ကိုရီးယားနိုင်ငံ
ကိုရီးယားနိုင်ငံသည် အရှေ့အာရှရှိ သမိုင်းဝင်နိုင်ငံဖြစ်သည်။ ၁၉၄၅ ခုနှစ်မှစကာ ၂ ပိုင်းကွဲသွားပြီး မြောက်ကိုရီးယား (ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ)နှင့် တောင်ကိုရီးယား(ကိုရီးယားသမ္မတနိုင်ငံ)တို့ ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် တည်ရှိသော ကိုရီးယားသည် အနောက်မြောက်တွင် တရုတ်၊ အရှေ့မြောက် တွင် ရုရှားနိုင်ငံတို့နှင့် ထိစပ်နေသည်။ အရှေ့ဘက်တွင် ဂျပန်ပင်လယ်နှင့် ဂျပန်နိုင်ငံတို့ ရှိသည်။ ပထမထောင်စုနှစ်၏ပထမတစ်ဝက်ခန့် အေဒီ ၆၇၆တွင်ကိုရီးယားကျွန်းဆွယ်သည်သုံးပြည်ထောင်ဟုလူသိများသော ဂိုဂူလျော၊ဘတ်ဂျယ်နှင့်ဆီလာ သုံးနိုင်ငံအကြားတွင်ကွဲပြားခဲ့သည်။ ပထမထောင်စုနှစ်၏ဒုတိယတစ်ဝက်တွင် ဆီလာ သည် ဘတ်ဂျယ် နှင့် ဂိုဂူလျော တို့ကိုအနိုင်ယူပြီး ညီညွတ်သောဆီလာပြည်ထောင်စု အဖြစ် ရပ်တည်ခဲ့သည်။ ဤကာလများအတွင်း ဘယ်ဟယ်ပြည်နယ်ကို မြောက်ပိုင်းတွင် ဂိုဂူလျော နေရာ၌အစားထိုး၍ ထူထောင်ခဲ့သည်။ ဆီလာပြည်ထောင်စုသည် ပြည်တွင်းစစ်ကြောင့်သီးခြားပြည်နယ်သုံးခုအဖြစ်ပြိုကွဲခဲ့ပြီးနောက်ပိုင်းတွင် သုံးပြည်ထောင်ကာလအတွင်းသို့ ထပ်မံကျရောက်ခဲ့သည်။ ပထမထောင်စုနှစ်ကုန်ခါနီးတွင် ဂိုဂူလျော သည်ပြန်လည်အင်အားတောင့်တင်းလာခဲ့ပြီးနောက် ၎င်းသည်အခြားပြည်နယ်နှစ်ခုအားအနိုင်ယူပြီး ကိုရီးယားကျွန်းဆွယ်ကို ဂိုလျောအမည်ဖြင့် အချုပ်အခြာအာဏာတစ်ခုတည်းအဖြစ်ပေါင်းစည်းခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဘယ်ဟယ် ပြိုကွဲခဲ့ပြီး၎င်း၏နောက်ဆုံး အိမ်ရှေ့စံသည်တောင်ဘက် ဂိုလျော သို့ထွက်ပြေးခဲ့သည်။ ၁၃ ရာစုအတွင်းမွန်ဂိုအင်ပါယာ ၏ကျူးကျော်မှုများစွာသည်နိုင်ငံအားများစွာအားနည်းသွားစေခဲ့သည်။ ဂိုလျောတွင်မွန်ဂိုတို့၏နိုင်ငံရေးဩဇာလွှမ်းမိုးမှုကိုအဆုံးသတ်စေသော ဘုရင်ဂွန်မင် လက်ထက်တွင်စစ်တပ်ကခုခံတွန်းလှန်မှုအပြီးပြင်းထန်သောနိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက်ဆုံးတွင်ဂိုလျောသည် စစ်ဗိုလ်ချုပ်ယီဆောင်ဂဲ ဦးဆောင်သောစစ်တပ်၏တော်လှန်မှုတွင် ပျက်သုန်းခဲ့ရပြီး ယီဆောင်ဂဲမှ ၁၃၉၂ဇူလိုင်လ ၁၇ရက်တွင် ဂျိုဆွန်း ကိုတည်ထောင်ခဲ့သည်။ ဂျိုဆွန်း၏ ပထမနှစ်၂၀၀ ကို ငြိမ်းချမ်းသည်ဟု မှတ်ယူရသည်။ ထိုကာလတွင် ၁၅ ရာစု၌ ကိုရီးယား အက္ခရာကို တီထွင်ခဲ့သည်။ ၁၉ ရာစုနှောင်းပိုင်း၌ ဂျပန်နိုင်ငံနှင့်ဆိုင်သောနယ်မြေ ဖြစ်လာသည်။ ၁၉၁၀ တွင် ဂျပန်တို့၏ သိမ်းပိုက်ခြင်းခံရပြီး ၁၉၄၅ ဩဂုတ်ထိ ဖြစ်သည်။ ၁၉၄၅ တွင် ဆိုဗီယက်နှင့် အမေရိကန်တို့သည် ဂျပန်တို့ ဒုတိယကမ္ဘာစစ်အတွက် လက်နက်ချခြင်းနောက်ဆက်တွဲအဖြစ် ကိုရီးယားကို ၂ ပိုင်းခွဲခဲ့သည်။ မြောက်ပိုင်းကို ဆိုဗီယက်၊ တောင်ပိုင်းကို အမေရိကန်တို့က ရယူခဲ့သည်။ ကွန်မြူနစ် ဆိုဗိီယက်နှင့် အမေရိကန်တို့သည် ကိုရီးယားနှစ်ခြမ်းကို နိုင်ငံရေးအယူဝါဒကွဲပြားစေခဲ့သည်။ ထို တင်းအားများကြောင့် ၁၉၅၀ တွင်ကိုရီးယားစစ် ဖြစ်ခဲ့သည်။ ပြည်ပနိုင်ငံများ၏ ပါဝင်မှုနှင့်အတူ ၁၉၅၃ တွင် ငြိမ်းချမ်းရေးစာချုပ်မပါဘဲ စစ်ကြီးပြီးခဲ့သည်။ ဤသည်ပင် ကျွန်းဆွယ်ကွဲပြားမှုကို ပိုမိုတင်းမာစေသည်။ အမည်Koreaသည် Corea (၁၆၁၄တွင် အဂ်လိပ်များဖော်ပြခဲ့) ၏ ခေတ်သစ်စာလုံးပေါင်းဖြစ်သည်။ မာကိုပိုလို၏ ခရီးသွားမှတ်တမ်းတွင် Cauli ဟုဖော်ပြထားသည်။ ![]() ![]() ![]() ![]() ![]() ပထဝီဝင်![]() ![]() ![]() ![]() ![]() ![]() ![]() ကိုးကား
|
Portal di Ensiklopedia Dunia