ကျော်ဝင်း (ဝန်ကြီး)
ဦးကျော်ဝင်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရကာ အစိုးရအသစ်တက်လာချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ တာဝန်ယူခဲ့သည်။ကိုယ်ရေးအကျဉ်းများတွင် နိုင်ငံခြားတက္ကသိုလ်မှ Ph.d ဘွဲ့ ရရှိခဲ့သည်ဟု အတုအယောင်လုပ်ခဲ့၍ ပထမဆုံး ဝေဖန်ခံရသည်။ [၁]၂၀၂၁ ဖေဖော်ဝါရီ ၄ရက် တွင် ဖမ်းဆီးခံရပြီး ၂၀၂၃ ဧပြီ၁၇ ရက်တွင် ပြန်လွတ်သည်။[၂] စစ်ဆေးခံရခြင်းဦးကျော်ဝင်းမှာ တိုင်ကြားထားမှုများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ၂၀၁၈ခုနှစ် မေလ၇ရက်နေ့မှစ၍စစ်ဆေးခြင်းခံခဲ့ရသည်။ ထို့နောက် နုတ်ထွက်စာတင်ထားပြီး ၂၀၁၈ မေလ ၂၅ရက်နေ့တွင်နိုင်ငံတော်သမ္မတရုံးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။ ၂၀၁၈ခုနှစ်ကာလက ဦးကျော်ဝင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးစဉ်အဂတိလိုက်စားကြောင်းမတွေ့၍ အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။[၃] [၄] ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်စဉ်များ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်နှင့် ပတ်သက်ပြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကိုပါ စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်း၊ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ အမှုဖွင့် တရားစွဲဆို ခဲ့သည်။[၅] ဦးကျော်ဝင်းသည် အကျဉ်းထောင်ထဲ အမှုရင်ဆိုင်နေရဆဲ ကာလမှာပင် ကျန်းမာရေးကြောင့် နေပြည်တော်ကုတင်၁၀၀၀ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသည်။[၆] ယင်းနောက် ၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အား နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့သည်။[၇] [၈]၂၀၂၃ ဧပြီ ၁၇ရက်တွင် လွတ်ငြိမ်းဖြင့် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်သည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia