ခင်ခင်ထွေး (အပြေးမယ်)
(ေဒါ်ခင်ခင်ထွေး (၁၉၆၇ - ၂၀၂၁) သည် မြန်မာ့ဂုဏ်ဆောင် အပြေးမယ်တစ်ဦးဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှ ရွှေတံဆိပ်၂၈ဆုရှင် ဖြစ်သည်။[၂]အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ခုအထိရယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲပေါင်းစုံတွင် ရွှေတံဆိပ် ၂၈ခုရရှိထားသူဖြစ်သည်။အိုလံပစ် အားကစားပွဲတော်တွင်လည်း ၁၉၈၈ဆိုလ်းပွဲတော်၊ ၁၉၉၂ဘာစီလိုနာပွဲတော်၊ ၁၉၉၆အတ္တလန္တာပွဲတော်တို့တွင်တို့တွင် ၃ကြိမ်ဆက်တိုက် နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မီတာ ၁၅၀၀နှင့် ၃၀၀၀တို့တွင် စံချိန်တင်နိုင်ခဲ့သူလည်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြောငြာစာအမှတ် (၁၂/၂၀၂၃) ဖြင့် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ အဆိုပါဘွဲ့တံဆိပ်ရရှိသူများအား အောက်တွင် လင့်ခ်ဖော်ပြပေးထားပါသည်။ မှတ်တမ်းများ![]()
ကွယ်လွန်ခြင်းဒေါ်ခင်ခင်ထွေးသည် အသဲကင်ဆာရောဂါအား ကုသနေရင်း ၂၀၂၁ခုနှစ် စက်တင်ဘာ ၃၀ရက်နေ့ည ၁၁နာရီကျော်တွင် ကွယ်လွန်ခဲ့သည်။[၃] ကိုးကား
ဝဏ္ဏကျော်ထင်ဘွဲ့၊ မြန်မာ့အလင်း သတင်းစာ/စာမျက်နှာ ၁၂/Ref:https://www.mdn.gov.mm/newspaper/public/ebooks/read/8286#12 4 February 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . |
Portal di Ensiklopedia Dunia