အင်ဒိုရာနိုင်ငံ
'အင်ဒိုရာနိုင်ငံ၏ တရားဝင်အမည်မှာ အင်ဒိုရာမင်းသားနိုင်ငံ (ကတ်တလန်: Principat d'Andorra)ဟု ဖြစ်သည်။ [၁၄] ဥရောပအနောက်တောင်ပိုင်းမှ နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး စပိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံ တို့ကြား ပီးရနီးစ်တောင်တန်း ပေါ်တွင် တည်ရှိသည်။ ယင်းသည် ဥရောပတိုက်တွင် ဆဌမမြောက် အသေးငယ်ဆုံး နိုင်ငံငယ်လေးဖြစ်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း (၁၈၁) (စတုရန်းကီလိုမီတာပေါင်း ၄၆၈) သာကျယ်ဝန်း၍ ၂၀၀၉ခုနှစ်တွင် ခန့်မှန်းလူဦးရေ ၈၃,၈၈၈ ယောက်သာ ရှိသည်။ မြို့တော်မှာ အင်ဒိုရာလာဗီလာ (Andorra la Vella) ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၂၃မီတာအမြင့်တွင် တည်ရှိပြီး ဥရောပတွင် မြေမျက်နှာပြင်အမြင့်ဆုံး တိုင်းပြည်ဖြစ်သည်။ [၁၅] စပိန်နှင့် ပြင်သစ် ဘာသာစကားများကိုပြောဆိုကြသော်လည်း ရုံးသုံးဘာသာစကားမှာ ကက်တလန် (Catalan) ဘာသာစကားဖြစ်သည်။ အင်ဒိုရာနယ်ကို ၁၂၇၈တွင် ဖွဲ့စည်းခဲ့သည်။ တိုင်းပြည်၏ အုပ်ချုပ်သူအဖြစ် ပြင်သစ်သမ္မတနှင့် ဟဟ++စပိန်နိုင်ငံ၊ ကက်တလိုနီးယားမှ ဟဟအာဂျယ်လ်ဘိရှော့ဆရာတော်ဩဩ တို့မှ ပူးတွဲ အုပ်ချုပ်သည်။ ခရီးသွားလုပ်ငန်းဖြင့် တိုးတက်ဖွံ့ဖြိုးသော တိုင်းပြည်ဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် ၁၀.၂သန်းမျှ ဝင်ရောက်သည်။ [၁၆] ဒုတိယအကြောင်းတရားမှာ အခွန်အခနိမ့်သောကြောင့်ဖြစ်သည်။ ယင်းသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ယူရိုငွေကြေး ကို သုံးစွဲသည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူ့သက်တမ်းအရှည်ဆုံး တိုင်းပြည်ဖြစ်ပြီး မျှော်မှန်းနိုင်သော သက်တမ်းမှာ (၈၂)ဖြစ်သည်။ [၁၇] ဝေါဟာရရင်းမြစ်Andorra အမည် ဝေါဟာရရင်းမြစ်ကို မသိနိုင်ပေ အယူအဆများစွာကို အဆိုပြုထားသည်။ ရောမ ဧကရာဇ်နိုင်ငံမတိုင်မှီ ဤဒေသမှာ အခြေချနေထိုင်ခဲ့သာ အင်ဒိုဆင် (Andosin) မျိုးနွယ်စု မှာနာမည်ရရှိနိုင်ကြောင်း ဂရိသမိုင်းပညာရှင်များ ရှေးအကျဆုံးအယူဆဖြစ်သည် ။ Ἀνδοσίνοι စကားလုံးမှာ အနီးနား ဘတ်စ်က် (Basque) ဘာသာစကားအရ "ဘီလူးကြီး" အဓိပ္ပာယ်ရ handia စကားလုံးမှ နာမည်ရရှိနို်င်သည်။[၁၈] အခြားအယူဆမှာ "သစ်တောများသောတောင်ကျိုင့်" အဓိပ္ပာယ်ရ အာရဗီအဒ်ဒါရ် (الدَّارَة) မှဆင်းသက်လာနိုင်သည်။ မူအားလူမျိုး (Moors) အိုင်ဘီးရီးယားကျွန်းဆွယ် ကိုအုပ်ချုပ်ခဲ့သောအချိန်မှာ ဤတောင်အမြင့်များကို မအုပ်ရိုးနိုင်ခဲ့ပါ။[၁၉] ဒေသခံလူများ အယူဆမှာတော့ ရှာလမိန်း ဘုရင်တော်ကြီးက ခရစ်ယာန်သမ္မာကျမ်းစာ၌ မိဒျန်လူမျိုးများ ရှုံးနိမ့်ခဲ့သော Endor ခေါ် ခါနနိဒေသချိုင့်ဝှမ်းကို ရည်ညွှန်း၍ အမည်ပေးထားခဲ့သည် ဟု ပြောဆိုသည်။[၂၀] ပထဝီဝင်အနေအထားရာသီဥတုသမိုင်းကြောင်း![]() အင်ဒိုရာ တည်နေရာသည် ခရစ်ယာန်ခေတ် မတိုင်မီကတည်းက အခြေချနေထိုင်ခဲ့သည်။ အထူးသဖြင့် ကျောက်ခေတ်သစ် အင်ဒိုဆင် မျိုးနွယ်စုအခြေချခဲ့သည်။ အင်ဒိုရာလာဗီလာမြို့နယ်သည် ရှစ်ရာစုတွင် ရှာလမိန်းဘုရင်တော်ကြီး အိုင်ဘီးရီးယားကျွန်းဆွယ် ရှိ မူအားလူမျိုး (Moors)များနှင့် ကြားမှခံနေရန်ပြည်နယ်အဖြစ် ဖန်တီးခဲ့သည်။ [၂၁] ၁၂၇၉ ခုနှစ်ကစပြီး ပြင်သစ်နိုင်ငံနှင့် စပိန်ကက်သလစ်အသင်းတော် နှစ်ဘက် ပူးတွဲမင်းသားများ အင်ဒိုရာလာဗီလာမြို့ကို အုပ်စိုးရန် သဘောတူညီ၍ အင်ဒိုရာ ပူးပေါင်းအချုပ်အခြာအာဏာရရှိခဲ့သည်။ အင်ဒိုရာသည် ဤသို့ ပူးပေါင်းအချုပ်အခြာအာဏာရှိပြီး အထီးကျန်ပဒေသရာဇ်နိုင်ငံတစ်ခု၏ မြို့တော်ဖြစ်ခဲ့သည်။ နှစ်ဆယ်ရာစုအထိ အင်ဒိုရာလာနိုင်ငံသည် မေ့လျော့နေခဲ့သည်။ ၁၉၃၀ ခုနှစ်မှတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုကြောင့် အလွတ်သဘော ဒီမိုကရေစီ စတင် ဖြစ်ထွန်းလာခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတူလက်ခံပြီး ပါလီမန်ဒီမိုကရေစီစနစ်နှင့် အင်ဒိုရာလာဗီလာမြို့မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ရုံးချုပ်များကို ရုံးစိုက်ခဲ့သည်။။ ထို့နောက် အင်ဒိုရာလာဗီလာမြို့အနီးမှာ နှင်းလျှောစီးရန် ပစ္စည်းပစ္စယအဆောက်အဦများကိုလည်း ဆောက်ပြီး ၂၀၁၀ ကြင်းပမည့်၂၃ မြောက် ဆောင်းရာသီအိုလံပစ် ပွဲတော် အတွက် လျှောက်ထားခဲ့သည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသည် အင်ဒိုရာလာဗီလာကို မရွေးချယ်ခဲ့ပါ။ နိုင်ငံရေးအင်ဒိုရာနိုင်ငံသည် ပူးတွဲမင်းသားနှစ်ပါး အုပ်ချုပ်ရေးစနှစ်နိုင်ငံဖြစ်သည်။ ပူတွဲမင်းသားတစ်ပါး သည် ပြင်သစ်နိုင်ငံ ၏ ဘုရင်ဖြစ်ပြီး တစ်ပါး သည် စပိန်နိုင်ငံတွင်ရှိသော အာဂျယ်လ်ဘိရှော့ဆရာတော် ဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ယခုခေတ်ကာလမှာ ဘုရင်စနစ်မရှိသောကြောင့် ပြင်သစ်နိုင်ငံ သမ္မတ သည် အင်ဒိုရာနိုင်ငံ၏ ပြင်သစ်မင်းသားအဖြစ် ခန်အပ်ခံရသည်။ ၂၀၂၅ မှာ အင်ဒိုရာနိုင်ငံအုပ်ချုပ်သော ပူးတွဲမင်းသားနှစ်ပါးမှာ ဆရာတော် ဂျုန်းအန်ရစ် ဗီးဗက်စ် အီ စစ္စလီယား နှင့် သမ္မတ အီမန်နျူရယ် မက်ခရွန် ဖြစ်ပါသည်။ နိုင်ငံခြားဆက်ဆံရေးစစ်တပ်စီးပွားရေးအင်ဒိုရာလာဗီလာသည် နိုင်ငံ၏ စီးပွားရေးဗဟိုမြို့တော်ဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၈၀% သည် နှစ်စဉ် အင်ဒိုရာလာဗီလာသို့လာရောက်သော ခရီးသည် သိန်း ၁၀၀ ခန့် များမှာ ရရှိသည်။[၂၂] အင်ဒိုရာသည် အခွန်ကွန်းခိုရာနိုင်ငံ အဖြစ် ဖွံ့ဖြိုးခဲ့ပြီး အင်ဒိုရာလာဗီလာမြို့မှာ ခေတ်မီဘဏ်လုပ်ငန်းရုံးများ ဆောက်လုပ်ခဲ့သည်။ အင်ဒိုရာနိုင်ငံသည် ဥရောပသမဂ္ဂ (EU) ၏ အဖွဲ့ဝင်မဟုတ်သော်လည်း EU နှင့် အကောက်ခွန်အစီအစဉ် ရှိပြီး ယူရိုငွေကို အသုံးပြုသည်။ ကျန်းမာရေးပညာရေးလူဦးရေနှင့်လူမျိုးများယဉ်ကျေးမှုမှတ်စုကိုးကား
|
Portal di Ensiklopedia Dunia