ကောင်းတုံရွာ၊ ဗန်းမော်မြို့နယ်
ကောင်းတုံရွာ(အင်္ဂလိပ်: Kawngton)သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းတုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၆၈၉၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကောင်းတုံကျေးရွာအုပ်စုတွင် ကျား ၉၅၆ ဦး၊ မ ၉၄၉ ဦး၊ လူဦးရေစုစုပေါင်း ၁၉၀၅ ဦး နေထိုင်သည်။ [၁] ထင်ရှားဖြစ်ရပ်များကောင်းတုံသည် "အထက်ကောင်းတုံ အောက်ရန်ကုန်၊ စုံဆန်ထက်အောက်ဆင်း" ဟု "ကဝိလက္ခဏာသတ်ပုံကျမ်း" တွင်ဖော်ပြသော အနော်ရထာမင်း၏ ကင်းမြို့ဟောင်းဖြစ်ခဲ့ဖူးသည်။ကောင်းတုံ ကို မြန်မာတို့၏အောင်မြေ တစ်ခုဟုလည်း ခေါ်ဝေါ်သတ်မှတ်ကြသည်။ မြေဒူးမင်း(အင်းဝဆင်ဖြူရှင်မင်း) လက် ထက် (ခရစ်နှစ် ၁၇၆၅-၁၇၆၉) အတွင်း ထိုအရပ်တွင် ကျူးကျော်သူ တစ်ဖက်နိုင်ငံသားတို့နှင့် မြန်မာတို့ စစ်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာတို့က လေးကြိမ်စလုံး အောင်နိုင်ခဲ့သည်။[၂] [၃] အောင်မြေအထိမ်းအမှတ်ဆုတောင်းပြည့်ဘုရား (ယခင် ဘုရားငုတ်တိုအုတ်ပုံကို ပြန်လည်ပြုပြင်တည် ထားသည့် စေတီ)၊ အောင်မြေအထိမ်းအမှတ်ရှေးသရက်ပင်ကြီး၊ ကောင်းတုံခံတပ်ဟောင်းများလည်းရှိသည်။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia