ဗာရာဏသီမြို့![]() ဗာရာဏသီမြို့သည် ကာသီတိုင်း၏ မင်းနေပြည်မြို့ ဖြစ်လေသည်။ ဗုဒ္ဓခေတ်မတိုင်မီ ကာလက ရံခါရံခါအားဖြင့် -
ဗာရာဏသီမြို့သည် လက်မှုပညာသိပ္ပံအတတ်၊ အသက်မွေးမှု၊ ကုန်ရောင်းကုန်ဝယ်အတတ်၊ နှုတ်မှုပညာ၊ ဝိဇ္ဇာအတတ် စသည်၏လွန်စွာကြီးကျယ်သော ဗဟိုဌာနကြီးဖြစ်ခဲ့သည်။ ထိုမြို့မှ ရောင်းဝယ်ဖေါက်ကားသူတို့၏ဆက်သွယ်မှုသည် သာဝတ္ထိ၊ တက္ခသီလာ၊ ရာဇဂဟ စသောမြို့ကြီးများနှင့် ဖြစ်ခဲ့သည်။ ကာသီတိုင်းထွက် ကျန်ဒန်း(ခေါ်) စန္ဒကူး၊ ထို့ပြင် ကာသိတိုင်းဖြစ် ရောင်စုံအဝတ်၊ ပိုးထည်၊ ချည်ထည်များသည် လွန်စွာထင်ပေါ် ကျော်ကြားခဲ့ကုန်သည်။[၁] ဗာရာဏသီ[၂] ဗာရာဏသာမြစ်၏ မနီးမဝေး၌ ဖြစ်သောကြောင့် ဗာရာဏသီ၊ ၁၂-ဦးသော ရသေ့ မုနိတို့ သက်ဆင်းဝင် ရောက်ရာ (သို့မဟုတ်) အသိန်းမကသော ဘုရားရှင်တို့ ဓမ္မစကြာတရား ဟောတော်မူရန် သက်ဆင်းရာဌာန ဖြစ်သောကြောင့် ဗာရာဏသီ၊ မျောက်ဦးခေါင်းရှိရာ(သို့မဟုတ်) မျောက်ဦးခေါင်းနှင့်တူသော ကျောက်ရှိရာ ဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ မြို့တည်စ အခါ၌ မင်း ၂-ဦးတို့ စစ်ထိုးရာဌာနဖြစ်သောကြောင့် ဗာရာဏသီ၊ ဝရဏာမြစ်, အသီမြစ် ၂-သွယ်တို့၏ အကြား၌ တည်သောကြောင့် ဗာရာဏသီဟု အမျိုးမျိုး ဖွင့်ဆိုကြသည်။ [၃] အကျယ်အဝန်းယင်းမြို့မှာ ပါဠိစာပေလာ အတိတ်, ပစ္စုပ္ပန်, အနာဂတ်ကာလများ၌ ဖြစ်ထွန်း ပေါ်ပေါက်နေသည့် ဇာတ်လမ်းဇာတ်ကွက် အဖြစ်အပျက်များတွင် အများဆုံး ပါဝင် အသုံးခံရာ ဌာနဖြစ်၍ အချိန်ကာလအလိုက် ထင်ဟပ်ချက်များကို ကန့်သတ်ပိုင်းခြား ရေးသား ဖော်ပြလိုပေသည်။ ကဿပရှင်တော်ဘုရား ပွင့်တော်မူသည့် တချိန်လုံးနှင့် ထိုမှ နောက်ပြန် အတိတ်ဗာရာဏသီမြို့များအနက် အလွန်ကြွယ်ဝ၍ လူသူအစည်ကားဆုံး ဗာရာဏသီ၏ အကျယ်အဝန်းမှာ ၁၂-ယူဇနာဖြစ်သည်။ [၄] ဆင်ခြေဖုံးနှင့်တကွဆိုလျှင် ယူဇနာ ၃၀၀-ရှိသည်။ [၅] ဗာရာဏသီမြို့၏ မြို့ရိုး အုတ်တံတိုင်းအမြင့်မှာ ၁၈-တောင် ဖြစ်သည်။ [၆] [၃] အတိတ်ကဗာရာဏသီအတိတ် ဗာရာဏသီ၌ နန်းစိုက်စိုးစံခဲ့သော မင်းများ၏ အမည်၊ အတိတ်ဗာရာဏသီ၏ အမည် အမျိုးမျိုး၊ ဗာရာဏသီနှင့် ကောသလတိုင်းတို့ မကြာခဏ စစ်မက်ဖြစ်ပွါးလေ့ရှိခြင်း အကြောင်းများကို ကာသိ-ပုဒ်ကြည့်။ ဗာရာဏသီပြည်၌ သူဌေး များစွာရှိသော်လည်း သီးခြားနာမည်မတွင်၊ ဗာရာဏသီသူဌေးဟုသာ နာမည်တွင်ကြသည်။ [၇] ဗာရာဏသီနှင့်တက္ကသိုလ် ယူဇနာ ၂၀၀-ကွာဝေးသည်။ [၈] ၂-ပြည်လုံး၌ အဆင့်အတန်းမြင့်သည့် ပညာသင်ကျောင်းများရှိ၍ [၉] အပြန်အလှန် ပညာသင်ရန် သွားကြသည်ကိုလည်း တွေ့ရသည်။ [၁၀] သို့သော် တက္ကသိုလ်ပြည်၌ ပညာသင်ကြားပြီးနောက် ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာ ပြုလုပ်၍ တပည့်များအား ပညာသင်ကြားပေးကြောင်း တွေ့ရသဖြင့် တက္ကသိုလ်ပြည် ပညာသင်ကျောင်းက ပို၍ရှေးကျဘွယ်ရှိသည်။ [၁၁] [၃] ဂေါတမဘုရားလက်ထက် ဗာရာဏသီဂေါတမဘုရားရှင်လက်ထက် ဗာရာဏသီပြည်၏ အကျယ်အဝန်း ပမာဏကို ပါဠိစာပေ၌ မတွေ့ရ။ ရှင်အာနန္ဒာက ဘုရားရှင်အား ပရိနိဗ္ဗာန်ပြုရန်လျှောက်ထားသောမြို့ကြီးများ၌ဗာရာဏသီလည်း တမြို့အပါအဝင်ဖြစ်သည်။ [၁၂] သာသနာတွင် မဟာလတာတန်ဆာ ဝတ်ဆင်ရသူ အမျိုးသ္မီး ၃-ဦးအနက် ဗာရာဏသီ သူဌေးသမီးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ [၁၃] အခြားသော ဗုဒ္ဓရှင်တော်များမှာ မိဂဒါဝုန်သို့ ကောင်းကင် ခရီးဖြင့်သာ ကြွသွားတော်မူမြဲ ဖြစ်သော်လည်း [၁၄] ဥပကအာဇီဝက၏ နောင်တချိန်တွင်အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့သည်ကို မြင်တော်မူ၍ ဗောဓိမဏ္ဍိုင်မှ ၁၈-ယူဇနာဝေးသော ဗာရာဏသီပြည်သို့ [၁၅] ဂေါတမရှင်တော်ဘုရား ခြေလျှင် ခရီးဖြင့် ကြွသွားတော်မူသည်။ [၁၆] ကောသမ္ဗီနှင့် ဗာရာဏသီအကြားမြစ်ကြောင်း လမ်းခရီးအက္ခာအဝေးမှာ ယူဇနာ ၃၀-ဖြစ်သည်။ [၁၇] ဗိမ္မိသာရမင်းသူ၏ဆေးဆရာဇီဝကကို ဗာရာဏသီသူဌေးသား၏ အူထုံးရောဂါကုသရန်အတွက် ပို့လွှတ် စေခိုင်းသည် [၁၈]ကို ထောက်ရှု၍ ပြည်ထောင်အချင်းချင်း ဆက်ဆံရေးကောင်း မွန်ပုံရသည်။ ဗာရာဏသီပြည်အနီး မိဂဒါဝုန်ဝယ် ဝါဆိုလပြည့်နေ့ ညဉ့်အခါ၌ ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဓမ္မစကြာဒေသနာကို ဟောကြားတော်မူသည်။ [၁၉] အကျယ်ကို မိဂဒါယ-ကြည့်။ ပထမဝါ ယင်းမိဂဒါဝုန်၌ ဝါဆိုတော်မူသည်။ [၂၀] ဗာရာဏသီ ပြည်အနီး ကုက္ကို ၇-ပင်ရှိရာဌာန၌ ဘုရားရှင်သည် ဧရကပတ္တနဂါးမင်းအား “ကိစ္ဆော မနုဿပဋိလာဘော” စသော တရားကို ဟောကြားတော်မူသဖြင့် ဧရကပတ္တနဂါးမင်းအမှူးရှိသော ပရိသတ် ၈၄၀၀၀-တရားထူး ရကြသည်။ [၂၁] စုန္ဒဋ္ဌိလရွာသား ပြိတ္တာတစ်ဦးကို ရည်စူး၍ ကောလိယအမတ်ကြီး ဦးဆောင် ပြုလုပ်သော အမျှဝေပွဲကြီး၌ ဘုရားရှင်တရားကို ကြားနာရသဖြင့် ပရိသတ် ၈၄၀၀၀-တရားထူး ရကြသည်။ [၂၂][၃] အနာဂတ် ဗာရဏသီဤ ဗာရာဏသီပြည်သည် အနာဂတ် ကာလ၌ ကေတုမတီနာမည်ဖြင့် ထင်ရှား၍ မေတ္တေယျ ဘုရားရှင် ပွင့်တော်မူရာမြို့ ဖြစ်လိမ့်မည်။ [၂၃] အကျယ်ကို မေတ္တေယျ-ကြည့်။ [၃]
ကိုးကား
|
Portal di Ensiklopedia Dunia