မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး (အင်္ဂလိပ်: Magway Region သို့မဟုတ် Magwe Region၊ ယခင် အမည် - မကွေးတိုင်း)သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ အလယ်ပိုင်းရှိ အုပ်ချုပ်ရေး နယ်မြေ တစ်ခု ဖြစ်သည်။ မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး ခုနစ်ခုအနက် ဒုတိယအကြီးဆုံးဖြစ်ကာ ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ ဖြစ်သည်။ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ အကြီးဆုံးနှင့် အစည်ကားဆုံးမြို့ ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာပြည်တွင် အရှည်ဆုံးတံတား ဖြစ်သည်။မြန်မာနိုင်ငံ၏ အဓိကဆီအိုးကြီးလည်း ဖြစ်ပါသည်။[ကိုးကားချက်လိုသည်] တည်နေရာနှင့် အကျယ်အဝန်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၅၀ မိနစ် နှင့် ၂၂ ဒီဂရီ ၄၇ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် နှင့် ၉၅ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မကွေးတိုင်းဒေသကြီးသည် ၁၇,၃၀၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ သမိုင်းကြောင်းမြန်မာဘုရင်များလက်ထက်က ယခုမကွေးတိုင်းဒေသကြီးကို ပုခန်းနယ်စား၊ ရေနံချောင်းနယ်စားနှင့် မင်းဘူးနယ်စားဟူ၍ နယ်စားမင်းများခန့်ထား အုပ်ချုပ်စေခဲ့သည်။ ကိုလိုနီခေတ်- ဗြိတိသျှအစိုးရလက်ထက် (၁၈၉၆) ခုနှစ်တွင် ပြည်နယ် (၂) ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ မင်းဘူးပြည်နယ်နှင့် ပခုက္ကူပြည်နယ်တို့ဖြစ်သည်။ မင်းဘူးပြည်နယ်ကို မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့ဖြင့် ဖွဲ့စည်းထားပြီး မြို့တော်မှာ ရေနံချောင်းမြို့ဖြစ်သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ဖြင့်ဖွဲ့စည်းထားပြီး မြို့တော်မှာ ပခုက္ကူမြို့ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ပခုက္ကူပြည်နယ်ကို မြောက်ပိုင်းချင်းတောင်တန်း၊ ကာရိုတောင်တန်း၊ လူရှိုင်းတောင်တန်း၊ ကချာနှင့်ဂျိန်းတိယတောင်တန်း၊ အက္ကပတ်တောင်တန်း၊ မဏိပူရတောင်တန်းတို့ဖြင့် တိုးချဲ့ဖွဲ့စည်း၍ ပခုက္ကူတောင်တန်းဒေသများပြည်နယ်အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။ ပြည်နယ်မြို့တော်မှာ ပခုက္ကူမြို့ဖြစ်သည်။ ၁၉၃၆ခုနှစ်တွင် ပခုက္ကူပြည်နယ်၌ အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ်ပူပေါင်းရေးနှင့် ဗမာပြည်မနဲ့ပူးပေါင်းရေး တွဲရေး၊ ခွဲရေးမဲခွဲရာ အိန္ဒိယနိုင်ငံနှင့်တွဲရန်ဘက်က မဲအသာစီးရခဲ့သော်လည်း ပခုက္ကူခရိုင်နှင့် ချင်းတောင်တန်းမှခေါင်းဆောင်များက ဗမာပြည်မနှင့်သာတွဲရန်တောင်းဆိုသဖြင့် ပခုက္ကူခရိုင်နှင့် ချင်းတောင်တန်းများကို ဗြိတိသျှဗမာပြည်၏ အစိတ်အပိုင်းများအဖြစ် ၁၉၃၇ ခုနှစ်တွင် ပါဝင်ဖွဲ့စည်းလိုက်သည်။ သို့သော် လူရှိုင်းတောင်တန်းဒေသမှ ချင်းခေါင်းဆောင်များကမူ အိန္ဒိယနိုင်ငံနှင့်သာပူးပေါင်းရန်ဆုံးဖြတ်ခဲ့သဖြင့် နောင်အခါ မီဇိုရမ်ပြည်နယ်ဟူ၍ ဖြစ်လာခဲ့သည်။ ကချာ၊ ဂျိန်းတိယ၊ မဏိပူရနှင့် အက္ကပတ်အပါအဝင် ကျန်ဒေသများမှာမူ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းများသာဖြစ်လာခဲ့သည်။ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်၊ ဖလမ်းခရိုင်နှင့် ကန်ပက်လက်ခရိုင်တို့ဖြင့် ပြန်လည်ဖွဲ့စည်းသည်။ ၁၉၃၈ ခုနှစ်တွင် မင်းဘူးခရိုင်တွင်ပါဝင်သော တောင်တွင်းကြီးစီရင်စုနှင့် ရေနံချောင်းစီရင်စုတို့ကို မကွေးခရိုင်အဖြစ်ဖွဲ့စည်းလိုက်ပြီး မင်းဘူးပြည်နယ်ကို ခရိုင် (၃) ခုဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ဗြိတိသျှအစိုးရမှ အမိန့်ဒီဂရီထုတ်ပြန်ပြီး မကွေးတိုင်းဟု အမည်ပြောင်းလဲ သတ်မှတ်သည်။ တိုင်းမြို့တော်မှာမူ ရေနံချောင်းမြို့အဖြစ်သာ ဆက်လက်တည်ရှိသည်။ လွတ်လပ်ရေးခေတ်- ၁၉၄၉ခုနှစ်တွင် ပခုက္ကူပြည်နယ်မှ ဖလမ်းခရိုင်ကိုရခိုင်တောင်တန်းဒေသမှ ပလက်ဝမြို့နှင့်တွဲဖက်၍ ချင်းဝိသေသတိုင်းအဖြစ်ပြောင်းလဲဖွဲ့စည်းရာ ပခုက္ကူပြည်နယ်ကို ပခုက္ကူခရိုင်နှင့် ကန်ပက်လက်ခရိုင် (၂) ခုဖြင့်သာ ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၂၂.၃.၁၉၄၉ တွင် မတူပီမြို့ကိုကန်ပက်လက်ခရိုင်၌ တည်ထောင်လိုက်သောအခါ ပခုက္ကူပြည်နယ်တွင် မြို့နယ် (၁၁) ခု ပါဝင်လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ချောက်မြို့ကို နောင်အခါ မန္တလေးတိုင်းတွင်ပါဝင်လာမည့် မိတ္ထီလာပြည်နယ်၊ မြင်းခြံခရိုင်၊ ညောင်ဦးစီရင်စုမှ မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းစီရင်စုလက်အောက်သို့ ပြောင်းရွှေ့လိုက်သည်။ ၁၉၅၈ ခုနှစ်တွင် ကန်ပက်လက်ခရိုင်ရုံးများကို မင်းတပ်မြို့သို့ ပြောင်းရွှေ့လိုက်ပြီး မင်းတပ်ခရိုင်အဖြစ် အမည်ပြောင်းလဲသတ်မှတ်သည်။ ယင်းနှစ်တွင်ပင် သရက်ခရိုင်မှ မြေထဲမြို့ကို အောင်လံမြို့ဟု အမည်ပြောင်းလဲသတ်မှတ်လိုက်သည်။ ၁၉၇၄ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအရ နိုင်ငံတဝန်းရှိ ခရိုင်များနှင့်စီရင်စုများအားလုံးကို ဖျက်သိမ်းလိုက်သည်။မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် မတူပီမြို့တို့ကို ချင်းဝိသေသတိုင်းကို ပြောင်းလဲဖွဲ့စည်းသော ချင်းပြည်နယ်အတွင်း ထည့်သွင်းဖွဲ့စည်းလိုက်သည်။ ပခုက္ကူပြည်နယ်ကိုဖျက်သိမ်းပြီး ပခုက္ကူခရိုင်အတွင်းမှ မြို့နယ် (၈) ခုကို မကွေးတိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းလိုက်သည်။ ရေနံချောင်းမြို့မှ တိုင်းရုံးများကို မကွေးမြို့သို့ ပြောင်းရွှေ့စေသည်။ နဝတအစိုးရလက်ထက်တွင် မကွေးတိုင်းကို ပခုက္ကူခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်ဟူ၍ ခရိုင်(၄)ခု၊ မြို့နယ် (၂၅) ခုဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။ ထိုအချိန်မှစ၍ မကွေးခရိုင်ရုံးများသည် ရေနံချောင်းမြို့မှ မကွေးမြို့သို့ ပြောင်းရွှေ့သွားသည်။ တိုင်းမြို့တော်မှာမကွေးမြို့ဖြစ်သည်။ ၁၉၉၈ခုနှစ်တွင် နအဖအစိုးရမှ ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်နှင့် ထီးလင်းမြို့နယ်တို့ကို ပခုက္ကူခရိုင်မှဆွဲထုတ်၍ ဂန့်ဂေါခရိုင်အဖြစ်ဖွဲ့စည်းလိုက်သောအခါ မကွေးတိုင်းတွင်ခရိုင်(၅)ခု ဖြစ်လာခဲ့သည်။ ၂၀၀၆ခုနှစ်တွင် မြန်မာနိုင်ငံရှိအခြားတိုင်းမြို့များကဲ့သို့ မကွေးမြို့ရှိတိုင်းရုံးများကို တိုင်းအတွင်းရှိအခြားမြို့တစ်ခုသို့ ပြောင်းရွှေ့ရန်စီစဉ်ခဲ့သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။ ၂၀၁၀ခုနှစ်တွင် (၂၀၀၈)ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မကွေးတိုင်းဟူသောအမည်ကို မကွေးတိုင်းဒေသကြီးဟူ၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်သည်။ ပထဝီဝင်အနေအထားမြေမျက်နှာသွင်ပြင်ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ မင်းဘူးမြို့သည် လွင်ပြင်ဒေသဖြစ်သည်။ ဧရာဝတီမြစ်သည် တိုင်း၏အလယ်ဗဟိုကိုဖြတ်၍ မြောက်မှတောင်သို့စီးဆင်းသည်။ ဧရာဝတီမြစ်သို့ အရှေ့ဘက်ခြမ်းမှ စီးဝင်သော