စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
Ministry of Planning and Finance
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ မတ် ၂၀၁၆
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် (၃၂)၊ ရုံးအမှတ် (၂၆)၊ နေပြည်တော်
နှစ်စဉ်ဘက်ဂျက်၉,၉၇၂,၄၆၅.၇၉၂ မီလျံကျပ် (၄၂.၅၆%)

၇,၉၃၁,၁၉၆.၄၈၆ မီလျံကျပ် (၂၅.၇၂%)

+ ၂,၀၄၁,၂၆၉.၃၀၆ မီလျံကျပ် (၂၀၂၃)
ဝန်ကြီးများဦးဝင်းရှိန်
ဒုတိယဝန်ကြီးများဦးမင်းထွဋ်
ဒေါ်သန်းသန်းလင်း
ဌာနအကြီးအမှူးများဦးဝင်းထိုက် (အမြဲတမ်းအတွင်းဝန်)
ဌာနခွဲများပြည်ထောင်စုဝန်ကြီးရုံး
စီမံကိန်းရေးဆွဲရေးဦးစီးဌာန
အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေး ဦးစီးဌာန
စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန
မြန်မာ့စီးပွားရေးဘဏ်
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
မြန်မာ့ ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
မြန်မာ့အာမခံလုပ်ငန်း
ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန
ငွေတိုက် ဦးစီးဌာန
ပြည်တွင်းအခွန်များ ဦးစီးဌာန
အကောက်ခွန် ဦးစီးဌာန
ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန
ပင်စင် ဦးစီးဌာန
ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံး
ဝက်ဘ်ဆိုက်mopf.gov.mm

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Planning and Finance; MOPF) သည် စီမံကိန်းနှင့် ဘဏ္ဍာရေးပိုင်းနှင့် သက်ဆိုင်သော မြန်မာနိုင်ငံအစိုးရဝန်ကြီးဌာန ဖြစ်သည်။ လက်ရှိတွင် အိမ်စောင့်အစိုးရ မှ ဦးဝင်းရှိန် ကို ဝန်ကြီး ဟုသတ်မှတ်ထားပြီး[]အမျိုးသားညီညွတ်ရေး အစိုးရ ကမူ ဦးတင်ထွန်းနိုင် အား ဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။

သမိုင်းကြောင်း

လွတ်လပ်ရေးရပြီးစအချိန်တွင် အမျိုးသားစီမံကိန်း ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာနတို့သည် သီးခြားတည်ရှိခဲ့သည်။ ၁၉၇၂ခုနှစ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍ စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၃ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဟူ၍ပြန်လည်ခွဲထုတ်ခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအား ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ​ပြောင်းလဲခဲ့သည်။

၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် သမ္မတဦးထင်ကျော်က ထိုဝန်ကြီးဌာန နှစ်ခုကို ပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၉ခုနှစ်တွင် သမ္မတ ဦးဝင်းမြင့်က စက်မှု ဝန်ကြီးဌာနကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပေါင်းကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန (MOPFI) အဖြစ်ဖွဲ့စည်းခဲ့ပြန်သည်။[] ၂၀၂၁စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် တက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၁ခုနှစ် မေလ ၃ရက်​နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဟူ၍ ပြန်လည်ခွဲထုတ်ခဲ့ပြန်သည်။[]

ဝန်ကြီးဌာနဖွဲ့စည်းပုံ

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများ

  • ဦးကျော်ဝင်း - (၃၀ မတ် ၂၀၁၆ - ၂၅ မေ ၂၀၁၈)
  • ဦးစိုးဝင်း - (၃၀ မေ ၂၀၁၈ - ၂၉ နိုဝင်ဘာ ၂၀၁၉)
  • ဦးစိုးဝင်း[] - (၂၉ နိုဝင်ဘာ ၂၀၁၉ - ၁ ဖေဖော်ဝါရီ ၂၀၂၁) (MOPFI)
  • ဦးဝင်းရှိန် - ( ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ - ၃ ​မေ ၂၀၂၁) (MOPFI)
  • ဦးဝင်းရှိန် (၃ မေ ၂၀၂၁ - လက်ရှိ)

စင်ပြိုင်

  • ဦးတင်ထွန်းနိုင် (၂ မတ် ၂၀၂၁ - လက်ရှိ) (စီမံကိန်း၊ ဘဏ္ဍာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီး)

ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများ

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya