ကုန်းတွင်းပိတ်နိုင်ငံကုန်းတွင်းပိတ်နိုင်ငံဟူသည်မှာ ပင်လယ်ကမ်းစပ်နှင့်နယ်မြေမထိစပ်ပဲ ကုန်းမြေအတွင်းပိတ်နေသော (သို့မဟုတ်) ကုန်းတွင်းပိတ်ပင်လယ်နှင့်သာ နယ်မြေထိစပ်နေသော တိုင်းပြည်ကို ဆိုလိုသည်။ ကမ္ဘာပေါ်တွင် ကုန်းတွင်းပိတ်နိုင်ငံ စုစုပေါင်း (၄၇)နိုင်ငံရှိသည်။ မြောက်အမေရိကတိုက်၊ ဩစတြေးလျတိုက်နှင့် လူနေထိုင်မှုမရှိသော အန္တာတိကတိုက် တို့တွင် ကုန်းတွင်းပိတ်နိုင်ငံ မရှိပေ။ ကမ္ဘာ့ကုလသမဂ္ဂ ပင်လယ်ဆိုင်ရာသဘောတူညီချက်ဥပဒေများအရ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုအား ဆက်စပ်နိုင်ငံနယ်မြေတစ်ခုမှတစ်ဆင့် ပင်လယ်ကမ်းရိုးတန်းဆီသို့ အခွန်မဲ့ ကုန်စည်သယ်ယူပို့ဆောင်ခွင့် ပေးထားသည်။ ကုလသမဂ္ဂမှ ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများအား ကူညီရန်အတွက် အထွေထွေအတွင်းရေးမှူးချုပ်၏ ကွပ်ကဲမှုအောက်တွင် အစီအစဉ်တစ်ခု ချမှတ်ဆောင်ရွက်လျက် ရှိသည်။ လက်ရှိတာဝန်ရှိသူမှာ Anwarul Karim Chowdhury ဖြစ်သည်။ အချို့သောတိုင်းပြည်များသည် လွန်စွာရှည်လျားသော ကမ်းရိုးတန်းများ ပိုင်ဆိုင်ကြသော်လည်း ကုန်သွယ်ရေးအတွက် အသုံးပြု၍ မရနိုင်ပေ။ ဥပမာအားဖြင့် သမိုင်းကြောင်းအရ ရုရှားနိုင်ငံသည် အာတိတ် သမုဒ္ဒရာဖက်တွင်သာ ဆိပ်ကမ်းတည်ဆောက်နိုင်ပြီး ရေခဲနေမှုကြောင့် တစ်နှစ်လျှင် လပေါင်းများစွာ အသုံးမပြုနိုင်ပဲ ပိတ်ထားရသည်။ သို့ဖြစ်၍ ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်လိုမှုသည် ရုရှား၏ ဘောလ်တစ်ပင်လယ်၊ ပင်လယ်နက် နှင့် ပစိဖိတ်သမုဒ္ဒရာ များဖက်သို့ နယ်မြေချဲ့ထွင်မှုအတွက် တွန်းအားဖြစ်စေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း အချို့သော ကုန်းတွင်းပိတ်နိုင်ငံများသည် နီးစပ်ရာ ပင်လယ်ကမ်းစပ်သို့ ဆက်သွယ်ရန်အတွက် သင်္ဘောများ ခုတ်မောင်းနိုင်လောက်အောင် ကြီးမားသော မြစ်ကြီးများ ရှိနေကြသည်။ ဥပမာအားဖြင့် ပါရာဂွေးနှင့် ဘိုလီးဗီးယား တို့သည် ပါရာဂွေးမြစ်နှင့် ပါရာနားမြစ် များမှတစ်ဆင့် ပင်လယ်ထွက်ပေါက် ရယူနိုင်ကြသည်။ အချို့သောတိုင်းပြည်များမှာမူ ကက်စပီယန်ပင်လယ် နှင့် အေရယ်ပင်လယ် တို့ကဲ့သို့သော ကုန်းတွင်းပိတ်ပင်လယ်များနှင့် ရှည်လျားသော ကမ်းရိုးတန်းများ ရှိနေကြသည်။ သို့ရာတွင် သမုဒ္ဒရာထွက်ပေါက် မရှိသဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မပြုနိုင်ပေ (ကက်စပီယန်ပင်လယ်သည် ယခုအခါ ဗော်လ်ဂါမြစ်နှင့် ဒွန်းမြစ်များ အကြားတွင် ပင်လယ်နက်ဆီသို့ လူလုပ် တူးဖော်ထားသော တူးမြောင်းဖြင့် ပင်လယ်နက်ဆီသို့လမ်းဖောက်ထားသည်။)။ ဥပမာအားဖြင့် ကာဇက်စတန်နိုင်ငံ။ ကုန်းတွင်းပိတ်နိုင်ငံများ စာရင်း
အထက်ပါကုန်းတွင်းပိတ်နိုင်ငံများကို အောက်ပါအတိုင်း နယ်မြေစုဖွဲ့နိုင်သည်။
အောက်ပါတိုင်းပြည်များသည် ကုန်းတွင်းပိတ်နိုင်ငံတစ်ခုတည်းအဖြစ် ရပ်တည်နေသော ကုန်းတွင်းပိတ်နိုင်ငံများဖြစ်ကြသည်။
အကယ်၍ ကော့ကေးဆပ်ဒေသကို ဥရောပတိုက်တွင် ထည့်သွင်းရေတွက်ပါက ဥရောပတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံအရေအတွက် (၁၉)နိုင်ငံဖြင့် အများဆုံးဖြစ်သည်။ ကာဇက်စတန်နိုင်ငံကို တစ်ခါတရံတွင် ဥရောပ-အာရှခွတည်နိုင်ငံအဖြစ်ယူဆလေ့ရှိရာ ၎င်းကိုပါ ထည့်သွင်းတွက်ချက်ပါက ဥရောပတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံပေါင်း (၂၀)အထိရှိမည်ဖြစ်သည်။ အကယ်၍ ၎င်းတိုင်းပြည်များကို အာရှတိုက်တွင်ပါဝင်သည်ဟု ထည့်သွင်းတွက်ချက်ပါက အာဖရိကတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံစုစုပေါင်း (၁၆)နိုင်ငံဖြင့် အများဆုံးဖြစ်မည်ဖြစ်သည်။ ကော့ကေးဆပ်တိုင်းပြည်များအားထည့်သွင်းတွက်ချက်မှုပေါ်မူတည်၍ အာရှတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံ (၉)နိုင်ငံ သို့မဟုတ် (၁၄)နိုင်ငံရှိသည်။ တောင်အမေရိကတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံ (၂)နိုင်ငံတည်းသားရှိသည်။ မြောက်အမေရိကတိုက်နှင့် ဩစတြေးလျတိုက်တို့တွင် ကုန်းတွင်းပိတ်နိုင်ငံမရှိပေ။ ဒွိ (နှစ်ထပ်ပိတ်) ကုန်းတွင်းပိတ်နိုင်ငံများကုန်းတွင်းပိတ်နိုင်ငံတစ်ခုသည် ၎င်းကိုပိတ်ထားသောပတ်ဝန်းကျင်တိုင်းပြည်များသည်လည်း ကုန်းတွင်းပိတ်နိုင်ငံများသာ ဖြစ်နေကြလျှင် ၎င်းနိုင်ငံကို ဒွိကုန်းတွင်းပိတ်နိုင်ငံ (သို့မဟုတ်) နှစ်ထပ်ပိတ်ကုန်းတွင်ပိတ်နိုင်ငံဟု ခေါ်ဆိုသည်။ ကမ္ဘာပေါ်တွင် ဒွိကုန်းတွင်းပိတ်နိုင်ငံ ၂နိုင်ငံရှိသည်။
ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံများအကယ်၍ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုကို ဝိုင်းပတ်ပိတ်ဆို့ထားသော ပတ်ဝန်းကျင်နိုင်ငံမှာ တစ်နိုင်ငံတည်းသာ ရှိလျှင် ၎င်းကုန်းတွင်းပိတ်နိုင်ငံကို ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံဟု ခေါ်ဆိုသည်။ ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံ (၃)နိုင်ငံရှိသည်။
ကိုးကားအင်္ဂလိပ်ဝီကီပီဒီးယား |
Portal di Ensiklopedia Dunia