ချောင်းကြီးများမှာ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းတို့ဖြစ်ကြပြီး၊ အနောက်ဘက်မှ စီးဝင်ကြသော မြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ ဆင်ဖြူကျွန်းချောင်းခေါ် စလင်းချောင်း ၊ မုန်းချောင်း၊ မန်းချောင်း၊ ပနီချောင်း၊ မင်းတုန်းချောင်းတို့ဖြစ်ကြသည်။ ရာသီဥတုမြန်မာပြည်အလယ်ပိုင်း ချိုင့်ဝှမ်းဒေသဖြစ်၍၊ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။ အုပ်ချုပ်ရေးမြို့တော်မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ ပခုက္ကူမြို့၊ အောင်လံမြို့၊ ရေနံချောင်းမြို့၊ တောင်တွင်းကြီးမြို့၊ ချောက်မြို့ များမှာ အဓိကအရေးပါသောမြို့များ ဖြစ်ကြသည်။ အုပ်ချုပ်ရေး၂၀၁၁ ခုနှစ်မှ စတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရရုံးသည် မကွေးမြို့တွင်တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။ ဥပဒေပြုရေး၂၀၁၁ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။ တရားစီရင်ရေးမကွေးတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၂၅)ရုံးရှိသည်။ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများခရိုင်များ![]() မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခု ရှိသည်။ ခရိုင်ရှိမြို့နယ်အခြားထင်ရှားသောမြို့နှင့် ရွာကြီးများ
မကွေးတိုင်းဒေသကြီးကို ခရိုင် ၇ ခရိုင်နှင့် မြို့နယ်ပေါင်း ၂၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း ၃၂ မြို့ ရပ်ကွက်ပေါင်း ၁၉၉ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နှင့် ကျေးရွာပေါင်း ၄၇၈၈ ရွာ ပါဝင်သည်။[၃] လူဦးရေ
၂၀၁၄ သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ ၃.၉သန်း နေထိုင်ကြသည်။ မကွေးတိုင်းတွင် မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၇၆ ဦး ဖြစ်သည်။ မကွေးတိုင်းတွင် လူ ၁၀၀လျှင် ၈၅ ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။ မြို့နေလူဦးရေ၂၀၂၀ ပြည့်နှစ်ခန့်မှန်းလူဦးရေစာရင်းအရ ပခုက္ကူမြို့သည် တိုင်းဒေသကြီး၏ မြို့နေလူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ငဖဲမြို့သည် မြို့နေလူဦးရေအနည်းပါးဆုံးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များ၏ မြို့နေလူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ပညာရေး
စီးပွားရေးတွင်းထွက်များမကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ချောက်မြို့နယ်တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထွက်ရှိသည်။
ဒေသထွက်ကုန်များမြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ဆန်စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုး ဆင်ဖြူကျွန်းအာလူး စက်မှုလုပ်ငန်းများ
စိတ်ဝင်စားဖွယ်နေရာများထေရဝါဒဗုဒ္ဓဘာသာတို့အထွဋ်အမြတ်ထားရာနေရာများ
အခြားထင်ရှားသောနေရာများ
ထင်ရှားသောတံတားများ
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ ၃ မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသဟု ခေါ်တွင်သည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံအဖြစ် ဝတ်ဆင်ကြသည်။ ဆင်ဖြူကျွန်းဒေသ ကျပင်းမြို့ဟောင်းရှိ ပျူခေတ် ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများတွေ့ရသည်။ ယင်းရှေးဟောင်းပစ္စည်းများအား ဆင်ဖြူကျွန်းပြတိုက်တွင် ပြသထားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia