ကိုလေး (အင်းဝဂုဏ်ရည်)
ကိုလေး (အင်းဝဂုဏ်ရည်) (၁၁ ဩဂုတ် ၁၉၃၆ ဖွား) သည် ထင်ရှားသည့် ကဗျာဆရာကြီး တစ်ဦးဖြစ်သည်။[၁]သူ၏ ပထမဆုံးကဗျာမှာ ကျွန်တော်တို့ဌာနေ ရွှေအင်းဝ ကဗျာ ဖြစ်သည်။ မြန်မာ့လမ်းစဉ်သတင်းစာ တွင် ဖော်ပြခံရသည်။သူ့အသက် ၂၉နှစ် အရွယ် ၁၉၆၅ခုနှစ် တွင် လမ်းသစ်ကဗျာများ စာအုပ်ဖြင့် အမျိုးသားစာပေဆု ပထမဦးဆုံး ချီးမြှင့်ခံရသည်။ကိုလေး(အင်းဝဂုဏ်ရည်) သည် အမျိုးသားစာပေ တစ်သက်တာဆုရှင် လည်းဖြစ်သည်။ ငယ်ဘဝနှင့်ပညာရေးအင်းဝမြို့ ဈေးချို ပန်းပဲတန်းရပ် တွင် အဖ ဦးချွန် နှင့် အမိ ဒေါ်မမကြီးတို့က ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မွေးဖွားခဲ့ကာ အမည်ရင်းမှာ ကိုလေး ဖြစ်သည်။မွေးချင်းသုံးယောက် အနက်မှ အကြီးဆုံးဖြစ်သည်။၁၉၄၂ - ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်း မန္တလေးမှ အင်းဝသို့ စစ်ရှောင်ပြေးလာ သော အမ်အေဒေါ်အုန်း၊ မန္တလေး အမျိုးသားကျောင်းဆရာများနှင့် ဖခင် ဦးချွန်တို့ တည်ထောင်သော အင်းဝ ဂုဏ်ရည်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ ဆဋ္ဌမတန်းကစတင်ပြီး ကဗျာများရေးသားခဲ့သည်။၁၉၅၂ ခုနှစ်တွင် စစ်ကိုင်းမြို့ အထက် တန်းကျောင်း၌ ပညာဆက်လက်သင်ယူခဲ့ သည်။ ၁၉၅၃-၁၉၅၄ ပညာသင်နှစ်တွင် တံတားဦးမြို့၌ အထက်တန်းကျောင်း ဖွင့်သောအခါ ပြောင်းရွှေ့သင်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် Pure Science ဘာသာတွဲကို Inter Part B အထိ သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် စစ်ကိုင်းတိုင်းအသင်း ဉာဏဗလမှူး၊ အဆောင်များ စာကြည့်တိုက်မှူး၊ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းတို့၌ ပါဝင်လှုပ်ရှားခဲ့သည်။၁၉၆၀ ပြည့်နှစ်တွင် တံတားဦး မြို့ တောင်ဘီလူးကျောင်း၌ ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၃-၁၉၆၅ ခုနှစ်တွင် ကံဘဲ့ဆရာအတတ်သင် သိပ္ပံ၌ အလယ် တန်းပြဆရာဖြစ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၆၅-၁၉၆၇ ခုနှစ်တွင် တံတားဦးမြို့ မြေငူရွာ အလယ်တန်း ကျောင်း၌ အမှုထမ်းခဲ့သည်။[၂] ၁၉၅၂ ခုနှစ်၊ ဩဂုတ်လထုတ် မန္တလေး မြန်မာ့လမ်းစဉ်သတင်းစာ၌ “ကျွန်ပ်တို့ ဌာန ရွှေအင်းဝ” ကဗျာ စတင်ပုံနှိပ်ဖော်ပြခြင်းခံရသည်။မန္တလေးတက္ကသိုလ် ကျောင်းသား ကဗျာဆရာများထဲ ထင်ရှားသည်။တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင် တို့နှင့်အတူ ကဗျာ့တပ်မှူးကြီးလေးဦးအဖြစ် တင်စားခံရသည်။လမ်းသစ်ကဗျာများ စာအုပ်ဖြင့် ၁၉၆၅ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာ) ပထမဆု ရခဲ့သည်။ သူသည် ၁၉၉ဝ ခုနှစ်တွင် ကဗျာရှင် ၅ ဦး စုစည်းမှုဖြင့် နဒီငါးသွယ် ကဗျာရှည်စာအုပ် အားလည်းကောင်း၊ မွန်းတည့်အမီ ကဗျာစာအုပ် အား ၂၀၁၂ ခုနှစ် ဧပြီလ တွင် လူထုကြီးပွားရေးစာအုပ်တိုက်မှ တဆင့်လည်းကောင်း အသီးသီး ထုတ်ဝေခဲ့သည်။ ထင်ရှားဖြစ်ရပ်များ
ပုဂ္ဂိုလ်ရေးဘဝသူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် ဆရာမ ဒေါ်ညွန့်ညွန့်နှင့် အိမ်ထောင်ကျ ခဲ့သည်။တံတားဦးမြို့ တွင် နေထိုင်လျက် ရှိသည်။သူ၏ အင်းဝဂုဏ်ရည် ပုံနှိပ်တိုက် လုပ်ငန်း မှာ စာပေနယ် တွင် ထင်ရှားသည်။[၃][၄] ကိုးကား
|
Portal di Ensiklopedia Dunia