မလှိုင်မြို့နယ်
မလှိုင်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မလှိုင်မြို့ ဖြစ်သည်။ သမိုင်းကြောင်းမလှိုင်မြို့ရှိ ရွှေမုဌောစေတီတော်မြတ်ကြီးသည် သာသနာသက္ကရာဇ် ၂၁၄ခုနှစ် တော်သလင်းလပြည့်ကျော် ၁ရက်၊ ဘီစီ၃၃၀တွင် တည်ထားခဲ့သည်ဟု ဘုရားသမိုင်းအရလည်းကောင်း၊ပုဂံပြည့်ရှင် ပထမမင်းဖြစ်သော သမုဒ္ဒရာဇ်မင်းမတိုင်မီကပင် မလှိုင်မြို့ ပြူကန်ရွာတွင် ပြူတို့ကျေးရွာတည်နေထိုင်ခဲ့ကြောင်းကို မလှိုင်မြို့နယ်၏ ကျေးရွာများမှာ ဆည်ထိပ်ကျေးရွာ ရွှေစာပင်စေတီတော် အထောက်အထားအရလည်းကောင်း၊မလှိုင်ရွာရှိ ပုပ္ပရတနာဦးစေတီတော် လောကဉာဏ်ထွန်းလင်း ရုပ်ပွားတော်မြတ်ကြီးအကြောင်း ကမ္မည်းရေးထိုးထားသည့် ကြေးသွန်းခေါင်းလောင်းကြီးတွင် ၁၁၆၃ခနှစ် တန်ခူးလပြည့်ကျော်၁ရက်၊ တနင်္ဂနွေနေ့တွင် ရေစက်သွန်းချခဲ့ကြောင်း အထောက်အထားမျာူအရ မလှိုင်မြို့သည် ရှေးယခင်ကပင် ရွာအဖြစ်တည်ရှိခဲ့ကြောင်း သိနိုင်သည်။ ဆရာတော် ဦးတိလောက ပြန်ဆိုသော ပရိယတ္တိစာတမ်းတွင် မြို့ပိုင်ရုံးစိုက်ရာ ယခုမြို့သည် ရှေးမြန်မာမင်းများလက်ထက်ကပင် မြို့ဟုခေါ်ခဲ့ကြောင်း တွေ့ရသည်။ ထိုစဉ်က မလှိုင်မှာ မြို့ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၁၇၀ခန့် ဘိုးတော်ဘုရားလက်ထက်က ရွာတစ်ရွာသာဖြစ်ကြောင်း ရှေးဟောင်း ခေါင်းလောင်းတစ်ခုက ဖော်ပြသည်ဟု ရေးသားထားပြန်သည်။ ထို့အပြင် ပန်းအိုင်ရွာမှ ဆရာကြီးဦးမြင့်ဦး၏ လေ့လာမှုအရ မလှိုင်၊ပန်းလှိုင်၊ပန်းအိုင်ရွာညီနောင်များသည် နိဂုံးများဖြစ်ကာ မြန်မာဘုရင်များလက်ထက်ကပင် ပန်းတလဲ(ပင်းတလဲ)စီရင်စုလက်အောက်တွင် ထားရှိကာ ပင်းတလဲမြို့ဝန်က အုပ်ချုပ်ခဲ့သည်။ ရွှေမုဌောဘုရားအနီးတွင် ပန်းများလှိုင်နေရာမှ ပန်းလှိုင်ဟုခေါ်တွင်ရာမှ နောင်တွင် မလှိုင်ဟု အမည်တွင်လာခဲ့သည်။၁၉၇၅ခုနှစ် ဇူလိုင်၁၅ရက်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ မြို့အဖြစ် သတ်မှတ်ခဲ့သည်။[၂] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၅မိနစ်နှင့် ၂၁ဒီဂရီ ၀၀မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၅မိနစ်နှင့် ၉၅ဒီဂရီ ၅၀မိနစ်အကြားတွင် တည်ရှိသည်။ဧရိယာစတုရန်းမိုင် ၄၂၈.၇တုရန်းမိုင် ကျယ်ဝန်းသည်။[၂] နယ်နိမိတ်မလှိုင်မြို့နယ်၏ အရှေ့ဘက်တွင် ဝမ်းတွင်းမြို့နယ်၊တောင်ဘက်တွင် မိတ္ထီလာမြို့နယ်၊အနောက်ဘက်တွင် တောင်သာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ မြောက်ဘက်တွင် တောင်သာမြို့နယ်၊နွားထိုးကြီးမြို့နယ်များ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ပင်လယ်ရေမျက်နှာပြင်အထက် ပေ၉၀၀အထက်တွင် တည်ရှိသည်။မြို့နယ်၏ မြောက်ပိုင်းတွင် ညီညာပြန့်ပြူးသော ယာမြေများ၊အရှေ့ပိုင်းတွင် ကျောက်စရစ်ကုန်းမြေများ၊ ဆပ်ပြာမြေများ၊တောင်ဘက်ပိုင်းတွင် လျိုမြောင် ချေက်ကမ္ဘားများ၊အနောက်ပိုင်းတွင် ပုပ္ပါးတောင်နှင့် ထိစပ်နေသော တောင်တန်းများ တည်ရှိသည်။ မလှိုင်မြို့၏ တောင်ဘက်ပိုင်းမှစတင်၍ နိမ့်ဆင်းသွားသော မျက်နှာပြင်ကြောင့် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ရေများ စီးဆင်းသွားသည်။ လူဦးရေမလှိုင်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်းနှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၀၃%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယလူမျိုးများဖြစ်သည်။ စီးပွားရေးမလှိုင်မြို့နယ်သည် မန္တလေးတိုင်းအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ နှမ်း၊ပြောင်း၊ပဲစဉ်းငုံ၊ပဲနှောက်၊မြေပဲ၊ကြက်သွန်၊ ထန်းလျက်နှင့် မလှိုင်ဝါများဖြစ်ကာ ရန်ကုန်တိုင်းသို့ အများဆုံး တင်ပို့ရောင်းချသည်။ နိုင်ငံပိုင် ဝါကြိတ်စက်ရုံ၊ ပုဂ္ဂလိကပိုင် အလုပ်ရုံ၂ရုံ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ၁၇၂ခု တည်ရှိသည်။ ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးမလှိုင်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ တိုင်းအတွင်းမြို့နယ်များနှင့်သာ ထိစပ်နေသော ကုန်းပိတ်မြို့နယ်တစ်ခုဖြစ်ကာ ကုန်းလမ်းဖြင့်သာ သွားလာနိုင်သည်။ မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်း၊ မြင်းခြံ-မိတ္ထီလာလမ်းတို့ ဖြတ်သန်းသွားကာ မြို့နယ်၏ အရှေ့ဘက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အနည်းငယ်ဖြတ်သန်းသွားသည်။ ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၇ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၄၈ကျောင်းရှိသည်။ •အမက လယ်ဗျား •အမက ဖိုးကြွယ် •အမက ခေါင်းတောကုန်း •အမက ရေပေါ် •အမက သဘွတ်ရုံ •အမက မိတ်ကုန်း •အမက လျှော်ကန် ကျန်းမာရေး
ကိုးကား
|
Portal di Ensiklopedia Dunia