပေါင်း ၂၃၀ ကျော် ရှိသည်ဟု သိရသည်။ ထိုနေရာသည် အဓိက ကမ္ဘာလှည့်ခရီးသွားဒေသတစ်ခုလည်း ဖြစ်ပြီး ကျေးငှက်ဗေဒပညာရှင် အများအပြား ဆောင်းခိုသည့် ရာသီတွင် လာရောက်လေ့ ရှိကြသည်။ ၁၉၇၁ ခုနှစ်တွင် ကျေးငှက်ထိန်းသိမ်းရေး နယ်မြေအဖြစ် ကြေညာခဲ့သည်။ ထို့အတူ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုလည်း ဖြစ်သည်။[]

ကယ်ယိုလာဒို ဂါနာ အမျိုးသားဥယျာဉ်သည် လူတို့တည်ဆောက်ထားပြီး လူတို့စီမံခန့်ခွဲသော စိုစွတ်မြေဒေသ တစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခုလည်း ဖြစ်သည်။ ထိုထိန်းသိမ်းရေးနယ်မြေမှ ဘာရတ်ပူမြို့အား မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရေကြီးမှုများမှ အကာအကွယ်ပေးပြီး ကျေးရွာအတွင်းရှိ ကျွဲနွားများအတွက် စားကျက်နေရာလည်းဖြစ်ကာ အစောပိုင်းက ရေနေငှက်များကို အမဲလိုက်ရာ ဒေသတစ်ခုလည်း ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၂၉ km2 (၁၁ sq mi)ရှိသော ထိန်းသိမ်းရေးနယ်မြေအား ဒေသခံများက ဂါနာဟု ခေါ်ကြပြီး မြက်ခင်းပြင်များ၊ သစ်တောမြေများ၊ သစ်တောစိမ့်မြေများ နှင့် စိုစွတ်မြေများ ရောထွေးယှက်တင်နေသော နေရာ ဖြစ်သည်။ ထိုသို့ အမျိုးမျိုးကွဲပြားနေသော ဒေသသည် ငှက်မျိုးစိတ် ၃၆၆ မျိုး၊ ပန်းမန်မျိုးစိတ် ၃၇၉ မျိုး၊ ငါးမျိုးစိတ် ၅၀ မျိုး၊ မြွေမျိုးစိတ် ၁၃ မျိုး၊ ပုတ်သင်ညိုမျိုးစိတ် ၅ မျိုး၊ ကုန်းနေရေနေ သတ္တဝါမျိုးစိတ် ၇ မျိုး၊ လိပ်မျိုးစိတ် ၇ မျိုး နှင့် အခြားသော ကျောရိုးမဲ့သတ္တဝါမျိုးစိတ်များ၏ ကျက်စားရာဒေသ ဖြစ်သည်။[] နှစ်စဉ်နှစ်တိုင်းတွင် ရေနေငှက်များ ထောင်ချီ၍ ဆောင်းခိုရန်နှင့် အကောင်ပေါက်ရန် လာရောက်ကြသည်။ ထိုထိန်းသိမ်းရေး ဒေသသည် ကမ္ဘာပေါ်တွင် ငှက်များ အကြွယ်ဝဆုံး ဒေသတစ်ခုဖြစ်ပြီး ဒေသခံ ငှက်များနှင့် ရေနေငှက်များ အပါအဝင် ရွှေ့ပြောင်းလည်ပတ် ရောက်ရှိလာသော ငှက်များ၏ အသိုက်ဖွဲ့ရာ ဒေသ ဖြစ်သည်။ ရှားပါးသော ဆိုင်ဘေးရီးယန်းဗျိုင်းမျိုးသည် ထိုဥယျာဉ်တွင် ဆောင်းခိုလေ့ ရှိသော်လည်း ယခုအခါ မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကမ္ဘာ့ သားရိုင်းတိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ကို တည်ထောင်သူ ပီတာစကော့ ၏ အဆိုအရ ကယ်လိုယာဒို အမျိုးသားဥယျာဉ်သည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ငှက်ဒေသ ဖြစ်သည်ဟု ဆိုသည်။


ကိုးကား

  1. Keoladeo National Park။ 25 April 2018 တွင် ပြန်စစ်ပြီး။
  2. World Heritage Site, UNESCO World Heritage Status.
  3. Planning Commission Report 4 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . A report filed with Planning Commission of India.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya