ကာသိတိုင်းကာသီတိုင်းကာသီတိုင်း၏ မင်းနေပြည်မြို့သည် ဗာရာဏသီမြို့ဖြစ်လေသည်။ ဗုဒ္ဓခေတ်မတိုင်မီ ကာလက ရံခါရံခါအားဖြင့် -
ဗုဒ္ဓခေတ်မတိုင်မီက ကာသိတိုင်းသည် ကိုယ်ပိုင်ဘုရင်စနစ် အုပ်စိုးသော နယ်ပယ်၌ နိုင်ငံစွမ်းအားနှင့် ပြည့်စုံသော တိုင်းတစ်ခု ဖြစ်ခဲ့သည်။ ကာသီနှင့် ကောသတိုင်းဘုရင်တို့မှာ အကြိမ်များစွာ စစ်ပွဲများပြုလုပ်ခဲ့ကြသည်။ အကြင်အခါ ကာသီတိုင်းဘုရင်က အောင်နိုင်ခြင်းဖြစ်ခဲ့၏။ ထိုအခါ ဥတ္တရဘာရတ တစ်ခုလုံး၌ (ဝါ) ဘာရတနိုင်ငံ မြောက်ပိုင်း တစ်ခုလုံး၌ ကာသီတိုင်းသည် အားလုံးထက် နိုင်ငံစွမ်းအားနှင့် ပြည့်စုံခဲ့သည်။ သို့သော်လဲ ဗုဒ္ဓခေတ်၌ ကာသီတိုင်း၏ ကိုယ်ပိုင်ဘုရင်အုပ်စိုးမှုစွမ်းအားသည် ကုန်ဆုံးခြင်းသို့ ရောက်ခဲ့သည်။ ဤကာသီတိုင်း၏အချို့သော အရပ်အဖို့ကို ကောသလဘုရင်က၎င်း၊ ထို့ပြင် အချို့သောအရပ်အဖို့ကို မာဂဓဘုရင်က၎င်း လက်အောက်ခံနယ်ပယ် ဖြစ်ခဲ့ရလေသည်။ ထိုမင်းနှစ်ပါးတို့တွင်လည်း များသောအားဖြင့် ကာသီတိုင်းအတွက်ပင်လျှင် စစ်ပွဲများပြုလုပ်ခဲ့ကြသည်။ နောက်ဆုံး၌ ကာသိတိုင်းသည် ကောသလမင်း ပသေနဇိတ၏ စိုးပိုင်မှုမှ ထုတ်ယူ၍ မဂဓမင်း အဇာသတ္တု၏ လက်အောက်သို့သာလျှင် ရောက်ရှိခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia