ကွင်းပိုင်အဘိုး

ရေငံပိုင် ဦးရှင်ကြီးနတ်ကဲ့သို့ပင် ရေငံဒေသပင်လယ်ပိုင်း၌ ထင်ရှားသော နတ်တစ်ပါးဖြစ်သည်။

လူ့ဘဝက မုဆိုးတံငါအလုပ်ဖြင့် အသက်မွေးသူ ဖြစ်သည်။ ရပ်ရွာ၌ နတ်ကနားပွဲများ ပေးသောအခါ ယင်းအတွက် တစ်ပွဲသတ်သတ် တင်မြှောက်ကြရသဖြင့် လူ့ဘဝကပင် သူ့ကို တစ်ပွဲစားကြီးဟူ၍ ကျော်ကြားခဲ့သူပင် ဖြစ်သည်။ တစ်နေ့သောအခါ နောက်ပါလူများနှင့် အမဲပစ်ရန် တောသို့သွားကြစဉ် နောက်ပါလူများ ရှေ့မှာပင် ပျောက်သွားပြီး နတ်ဖြစ်သွားသည်ဟု ဒေသခံများ၏ အစဉ်အဆက် ပြေကြသည်ကို မှတ်သားရဘူးသည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ ပင်လယ်ပိုင်း၌ ရေလမ်းခရီးသွားကြသူများနှင့် ရေလုပ်ငန်းဖြင့် အသက်မွေးကြသူများသည် အဘိုးအား အထူးအားကိုးအားထားပြုကာ တင်မြှောက်ပသလေ့ရှိကြသည်။

ရေငံပိုင် ဦးရှင်ကြီးကို ဆွမ်းတင်မြှောက်ကြသော အခါတွင်လည်း အဘိုးအတွက် အောင်ပွဲတစ်ပွဲ သတ်သတ်တင်မြှောက်ပသ ရသည်။ ယင်းသို့ အဘိုးကို တင်မြှောက်သောအခါ အဘိုး...အဘိုး...အဘိုး...ဟု ကျယ်လောင်စွာ သုံးကြိမ်အော်ခေါ်ပြီး တင်မြှောက်ကြကြောင်း သိရသည်။ ထိုသို့ အော်ခေါ်ပြီး တင်မြှောက်ရခြင်းမှာလည်း အဘိုးသည် အသက်ကြီး၍ နားလေးသောကြောင့် ဖြစ်သည်ဟု သိရသည်။ []

ကိုးကား

  1. အောင်ခင်စိုး ရေး နတ်နှင့်လူ ဆက်ဆံရေးနည်းများ၊ ၂၀၀၁-ခုနှစ်၊ ပထမအကြိမ်၊ စာ-၉၉
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya