ကြေးခေတ်

သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်
အခမ်းအနားများတွင် အသုံးပြုသည့်ဓားတို၊ ပလိုဂရက်ကင့်၊ ပြင်သစ် 1500–1300 BC၊

ကြေးခေတ်ဆိုသည်မှာ ကြေးနီသံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလကို ညွှန်းဆိုသည်။[] ဘေဘီလုံနိုင်ငံ၌ ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလကို သတ်မှတ်ကြသည်။ ကမ္ဘာသစ်ဖြစ်သော အမေရိကန်နိုင်ငံများတွင်မူ ပီရူးနိုင်ငံ၌ ခရစ်ပေါ်ပြီး နှစ် ၅၀၀ မှ ၁၀၀၀ အတွင်း သတ်မှတ်သည်။ နေရာတကျ ရပ်နေထိုင်ခြင်း၊ ရိက္ခာပိုစုခြင်း လက္ခဏာများကို တွေ့ရသည်။ မြို့ရွာများ တည်ထောင်ကြသည်။ ဥရောပတိုက်တွင်မူ ခရစ်မပေါ်မီ နှစ် ၂၅၀၀ နှင့် ၁၉၀၀ အကြားတွင် ကြေးညိုခေတ်ဟု ပိုင်းခြားသည်။ ထိုခေတ်ကာလတွင် ကြေးနီနှင့် သံဖြူ သတ္တုရိုင်းများကို အရည်ကျိုရောစပ်ပြီး ကြေးဝါသတ္တုစပ်ကို ဖန်တီးကာ အသုံးအဆောင်ပစ္စည်းများ၊ အနုပညာပစ္စည်းများကို သွန်းလုပ်ကြသည်။ ကြေးခေတ်တွင်လည်း လူတို့သည် မြင်းရိုင်းများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတတ်ကြပြီ ဖြစ်သည်။

ကြေးနီနှင့် သံဖြူသတ္တုရိုင်းများသည် ရှားပါးလှသည်။ ဘီစီ ၃၀၀၀ ခုနှစ် မတိုင်မှီ အနောက်အာရှတွင် သံဖြူနှင့်စပ်သည့် ကြေးဝါကို မတွေ့ရပေ။ ကြေးခေတ်သည် ခေတ်သုံးခေတ်၏ အလယ်ခေတ်ဟု ယူဆကြသည်။ အချို့ဒေသများတွင် ကျောက်ခေတ်သစ်မှ ကြေးခေတ်သို့ ပြောင်းလဲလာသော်လည်း အာဖရိကတိုက်တွင် ကျောက်ခေတ်သစ်မှ သံခေတ်သို့ တိုက်ရိုက် ကူးပြောင်းခဲ့ကြသည်။ အချို့ဒေသတွင်မူ ကျောက်ခေတ်သစ်မှ ကြေးနီခေတ်၊ ကြေးနီခေတ်မှ ကြေးဝါခေတ်သို့ ကူးပြောင်းလာသည်လည်းရှိသည်။

မူလအစ

ကြေးဝါအား တီထွင်ခဲ့သည့် နေရာဒေသနှင့် အချိန်ကာလ အပိုင်းအခြားနှင့် စပ်လျဉ်း၍ အငြင်းပွားစရာများ ရှိနေသေးသည်။ ကြေးဝါသွန်းလုပ်ခြင်းကို ဘီစီ ၄၀၀၀ ခုနှစ် အလယ်ပိုင်းခန့် မြောက် ကော့ကေးရှပ်ဒေသရှိ မေကို့ပ်ယဉ်ကျေးမှုက စတင်ဖန်တီးခဲ့နိုင်ခြေ ရှိသည်။ အချို့ကမူ ဘီစီ ၃၀၀၀ ခုနှစ် အလယ်ပိုင်းခန့်တွင် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ သို့သော်လည်း မေကို့ပ်ယဉ်ကျေးမှုတွင် သဘာဝအလျောက်တွေ့ရသည့် အာဆင်းနစ်ကြေးထည်များကိုသာ အသုံးပြုကြသည်။ နောက်ပိုင်းတွင် တွေ့ရသည့် သံဖြူစပ် ကြေးဝါများသည် နည်းပညာအရ ပိုမိုရှုပ်ထွေးသည်။ ယေဘုယျအားဖြင့် ကြေးခေတ်သည် လေးလံသည့် သတ္တုများကို စတင်အသုံးပြုသည့် ခေတ်ကာလဟု ဆိုနိုင်သည်။

နောက်ပိုင်းတွင် သံထည်အသုံးပြုမှု ကျယ်ပျံ့လာကာ ကြေးခေတ်ကုန်ဆုံး၍ သံခေတ် စတင်လာတော့သည်။

မြန်မာနိုင်ငံ ကြေးခေတ်

ရှေးဟောင်းသုတေသန တူးဖော် စစ်ဆေးမှု အထောက်အထားများအရ မြန်မာနိုင်ငံ နေရာများစွာတို့တွင် လူသားများသည် ကျောက်ခေတ် ကြေးခေတ် သံခေတ် ပျူခေတ် ပုဂံခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် အစဉ်မပြတ် နေထိုင်ခဲ့သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟံလင်း ဒေသတွင် ကျောက် ကြေး သံ ပျူ မှသည် လက်ရှိခေတ်အထိ ခေတ်များအဆက်ဆက်တွင် စဉ်ဆက်မပြတ်ထွန်းကားခဲ့သော လူ့ယာဉ်ကျေးမှုကြီးကို တွေ့မြင်ကြရသည်။ []

မြန်မာနိုင်ငံ ကြေးခေတ် အထောက်အထားများမှာ ၁၉၉၀ ဝန်းကျင်က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကန် ကြေးခေတ် သုတေသန တွေ့ရှိမှု များမှ စတင်သည်။

ညောင်ကန်တွေ့ရှိမှု နောက်ပိုင်း မြန်မာနိုင်ငံ အခြားနေရာများတွင်လည်း ကြေးခေတ် လူ့ယာဉ်ကျေးမှု အထောက်အထားများစွာ ထပ်မံတွေ့ရှိခဲ့ကြသည်။ ၎င်းတို့အနက် မန္တလေးတိုင်း မလှိုင်မြို့နယ် မြင်းဦးလှည့်ကျေးရွာ ပတ်ဝန်းကျင် ကြေးခေတ် သံခေတ် ပျူခေတ် ယာဉ်ကျေးမှု အထောက်အထားများ တွေ့ရှိမှုလည်း အပါအဝင်ဖြစ်သည်။ ၁၉၉၉ ခုနှစ်က မြင်းဦးလှည့်ကြေးခေတ်ယဉ်ကျေးမူဒေသကို မြန်မာနိုင်ငံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ []

၂၀၁၈ ခုနှစ်က ဧက ၇၀ နီးပါးရှိ ဘုတလင် ကြေးခေတ်နယ်မြေ ကို မြန်မာနိုင်ငံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ []

ရှေးဟောင်းသုတေသနမှ တူးဖော်တွေ့ရှိချက်များအရ ကြေးခေတ်ဒေသများ၏ တည်နေရာမှာ မြေပြန့်ဒေသများ၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ ဖြစ်နေသည်ကို တွေ့ရှိရသည်။ []

မြန်မာနိုင်ငံတွင် တွေ့ရသော ကြေးခေတ် ဒေသကြီးသည် လက်ရှိအချိန်ထိ အရှေ့တောင်အာရှတွင် တွေ့ထားသော ကြေးခေတ်ဒေသများတွင် အကြီးဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် ပညာရှင်မျိုးဆက်ပြတ်ခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ လူဦးရေများပြားလာချိန်တွင် နိုင်ငံကဆင်းရဲမွဲတေခြင်း၊ ရှေးဟောင်းပစ္စည်းမှောင်ခိုဈေးကွက် ကျယ်ပြန့်လာခြင်းတို့ကြောင့် ရှေးဟောင်းသုတေသနပညာရှင်များ၏ သုတေသနလုပ်ငန်းများမှာ များစွာခက်ခဲသည်။

[]

ကိုးကား

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကြေးခေတ်" (pdf)ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. ပြင်သစ်ယဉ်ကျေးမှုဌာနမှသတင်းများ (၂၃ ဖေဖော်ဝါရီ ၂၀၁၈)။ မြန်မာနိုင်ငံပြင်သစ်ရှေးဟောင်းသုသေသနအဖွဲ့ တူးဖော်ရေးခရီးစဉ် -၂၀၁၈ခုနှစ်ဟန်လင်းဒေသ၌တူးဖော်ခြင်း (in မြန်မာ)။ သတင်းများ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ရန်ကုန်မြို့။ ၃၁ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. သီဟထွန်း (12 November 2019)။ မြင်းဦးလှည့် ကြေးခေတ်ယဉ်ကျေးမှုဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့လိုလား (in မြန်မာ)။ လွတ်လပ်တဲ့အာရှအသံ မြန်မာဘာသာအစီအစဉ် သတင်းဆောင်းပါးများ။ Radio Free Asia။ 31 May 2023 တွင် ပြန်စစ်ပြီး။
  4. ဘုတလင် ကြေးခေတ်နယ်မြေ သတ်မှတ် (in Myanmar)။ BBC Myanmar News။ BBC Myanmar (၁ ဇွန် ၂၀၁၈)။ 31 May 2023 တွင် ပြန်စစ်ပြီး။
  5. မာန်သစ်ငြိမ်း၊ ရှေးဟောင်းသုတေသန (3 February 2019)။ ကြေးခေတ်ယဉ်ကျေးမှုလက္ခဏာများနှင့် မြန်မာနိုင်ငံ (in Myanmar)။ Myanmar Digital News။ NPE။ 31 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 May 2023 တွင် ပြန်စစ်ပြီး။
  6. "စစ်ကိုင်းတိုင်းမှာ သံခေတ်၊ ကြေးခေတ် ယဉ်ကျေးမှုတွေ တွေ့ထားတယ်" (in Myanmar and English)၊ Kamayut Online TV၊ Kamayut Media Group၊ 18 Feb 2016။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya