မြနန်းနွယ်မြနန်းနွယ် သည် ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် တွင် တည်ရှိသည်။[၁] သူမအား တစ်ထီးတစ်နန်းဖြင့် ကျောင်းဆောင်ဆောက်ကာ ထားရှိထားပြီး ဘုရားဒါယကာမကြီးတစ်ဦးအဖြစ်လည်းကောင်း၊သိုက်နန်းရှင်တစ်ဦးအဖြစ်လည်းကောင်း သက်ဝင် ယုံကြည်ကြ၍ လူသိများသည်။ ထိုင်းလူမျိုးများအကြားလည်း ထင်ရှားသူဖြစ်သည်။[၂] ရုပ်တုနားကပ်ပြီး တီးတိုးဆုတောင်းသည့် လူသိများသော အပြုအမှုတစ်ခုကိုလည်း ခံယူရသည်။[၃] ငယ်ဘဝမြနန်းနွယ်ကို ၁၈၉၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ သူမသည် စော်ဘွား၏သားမြေးဖြစ်ပြီး ချမ်းသာနှင့် နန်းခမ်းတို့၏သမီးဖြစ်သည်။ အသက် ၁၅ နှစ်အရွယ်တွင် အိန္ဒိယတွင် ပညာသင်ကြားခဲ့ပြီး ၁၉ ၂၆ ခုနှစ်တွင် B.A ဖြင့် ဘွဲ့ရခဲ့သည်။[၄] မိုးကုတ်မြို့မှ ဂုဏ်သရေရှိသူများသည် သူမအား လက်ထပ်ချင်သော်လည်း ငြင်းပယ်ခဲ့သည်ဟုဆိုသည်။ ငယ်ငယ်ကတည်းက အသားမစားဟုလည်းဆိုကြသည်။ ၁၉၄၂ ခုနှစ်တွင် သူမ၏ အိပ်မက်ထဲတွင် အဖြူရောင် ဝတ်စုံဝတ် အဘိုးကြီး က သူမအား သာသနာပြုအဖြစ် ရန်ကုန်သို့ ပြောင်းရွှေ့သင့်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ဗိုလ်တထောင်ဘုရားလမ်းသို့ ပြောင်းရွှေ့ကာ ဗိုလ်တထောင်ဘုရားကို နေ့စဉ် သွားရောက်ခဲ့သည်။ အစိမ်းရောင်အဝတ်အစားကို အမြဲဝတ်ဆင်ထားသည်ဟုလည်းပြောကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း ပျက်စီးသွားသည့် ဗိုလ်တစ်ထောင်စေတီတော်အား ပြန်လည်တည်ဆောက်ခြင်းအပါအဝင် ဘာသာရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းခဲ့သည်ဟု မှတ်ယူကြသည်။ [၅] [၆] ကွဲပြားသည့် မှတ်တမ်းအချို့![]() ![]() ![]()
မြနန်းနွယ်အား ဗိုလ်တထောင်ဆံတော်ဦးစေတီတော်တွင်သာမဟုတ်၊ လှိုင်သာယာရှိ ရှေးဟောင်းရွှေရင်အေး စေတီတော်၌ လည်းကောင်း၊ အောင်မြေသာယာရွှေစေတီတွင် လည်းကောင်း၊ သန်လျင်မြို့ရှိ မွေ့လွန်းရှင်စေတီတော်တွင်လည်းကောင်း မြနန်းနွယ်နတ်နန်း တွေ့ရှိရသည်။ ယုံကြည်ပသခြင်းမြနန်းနွယ်သည် ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလတွင် မိုးကုတ်မြို့တွင် နာတာရှည် ပန်းနာရင်ကျပ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ကွယ်လွန်ပြီးနောက်ပိုင်း မြနန်းနွယ်သည် ယုံကြည်ပသခံရသူတစ်ဦးဖြစ်လာသည်။ [၇] ၁၉၉၀ ခုနှစ်အရောက်တွင် သူမ၏ ဘုရားကန်တော့်နေဟန်ရုပ်တုကို ထိုစဉ်ကာလ လက်ထက်က ဗိုလ်တစ်ထောင်စေတီတော်၏ ဂေါပကတစ်ဦးဖြစ်သူ ဦးအောင်ဆုက ကြီးကြပ်ထုလုပ်ခဲ့သည်။ သူမ၏ အကြောင်းအားလည်း စာအုပ်ထုတ်ဝေခဲ့သည်။စာအုပ်ထဲတွင် သူမပိုင်ဆိုင်သော ကျောက်မျက်ရတနာများအား စေတီတော်အတွက် ရက်ရောစွာလှူဒါန်းခဲ့သည်ဟု ဖော်ပြထားသည်။[၈] ထိုနောက်ပိုင်းမှ စပြီး မြနန်းနွယ်သည် ပူဇော်ပသမှုကို ခံယူသူဖြစ်လာခဲ့သည်။အထူးသဖြင့် ပညာရေးကိစ္စပိုင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခံနီးအချိန်တွင် ကန်တော့ပွဲများ လာရောက်ထိုးသူ အထူးများပြားသည်။ [၉]အရောင်းအဝယ်အလုပ်အကိုင်၊ စီးပွားရေးဆိုင်ရာကိစ္စများ၊သိုက်ပိုင်းဆိုင်ရာကိစ္စများ အပြင် အိမ်ထောင်ပြု သားမွေး အတွက်လည်း ကန့်တော့ပွဲထိုးကြသည်။ [၁၀]ဝါတွင်း(၃)လကာလရောက်တိုင်း သူမကို သီလရှင်ဝတ်ပေးကြသည်။[၁၁] နှစ်စဉ် မွေးနေ့ရောက်တိုင်း မွေးနေ့ပွဲလည်းကျင်းပပေးကြသည်။ [၁၂] ကိုးကား
|
Portal di Ensiklopedia Dunia