နယ်စပ်ရေးရာ ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုဆောင်ရွက်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ကိုဖွဲ့စည်းထားရှိသည်။ လက်ရှိဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဖြစ်သည်။ သမိုင်းကြောင်းနယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီရုံးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွင်လှစ်ဆောင်ရွက်ရာမှ လုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့်အညီ မျက်ခြည်မပြတ် ကွပ်ကဲကြပ်မတ် ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် (၂၄−၉−၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၉၂) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းလိုအပ်ချက်အရ (၃၀−၁−၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၉၄) ဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန အဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော် သမ္မတရုံး၏ (၃၀−၃−၂၀၁၁) ရက်စွဲပါ စာအမှတ် (၄/၂၀၁၁) အရ နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာနအား ရပ်ဆိုင်းပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနကိုဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။[၁] ဖွဲ့စည်းပုံ
ရည်မှန်းချက်
ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များနယ်စပ်ရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များမှာ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့များနယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၂၅-၅-၈၉ ရက်စွဲပါ အမိန့်အမှတ် (၂၃/၈၉) ဖြင့် အဖွဲ့ဝင် (၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ် (၅/၂ဝ၁၁) ဖြင့် အဖွဲ့ဝင် (၂၆) ဦး ဖြင့်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၃၁-၅-၈၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၈၉) ဖြင့် အဖွဲ့ဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော် သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆/၂ဝ၁၁) ဖြင့် အဖွဲ့ဝင် (၃၂) ဦးဖြင့် လုပ်ငန်းကော်မတီကို အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီသည် ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၃၁-၅-၈၉ ရက်နေ့မှ စတင်၍ လုပ်ငန်းဆပ်ကော်မတီ (၁၃) ခု ဖွဲ့စည်းခဲ့ရာ ၃-၁ဝ-၉၄ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၃/၉၄) ဆုံးဖြတ်ချက် အရ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၆/၁၁) အရလည်းကောင်း၊ လုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်၍ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော လုပ်ငန်းဆပ်ကော်မတီ (၁၈) ခု ကို လည်းကောင်း၊ နိုင်ငံတော် သမ္မတရုံး၏ ၂၄-၈-၂ဝ၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆ဝ/၂ဝ၁၂) ဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆပ်ကော်မတီ(၁၃)ခု ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ၁၃-၆-၈၉ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများ၊ ပြည်နယ် ဥက္ကဋ္ဌများမှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁၁) ခုကို ဖွဲ့စည်းခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်း ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ရာမှ နိုင်ငံတော် သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆/၁၁) အရ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ အဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များအား တာဝန်ပေးအပ်၍ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ၂.၅.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၂) ဆုံးဖြတ်ချက်အရအောက်ပါအတိုင်း ဒေသဆိုင်ရာလုပ်ငန်းကော်မတီ(၉)ခု ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
ကိုးကား
ပြင်ပအဆက်အသွယ်
|
Portal di Ensiklopedia Dunia