အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Southeast Asian Games) အတိုကောက်အားဖြင့် ဆီးဂိမ်းသည် အဖွဲ့ဝင်နိုင်ငံများမှ ၂ နှစ်တစ်ကြိမ် အလှည့်ကျကျင်းပသည့် အားကစားပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး အရှေ့တောင်အာရှဒေသ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစား လက်ရွေးစင်များ ပါဝင်ဆင်နွှဲကြသည်။ ဆီးဂိမ်းကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် (Southeast Asian Games Federation) မှ ထိန်းသိမ်းကွပ်ကဲကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (International Olympic Committee, IOC) နှင့် အာရှ အိုလံပစ် ကောင်စီ (Olympic Council of Asia) တို့မှ ကြီးကြပ်သည်။ သမိုင်းကြောင်းအရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏မူလအမည်မှာ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲဖြစ်သည်။ ထိုပွဲတော်များမတိုင်မီအချိန်က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအားဖိတ်ခေါ်ကာအားကစားပြိုင်ပွဲများကျင်းပခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အကြံရလာပြီးဒေသတွင်းပြိုင်ပွဲတစ်ခုရှိလာရန်စဉ်းစားမိသည်။၁၉၅၈ ခုနှစ် မေလ ၂၂ ရက်နေ့ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ၃ ကြိမ်မြောက် အာရှအားကစားပွဲတော်တွင် အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေသဆိုင်ရာ အားကစားအဖွဲ့အစည်း ရှိသင့်သည်ဟု စဉ်းစားခဲ့ကြသည်။ ထို့နောက် ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ (Southeast Asian Peninsular Games) ဆိုသည့် အမည်ကို ရွေးချယ်အတည်ပြုပေးခဲ့သည်။ဤပွဲသည် ဒေသတွင်း နိုင်ငံများ၏ အားကစားပွဲတော်ဟု ဆိုသော်လည်း ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်း တည်ငြိမ်ရေး စသည်တို့အတွက်လည်း ရည်ရွယ် ကျင်းပကြခြင်း ဖြစ်သည်။ဤပြိုင်ပွဲများမှ အစပြုပြီး အာရှအားကစားပွဲတော်၊ အိုလံပစ် အားကစားပွဲတော် စသည့် ကမ္ဘာ့ပြိုင်ပွဲများသို့ တက်လှမ်းယှဉ်ပြိုင်နိုင်ခွင့် ရရှိနိုင်သည့် အခွင့်အလမ်းများလည်း တည်ရှိနေသေးသည်။ ထိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ တောင်ဗီယက်နမ်၊ ကမ္ဘောဒီးယား တို့က အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEA Games) ဖြစ်လာမည့် SEAP တည်ထောင်သူနိုင်ငံ၆နိုင်ငံ ဖြစ်လာကြပြီး အားကစားပွဲတော်ကို ၂ နှစ်တစ်ကြိမ် ကျင်းပရန် ၁၉၅၉ခုနှစ် ဇွန်လတွင် ဆုံးဖြတ်ခဲ့ကြသည်။ ပထမဦးဆုံးသော ပွဲတော်ကို ဘန်ကောက်မြို့၌ ၁၉၅၉ ခုနှစ်တွင် ကျင်းပခဲ့ပြီး မြန်မာ၊ ထိုင်း၊ မလေး၊ စင်္ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အားကစားအမျိုးအစားပေါင်း ၁၂ ခုတွင် အားကစားသမားပေါင်း ၅၂၇ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ဤပထမဆုံးပွဲတော်တွင် ကနဦး၆နိုင်ငံမှကမ္ဘောဒီးယားနိုင်ငံမပါဝင်နိုင်ခဲ့ပဲဒုတိယအကြိမ် ရန်ကုန်ပွဲတော်တွင်မှသာ ပါဝင်လာသည်။ ကနဦး၆နိုင်ငံမဟုတ်ပဲ ကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်သော ဗြိတိသျှလက်အောက်ခံစင်ကာပူနိုင်ငံပါဝင်လာသည်။ ၁၉၇၁ခုနှစ်ပွဲတော်တွင် ဖိလစ်ပိုင်၊ဘရူနိုင်းနှင့် အင်ဒိုနီးရှားတို့အားပါဝင်ဆင်နွှဲနိုင်ရန်အိမ်ရှင် မလေးရှားမှအကြံပြုသော်လည်းထိုင်းနိုင်ငံမှလက်မခံခဲ့ပေ။၁၉၇၅ခုနှစ်၈ ကြိမ်မြောက် အားကစားပွဲတော်တွင်နိုင်ငံရေးအခြေအနေများကြောင့်နိုင်ငံ၄နိုင်ငံသာပါဝင်နိုင်ခဲ့၍ထိုအခါမှသာဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကို အဖွဲ့ဝင်အဖြစ် လက်ခံရန် စဉ်းစားခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်၌ ထို ၂ နိုင်ငံကို ပါဝင်ယှဉ်ပြိုင်ခွင့် ပြုပေးခဲ့သည်။ ထိုနှစ်တွင်ပင် SEAP အဖွဲ့ချုပ်က အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် (Southeast Asian Games Federation - SEAGF) ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယင်းပွဲတော်ကို ဆီးဂိမ်း ဟု လူသိများလာခဲ့သည်။ အရှေ့တီမောကို ၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် ၂၂ ကြိမ်မြောက်ပွဲတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်လာသည့် နိုင်ငံများက ပူးပေါင်းကျင်းပလာခဲ့သည့် အရှေ့တောင်အားရှ အားကစားပွဲတော်ဖြစ်သည့် ဆီးဂိမ်းကို ကျင်းပလာခဲ့သည်မှာ၂၀၁၉ခုနှစ်တွင် နှစ်၆၀တိုင်ရှိပြီ ဖြစ်သကဲ့သို့ ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ပွဲတော်မှာ အကြိမ် ၃၀မြောက် ပွဲတော်လည်း ဖြစ်သည်။ ၂၀၁၉ နယူးကလပ်ပွဲတော်အပြီးတွင်ထိုင်းနိုင်ငံတွင် ၆ကြိမ်၊မြန်မာပြည်တွင် ၃ကြိမ်၊မလေးရှားတွင် ၆ကြိမ်၊စင်ကာပူတွင် ၄ကြိမ်၊အင်ဒိုနီးရှားတွင် ၄ကြိမ်၊ဖိလစ်ပိုင်တွင် ၄ကြိမ်၊ဗီယက်နမ်တွင် ၁ကြိမ်၊ဘရူနိုင်းတွင် ၁ကြိမ်နှင့်လာအိုတွင် ၁ကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့သည်။ ကမ္ဘောဒီးယားနင့် တီမောတို့မှာတစ်ကြိမ်မျှအိမ်ရှင်မဖြစ်ဖူးချေ။၁၉၆၃ခုနှစ်ပွဲတော်ကို ကမ္ဘောဒီးယားအားကျင်းပခွင့်ပေးခဲ့သော်လည်းနိုင်ငံရေးအခြေအနေများကြောင့်ပွဲပျက်ခဲ့ရသည်။၁၉၆၅ ခုနှစ် ပွဲတော်ကို လာအိုတွင် ကျင်းပခွင့် ပေးခဲ့သော်လည်း နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေ မတက်နိုင်သောကြောင့် မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ကမ္ဘောဒီးယားအနေဖြင့် ၂၀၂၃ခုနှစ်တွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ အထိမ်းအမှတ်တံဆိပ်မူလအထိမ်းအမှတ်တံဆိပ်မှာ ကွင်း၆ကွင်း ဖြစ်သည်။ မူလကနဦး၆နိုင်ငံဖြစ်သော ထိုင်း၊မြန်မာ၊မလေးရှား၊လာအို၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ ကိုကိုယ်စားပြုသည်။ ထိုတံဆိပ်ကို ၁၉၉၇၊ဂျာကာတာပွဲတော်အထိဖြစ်သည်။၁၉၉၉၊ဘန်ဒါဆရီဘီဂါဝန်ပွဲတော်တွင် ပြိုင်ပွဲဝင်နိုင်ငံ၁၀နိုင်ငံကိုကိုယ်စားပြုသော ကွင်း၁၀ကွင်း ကိုစတင်အသုံးပြုခဲ့သည်။၂၀၁၁၊ဂျာကာတာပွဲတော်တွင် ကွင်း၁၁ကွင်း တံဆိပ်ကိုစတင်အသုံးပြုခဲ့သည်။ ![]() ![]() ပါဝင်သောနိုင်ငံများ
ပွဲတော်များ
၂၀၂၃ခုနှစ်အထိ ယှဉ်ပြိုင်ကြသော နိုင်ငံများ၏ အဆင့် ရပ်တည်မှုများ
မြန်မာနိုင်ငံမြန်မာနိုင်ငံသည်ကား အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံမှတစ်နိုင်ငံဖြစ်သည်။ ထိုပွဲများမတိုင်မီက မြန်မာပြည်မှာထိုင်းနိုင်ငံအားဖိတ်ခေါ်ကာ အားကစားပွဲများကျင်းပခြင်းကြောင့်ထိုင်းနိုင်ငံဆိုင်ရာ အိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ ဖြစ်လာမည့် လန် စူကွမ်နိုင်ပရာဒစ်က အကြံရလာပြီး ဤအရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲများကိုစတင်ကျင်းပခဲ့၍ မြန်မာပြည်မှာဤအားကစားပွဲများ၏အစဟုပင်ခေါ်ဆိုနိုင်သည်။ ထိုင်းနိုင်ငံမှ ပထမဆုံးကျွန်းဆွယ်အားကစားပွဲကိုစတင်ကျင်းပပြီးနောက် နိုင်ငံအမည်များဖြင့်အလှည့်ကျကျင်းပခဲ့သည်။ ထိုစဉ်က မြန်မာပြည်မှာ "Burma"ဟူသောအမည်ဖြင့်အသုံးပြု၍ကနဦးနိုင်ငံများထဲတွင်အရင်ဆုံးလာ၍ ဒုတိယအကြိမ်မြောက်ပွဲတော်ဖြစ်သော ၁၉၆၁၊ရန်ကုန်ပွဲတော်ကိုလက်ခံကျင်းပခဲ့သည်။ ထိုစဉ်က ကနဦး၆နိုင်ငံတွင် ထိုင်း၊မြန်မာနှင့်မလာယာ(မလေးရှား)တို့သာ နိုင်ငံရေးပြေလည်နေချိန်ဖြစ်သည်။ ထို့ကြောင့်၁၉၆၉ခုနှစ်တွင်ဒုတိယအကြိမ်အိမ်ရှင်အဖြစ် ၁၉၆၉၊ရန်ကုန်ပွဲတော်ကို ကျင်းပခဲ့သည်။ နှစ်ကြိမ်စလုံးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် အများဆုံးရရှိခဲ့သည်။ ထို့နောက်တွင်မူ နိုင်ငံရေးအခြေအနေများကြောင့်အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းမရှိတော့ပေ။ အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games)အဖြစ်အမည်ပြောင်းပြီးနောက်မှသာ ပထမဆုံးအဖြစ် ၂၀၁၃၊နေပြည်တော်ပွဲတော်ကိုလက်ခံကျင်းပခဲ့သည်။နောက်ဆုံးအကြိမ် ၁၉၆၉၊ရန်ကုန်ပွဲတော်ကျင်းပပြီး ၄၄နှစ်အကြာမှသာ အိမ်ရှင်အဖြစ်ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်စုစုပေါင်း၃ကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။ ဆက်စပ်ကြည့်ရှုရန်ကိုးကား |
Portal di Ensiklopedia Dunia