ကျွန်းတော်ရွာ၊ မကွေးမြို့နယ်
ကျွန်းတော်ရွာ (အင်္ဂလိပ်: Kyuntaw)သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ တောင်ခွင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၄၈၈၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ခွင်ကျေးရွာအုပ်စုတွင် ကျား ၁၃၈၉ ဦး၊ မ ၁၄၉၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၈၆ ဦးနေထိုင်သည်။ [၁] မကွေးမြို့တောင်ဖက် မင်းလှမြို့နှင့် မြစ်အရှေ့ဖက်ကမ်း မိကျောင်းရဲမြို့တို့ကို ဆက်သွယ်သော မင်းလှတံတား အောက်ဖက် (၄) မိုင်ခန့်အကွာ ဧရာဝတီမြစ်လယ် ကျွန်းပေါ်တွင် ရှိသည်။ ကျွန်းမှာ ရှေးခေတ် ပုဂံနိုင်ငံတော် ၏ တောင်ဖက်အစွန် နယ်နိမိတ်ဖြစ်၍ ပုဂံခေတ်က "ပြည်တော်သာကျွန်း" ဟုခေါ်သော ကျွန်းဖြစ်သည်။ ပျူခေတ် လက်ရေးစင်းပါအုတ်ချပ်အများအပြား တွေ့ရသည်။ ရှေးဟောင်းသုတေသနဌာန နှင့် ကျွန်းတော်ရွာဒေသခံတို့ ပူးပေါင်းထိန်းသိမ်းထားသော ရှေးဟောင်းစေတီ (၂၇) ဆူရှိပြီး မထိန်းသိမ်းနိုင်သော ရှေးစေတီ၊ ပုထိုး၊ ဂူဘုရား၊ အဆောက်အအုံ၊ အုတ်ရိုးအများအပြားကျန်ရှိသည်။ ဘုရားနံရံဆေးရေးပန်းချီများ ရှိသည်။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia