အမျိုးသား စာပေဆု၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းသော မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း သည် လူထုပညာရေး တိုးပွား ကောင်းမွန်လာမှု ကို ရှေးရှု၍ မြန်မာစာပေနှင့် မြန်မာအနုပညာရပ်များကိုစူးစမ်း ရှာဖွေရန် သို့မဟုတ် စူးစမ်းရှာဖွေမှုကို အားပေးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် စာပေဗိမာန်ဆု ဟူသော စာပေဆု တစ်ရပ် တီထွင်ချီးမြှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ စာပေဗိမာန်ဆုအမည်ဖြင့် ချီးမြှင့်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှ စ၍ အနုပညာ စာပေဆိုင်ရာဆု ဟု အမည်ပြောင်း လိုက်သည်။ တစ်ဖန် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ ချီးမြှင့်သော အနုပညာ စာပေဆိုင်ရာ ဆုများသည် တစ်မျိုးသားလုံး အတွက် ချီးမြှင့်သော ဆုများ ဖြစ်သည် ဟူသော သဘော သက်ဝင်ငုံမိစေရန် ၁၉၆၅ ခုနှစ်မှ အစပြုကာ အမျိုးသား စာပေဆုဟူသော အမည်သို့ပြောင်းလဲ၍ ချီးမြှင့်သည်။ ဆုအမျိုးအစားများအမျိုးသား အစာပေဆုကို ဘာသာရပ် ဆယ်မျိုးခွဲခြား၍ ချီးမြှင့်ခဲ့သည်။
ဆုကြေးငွေဘာသာရပ်တစ်မျိုး အတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ ဆုလေးမျိုးနှင့် ဝတ္ထုရှည် ပထမဆုအတွက် ကျပ် ၂၀၀၀၊ဒုတိယ ဆုအတွက်ကျပ် ၁၅၀၀၊ တတိယဆုအတွက်ကျပ် ၁၀၀၀၊ စတုတ္ထဆုအတွပ် ကျပ် ၅၀၀ ချီးမြှင့်ရန် ကျန်ဘာသာရပ်ကိုးမျိုးအတွက် ပထမဆု ကျပ် ၁၅၀၀၊ ဒုတိယဆု ကျပ် ၁၀၀၀၊ တတိယဆု ကျပ် ၇၅၀၊စတုတ္ထဆု ကျပ် ၅၀၀ စီ ချီးမြှင့်ရန် သတ်မှတ်သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ယင်း စနစ်အတိုင်းချီးမြှင့်ခဲ့ပြီး ၁၉၆၉ခုနှစ် မှ စ၍ ပြိုင်ပွဲပုံစံ မှ ရွေးပွဲပုံစံသို့ ပြောင်းလိုက်သည်။ ပုံစံသစ်အရ ပြက္ခဒိန် တစ်နှစ်အတွင်း ပုံနှိပ် ထုတ်ဝေသမျှ စာအုပ်များ အနက်မှ ကြေညာထားသည့် အခြေခံမူ ငါးချက်နှင့် ကိုက်ညီသော စာအုပ်များကို ဖတ်ရှု ရွေးချယ်၍ ဆု ချီးမြှင့်ခြင်း ဖြစ်သည်။ ယခင် ပြိုင်ပွဲ ပုံစံကဲ့သို့ ဆုလေးမျိုး မပေးတော့ဘဲ အကောင်းဆုံး စာအုပ်တစ်အုပ် ကိုသာ ရွေးချယ်၍ ဆုတစ်ဆုစီသာ ချီးမြှင့်သည်။ ဆုငွေကိုလည်း ကျပ် ၃၀၀၀ အထိတိုးမြှင့်လိုက်သည်။ ၁၉၇၆ ခုနှစ် အမျိုးသားစာပေဆု မှစ၍ ဆုငွေကို ကျပ် ၅၀၀၀ အထိ ထပ်မံ တိုးမြှင့်လိုက်ပြန်သည်။ ဆုချီးမြှင့်ခြင်း ပုံစံပြောင်းလဲခြင်း၁၉၆၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ အမျိုးသားစာပေဆု ချီးမြှင့်သော အကြိမ်ပေါင်း ၁၁ ကြိမ်တွင် ချီးမြှင့်ရန် ရည်ရွယ်ထားသော ဆုအမျိုးအမည်အားလုံး ချီးမြှင့်ရသော အကြိမ်တစ်ကြိမ်မျှပင်မရှိချေ။ ၁၉၆၈ ခုနှစ်သည် ဆုအမျိုးအမည်ကို ကိုးမျိုးချီးမြှင့်နိုင်သဖြင့် ဆုအများဆုံးရရှိသော နှစ်ဖြစ်ပေသည်။အမျိုးသား စာပေဆုနှင်းသဘင်ကို နှစ်စဉ်နတ်တော်လဆန်း တစ်ရက် စာဆိုတော်နေ့တွင် ကျင်းပလေသည်။ ယခင်ကဆုရွေးချယ်ရန် ဘာသာရပ် ၁၀ မျိုးသတ်မှတ်ခဲ့သော်လည်း ပုံစံသစ်အရ သုတပဒေသာဆု တွင် ဝိဇ္ဇာပညာရပ်အတွက်တစ်ဆု၊ သိပ္ပံနှင့် အသုံးချသိပ္ပံပညာရပ်အတွက် တစ်ဆုဟု ခွဲခြား လိုက်သဖြင့် ဘာသာရပ် ၁၁ မျိုးအတွက် ဆုရွေးချယ်ချီးမြှင့်ရန် သတ်မှတ်လေသည်။ ၁၉၇၀ ပြည့်နှစ်တွင် လူငယ်စာပေဆုပါ ပါဝင် လာသဖြင့် ချီးမြှင့်ရန် ဆုပေါင်း ၁၂ ဆုဖြစ်လာသည်။ ရွေးချယ်ခြင်းမူ ငါးချက်ပြိုင်ပွဲဝင်သော စာအုပ်စာမူများသည်
ယင်း အခြေခံမူ ငါးချက်သည် ၁၉၆၂ ခုနှစ်တွင်မှ စတင်ချီးမြှင့်သော အနုပညာ စာပေဆိုင်ရာဆု အတွက် ရွေးချယ်စဉ်က ချမှတ် ခဲ့သောမူ ဖြစ်သည်။ အမျိုးသား စာပေဆု ကိုလည်း ဤ အခြေခံမူ ငါးချက်အရ ရွေးချယ်ခြင်း ဖြစ်သည်။ အခြားကြည့်ရန်ကိုးကားမြန်မာ့စွယ်စုံကျမ်း |
Portal di Ensiklopedia Dunia