ကာဇီရန်းဂါး အမျိုးသားဥယျာဉ်
ကာဇီရန်းဂါး အမျိုးသားဥယျာဉ် သည် အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူလာဂတ်ခရိုင်၊ ကာဘိ အန်ဂလောင်း ခရိုင်း နှင့် နာဂါအွန်ခရိုင်တို့တွင် တည်ရှိသော အမျိုးသားဥယျာဉ်တစ်ခု ဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှိသော ဂျိုတစ်ချောင်းတည်းရှိသည့် ကြံ့တို့၏ ၃ ပုံ ၂ ပုံနေထိုင်သော ဘေးမဲ့တောသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုလည်း ဖြစ်သည်။ [၁] ၂၀၁၈ ခုနှစ် မတ်လတွင် အာသံပြည်နယ်အစိုးရ သစ်တော ဦးစီးဌာန နှင့် ထင်ရှားသော တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ တို့ ပူးပေါင်းကောက်ခံခဲ့သော ကြံ့ဦးရေ စာရင်းအရ ကာဇီရန်းဂါး အမျိုးသား ဥယျာဉ်ရှိ ကြံ့အကောင်ရေ စုစုပေါင်းမှာ ၂,၄၁၃ ကောင် ဖြစ်သည်။ ၎င်းတို့တွင် အရွယ်ရောက်ပြီး ကြံ့အကောင်ရေ ၁,၆၄၁ ကောင် (အထီး ၆၄၂ ကောင်၊ အမ ၇၉၃ ကောင် နှင့် လိင်မရှိသော အကောင် ၂၀၆ ကောင်)၊ အရွယ်ရောက်ခါစ ကြံ့ ၃၈၇ ကောင် (အထီး ၁၁၆ ကောင်၊ အမ ၁၄၉ ကောင် နှင့် လိင်မရှိသော အကောင် ၁၂၂ ကောင်) နှင့် ကြံ့အကောင်ငယ် ၃၈၅ ကောင်တို့ ပါဝင်သည်။ [၂] ကာဇီရန်းဂါးသည် ကမ္ဘာပေါ်ရှိ ထိန်းသိမ်းထားသော နယ်မြေများတွင် ကျားအကောင်ရေ သိပ်သည်းမှု အများဆုံး ဒေသဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ကျားထိန်းသိမ်းရေး နယ်မြေ အဖြစ် ကြေညာခဲ့သည်။ (ယခုအခါ ကျားကောင်ရေ သိပ်သည်းမှု အများဆုံးမှာ အာသံရှိ အိုရန်း အမျိုးသား ဥယျာဉ် ဖြစ်သည်။) ထိုဥယျာဉ်သည် များပြားလှစွာသော အာရှဆင်များ၊ ရေကျွဲရိုင်းများ နှင့် ညွန်သမင်များ ပေါက်ဖွားကြီးပြင်းရာ နေရာလည်း ဖြစ်သည်။ [၃] ကာဇီရန်းဂါးအား အရေးပါသော ငှက်ဒေသ အဖြစ် နိုင်ငံတကာ ငှက်ရှင်သန်မှုအဖွဲ့က ဒေသရင်း ငှက်မျိုးစိတ်များ ထိန်းသိမ်းရန်အတွက် သတ်မှတ်ထားသည်။ အိန္ဒိယရှိ အခြားသော ထိန်းသိမ်းရေး နယ်မြေများနှင့် နှိုင်းယှဉ်ပါက ကာဇီရန်းဂါးသည် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရာတွင် သိသာထင်ရှားသော အောင်မြင်မှုရရှိထားသည်။ ဟိမဝန္တာ အရှေ့ပိုင်း ဇီဝမျိုးကွဲ အထူးပြုဒေသ၏ အစွန်းတွင် တည်ရှိပြီး ထိုဥယျာဉ်တွင် များပြားလှစွာသော မျိုးစိတ်များ ကွဲပြားခြင်းနှင့် မြင်နိုင်ခြင်းတို့ ရှိသည်။ ကာဇီရန်းဂါးတွင် ကျယ်ပြန့်များပြားလှသော ဆင်မြက်များ၊ စိမ့်မြေများ နှင့် ထူထပ်သော အပူပိုင်း စိုစွတ် ရွက်ပြန့်တော့များ ရှိပြီး ဗြဟ္မပုတြမြစ် အပါအဝင် အဓိက မြစ်လေးစင်းမှ ဖြတ်သန်း စီးဆင်းလျက် ရှိသည့်အပြင် ဥယျာဉ်အတွင်းတွင် များပြားလှသော ရေအိုင်ငယ်ကလေးများ ရှိသည်။ ကာဇီရန်းဂါးသည် အချို့သော စာအုပ်များ၊ သီချင်းများနှင့် မှတ်တမ်းရုပ်ရှင်များ အတွက် အဓိက ကျောရိုးဖြစ်ခဲ့သည်။ ဥယျာဉ်သည် ၁၉၀၅ ခုနှစ်တွင် ထိန်းသိမ်းတော အဖြစ် တည်ထောင်ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် နှစ်တစ်ရာပြည့်ပွဲကို ကျင်းပဆင်နွှဲခဲ့သည်။ သမိုင်းကြောင်း![]() ကာဇီရန်းဂါးအား ထိန်းသိမ်းရေး နယ်မြေ အဖြစ် စတင်ခဲ့သည်ကို ၁၉၀၄ ခုနှစ်တွင် ခြေရာခံနိုင်သည်။ အိန္ဒိယ ဘုရင်ခံချုပ် ကက်လက်စ်တန်မြို့စား လော့ဒ်ခရူဇုန်၏ ဇနီးဖြစ်သူ မေရီခရူဇုန် သည် ထိုဒေသသို့ အလည်အပတ် သွားရောက်ခဲ့သည်။ ထိုဒေသတွင် ထင်ရှားသော ကြံ့များကို တစ်ကောင်တစ်လေမျှ မတွေ့ရသောအခါ သူမသည် သူမ၏ ခင်ပွန်းအား ထိုဒေသရှိ မျိုးသုဉ်းလာသော မျိုးစိတ်များကို ကာကွယ်ရန် အရေးပေါ် ဆောင်ရွက်ရန်အတွက် နားချခဲ့ပြီး သူမ၏ ခင်ပွန်းမှ သူတို့အား ကာကွယ်ရန် စတင် ဆောင်ရွက်ခဲ့သည်။ [၄] ၁၉၀၅ ခုနှစ် ဇွန်လ ၁ ရက်တွင် ကာဇီရန်းဂါး ကာကွယ်တော အဖြစ် ပဏာမအဆိုပြုသော နေရာကို ၂၃၂ km2 (၉၀ sq mi) ဖြင့် တည်ထောင်ခဲ့သည်။[၅] နောက် ၃ နှစ်အတွင်းတွင် ဥယျာဉ်၏ အကျယ်အဝန်းအား ၁၅၂ km2 (၅၉ sq mi) မျှ တိုးချဲ့ခဲ့ပြီး ဗြဟ္မပုတြ မြစ်ကမ်းပါး အထိ ဖြစ်သည်။ [၆] ၁၉၀၈ ခုနှစ်တွင် ကာဇီရန်းဂါးအား ကာကွယ်တော အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ကာဇီရန်းဂါး အမဲလိုက်တော အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၁၉၃၈ ခုနှစ် အထိပင် ဖြစ်ကာ ထိုကာလအတွင်း အမဲလိုက်ခြင်းကို တားမြစ်သော်လည်း ဧည့်သည်များကို ဥယျာဉ်အတွင်း ဝင်ရောက်ခွင့် ပေးခဲ့သည်။ ၁၉၅၀ တွင် သစ်တော ထိန်းသိမ်းရေးသမား တစ်ဦးဖြစ်သူ ပီ ဒီ စထရေစီမှ ကာဇီရန်းဂါး အမဲလိုက်တောအား "ကာဇီရန်းဂါး တောရိုင်းတိရစ္ဆာန် ဘေးမဲ့ဒေသ" ဟု ပြောင်းလဲ အမည်ပေးခဲ့ပြီး အမဲလိုက် ဆိုသည့် အမည်ကို ပြောင်းလဲရန် ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် အာသံပြည်နယ် အစိုးရမှ ကြံ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေအရ ကြံ့သတ်ဖြတ်ခြင်း အတွက် ကြီးလေးသော အပြစ်ဒဏ် သတ်မှတ်ခဲ့သည်။ ၁၄ နှစ်အကြာ ၁၉၆၈ ခုနှစ်တွင် ပြည်နယ်အစိုးရမှ အာသံ အမျိုးသားဥယျာဉ် ဥပဒေ ၁၉၆၈ ကို ပြဋ္ဌာန်းခဲ့ပြီး ကာဇီရန်းဂါးအား အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။၄၃၀ km2 (၁၆၆ sq mi) မျှ ကျယ်ဝန်းသော ဥယျာဉ်ကို ဗဟိုအစိုးရမှ ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီ ၁၁တွင် တရားဝင် အဆင့် သတ်မှတ်ပေးခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ကာဇီရန်းဂါးအား ၎င်း၏ တမူထူးခြားသော သဘာဝပတ်ဝန်းကျင်ကြောင့် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ပေးခဲ့သည်။
ကိုးကား
|
Portal di Ensiklopedia Dunia