"ဂျိုဆောန်စကား" ကို ဤနေရာသို့ ညွှန်းသည်။ ဤ ဘာသာစကားကို ရေးသားရန် အက္ခရာ အတွက်၊
ဟန်ဂုလ် ကို ကြည့်ပါ။
ကိုရီးယားဘာသာ(ကိုရီးယား: 한국어/韓國語) သို့မဟုတ် ဂျိုဆောန်စကား(ဂျိုဆောန်: 조선말/朝鮮말)သည် ကိုရီးယားသမ္မတနိုင်ငံတော်နှင့် ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ရုံးသုံးဘာသာစကား ဖြစ်သည်။ ဤ ဘာသာစကား နှစ်ရပ်သည် အက္ခရာဖလှယ်ပုံ၊ သဒ္ဒါ၊ ကြိယာ နောက်ဆက်၊ အသုံးအနှုန်း စသည်တို့၌ ကွာခြားချက် အချို့ ရှိကြသည်။
ကိုရီးယားဘာသာ |
---|
အက္ခရာဖလှယ်ခြင်းများ |
---|
ဟန်ဂုလ်: | 한국어 |
---|
ဟန်ဂျာ: | 韓國語 |
---|
အသံထွက်: | ဟာန်ဂု-ဂေါ |
---|
ဗမာ: | ဟာန်ဂူဂ်အော |
---|
RRအက္ခရာဖလှယ်ခြင်း: | Hangugeo |
---|
MRအက္ခရာဖလှယ်ခြင်း: | Han'gugŏ |
---|
အင်္ဂလိပ်: | Korean |
---|
ဂျိုဆောန်စကား |
---|
အက္ခရာဖလှယ်ခြင်းများ |
---|
ဂျိုဆွန်းဂုလ်: | 조선말 |
---|
ဟန်ဂျာ: | 朝鮮말 |
---|
အသံထွက်: | ဂျိုဆောန်မာလ် |
---|
RRအက္ခရာဖလှယ်ခြင်း: | Joseonmal |
---|
MRအက္ခရာဖလှယ်ခြင်း: | Chosŏnmal |
---|
အင်္ဂလိပ်: | Korean |
---|
ကမ္ဘာ့ဒေသ အသီးသီးတွင် ကိုရီးယားမျိုးနွယ်တို့ ပြောင်းရွှေ့အခြေချလာကြသည်နှင့် အမျှ ကမ္ဘာတဝန်းလုံးတွင် ကိုရီးယားဘာသာစကားကို အသုံးပြုလာကြသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလဦးပိုင်းအရ ကိုရီးယားဘာသာစကား အသုံးပြုသူ လူဦးရေသည် သန်း ၈၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။
ကိုးကား
- ↑ Korean Made Simple: A beginner's guide to learning the Korean language, CreateSpace Independent Publishing Platform (2014), တမ်းပလိတ်:ISBN2, P. 136
- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Korean"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။